- ဘူးသီးတောင် စကခ(၁၅)နှင့် တပ်ရင်း ၂ ခုကို AA သိမ်းပိုက်
- ဂျီနိုဆိုက် စကားလုံးကို လက်နက်သဖွယ် အသုံးချနေကြသည်ဟု AA ပြော
- ပုဏ္ဏားကျွန်း စစ်ဘေးရှောင်စခန်းတွင် ဝမ်းပျက်ဝမ်းလျှောဖြစ်ပြီး သေဆုံးသူ (၃) ဦးထိရှိလာ
- စစ်ကောင်စီ၏ လက်နက်နှင့်ရိက္ခာသယ်လာသည့် ယာဉ်များကို AA တားဆီးထား
- မသန့်ရှင်းသောရေကို သုံးစွဲနေရ၍ ပုဏ္ဏားကျွန်းမြို့နယ်တွင် ဝမ်းရောဂါဖြစ်နေ
အသက် ၈၀ အရွယ် ဘိုင်ဒန် ရွေးကောက်ပွဲထပ်ဝင်ရန် သတ်မှတ်ချက်များနှင့် ကိုက်ညီကြောင်း ထုတ်ပြန်
အမေရိကန်သမ္မတများအနက် အသက်အကြီးဆုံးဖြစ်သော ဂျိုးဘိုင်ဒန်သည် ၂၀၂၄ ခုနှစ်တွင် အသက် ၈၂ နှစ်ရှိမည်ဖြစ်သည်။
17 Feb 2023
လက်ရှိအသက် ၈၀ ရှိနေပြီဖြစ်သည့် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်သည် ၂၀၂၄ ခုနှစ်တွင် ကျင်းပမည့် သမ္မတလောင်းရွေးချယ်ပွဲ၌ ထပ်မံဝင်ပြိုင်ရန်အတွက် သတ်မှတ်ထားသည့် လိုအပ်ချက်များနှင့် ကိုက်ညီမှုရှိကြောင်း ဘိုင်ဒန်၏ ဆရာဝန်က ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် ကြေညာလိုက်သည်။
အများစိတ်ဝင်စားနေကြသည့် ဤဆေးစစ်ချက်၌ ဘိုင်ဒန်တွင် အသေးစား ကျန်းမာရေးလိုအပ်ချက်များ ရှိနေသော်လည်း ကြီးကြီးမားမား ရုပ်ပိုင်းစိတ်ပိုင်း ချွတ်ယွင်းချက်မရှိကြောင်း ဖော်ပြထားသည်။
အမေရိကန်သမ္မတများအနက် အသက်အကြီးဆုံးဖြစ်သော ဂျိုးဘိုင်ဒန်သည် ၂၀၂၄ ခုနှစ်တွင် အသက် ၈၂ နှစ်ရှိမည်ဖြစ်သည်။
ဘိုင်ဒန်သည် ၂၀၂၄ တွင် သမ္မတလောင်းနေရာကို ထပ်မံ ယှဉ်ပြိုင်မည်ဟု မကြေညာသေးသော်လည်း မကြာမီအတွင်း ကြေညာသွားမည်ဟု ယူဆရကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ဘိုင်ဒန်သည် သမ္မတသက်တမ်း ၂ နှစ်တာကျော်လွန်လာချိန်၌ နိုင်ငံရေးစံနှုန်းအရ တန်ဖိုးကြီးမားသည့် လုပ်ရပ်များ ဖြစ်သော ကိုဗစ်ကပ်ဘေးကို ကျော်ဖြတ်နိုင်ခြင်း၊ အာဖဂန်နစ္စတန်ရှိ အမေရိကန်စစ်ကို အဆုံးသတ်နိုင်ခဲ့ခြင်း၊ ရုရှား၏ ယူကရိန်းကျူးကျော်စစ်ကို အနောက်နိုင်ငံများနှင့် လက်တွဲကာ ဆန့်ကျင်ခဲ့ခြင်း စသည်တို့ကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့သည်။
အခြားတစ်ဘက်တွင်လည်း သူသာ သမ္မတရွေးကောက်ပွဲ ထပ်ဝင်ပြိုင်မည်ဆိုပါက ထိုအချိန်တွင် ၈၂ နှစ်ရှိနေမည်ဖြစ်သဖြင့် သူ၏ အသက်အရွယ်ကို မေးခွန်းထုတ်စရာ ဖြစ်နေသည်။ ထို့ပြင် ရီပါပလစ်ကန်တို့ စောင်းပါးရိပ်ခြည် ပြောနေကျဖြစ်သည့် ‘သူသည် စိတ်ပိုင်းဆိုင်ရာအရ သမ္မတဖြစ်ရန် လိုအပ်ချက်မပြည့်မီ’ ဆိုသော အချက်ကလည်း သူ့အတွက် ကျော်ဖြတ်ရမည့် ကြီးမားသည့် အခက်အခဲဖြစ်သည်။
ရီပါပလစ်ကန် ပါတီဘက်ခြမ်းတွင်မူ လတ်တလော၌ ဘိုင်ဒန်၏ ပြိုင်ဘက်ဖြစ်လာနိုင်ခြေရှိသူ အဖြစ် တစ်ပြေးနေသည်မှာ ယခင်သမ္မတဟောင်း ဒေါ်နယ်ထရမ့်ဖြစ်သည်။