- စစ်ဘေးရှောင်များကို ငွေပေးပြီး စစ်သင်တန်းတက်ရန် ALP စည်းရုံးနေ
- ICC ဒဏ်ခတ်အရေးယူခဲ့သည် Trump အစိုးရအဖွဲ့ကို Fortify Rights တရားစွဲ
- ပုသိမ်က ပြည်သူ့စစ်သင်တန်းဆင်းများကို စစ်တွေသို့ ပို့နေ
- ဘင်္ဂလားဒေ့ရှ် ပြုပြင်ပြောင်းလဲရေးကြောင့် အစ္စလာမစ်အမာခံတွေ အတွက် လမ်းစပွင့်လာ
- "ဖေဖေ ဘယ်တော့ပြန်လာမလဲ သားသမီးတွေကမေးနေတော့ ကျမမှာ ဒီမေးခွန်းအတွက် အဖြေမရှိဘူး"
အမေရိကန်တွင် အသက် ၅ နှစ်နှင့် ၁၁ နှစ်ကြား ကလေးများအတွက် ဖိုင်ဇာကိုဗစ်ကာကွယ်ဆေး ထိုးနှံခွင့်ပြု
အမေရိကန်ပြည်ထောင်စုတွင် အသက် ၅ နှစ်မှ ၁၁ နှစ်အထိ ကလေးငယ်များအတွက် ထိုးနှံရန် ဖိုင်ဇာ ကိုဗစ်ကာကွယ်ဆေးကို အသုံးပြုနိုင်ကြောင်း သောကြာနေ့တွင် အတည်ပြုလိုက်ပြီဟု အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
01 Nov 2021

DMG ၊ နိုဝင်ဘာ ၁
အမေရိကန်ပြည်ထောင်စုတွင် အသက် ၅ နှစ်မှ ၁၁ နှစ်အထိ ကလေးငယ်များအတွက် ထိုးနှံရန် ဖိုင်ဇာ ကိုဗစ်ကာကွယ်ဆေးကို အသုံးပြုနိုင်ကြောင်း သောကြာနေ့တွင် အတည်ပြုလိုက်ပြီဟု အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ဤအတည်ပြုချက်ကြောင့် အမေရိကန်နိုင်ငံတစ်ဝန်းရှိ ကလေး ၂၈ သန်းသည် မကြာမီတွင် ဖိုင်ဇာကာကွယ်ဆေး ထိုးနှံခွင့် ရကြတော့မည် ဖြစ်သည်။
ဆေးဘက်ဆိုင်ရာ အဆင့်မြင့်အကြံပေးအဖွဲ့က ဤဆေးထိုးနှံခြင်းမှ ရရှိမည့် အကျိုးကျေးဇူးက ဘေးထွက်ဆိုးကျိုး ရှိနိုင်ခြေထက် အပြတ်အသတ်ပိုသာနေကြောင်း အစိုးရအဖွဲ့ကို အကြံပြုပြီးနောက်တွင် ယခုကဲ့သို့ ဖိုင်ဇာဆေးကို အတည်ပြုလိုက်ခြင်း ဖြစ်သည်။
ကလေးငယ်များအား ကိုဗစ်ကာကွယ်ဆေး ထိုးနှံခွင့်ပြုသည့် နိုင်ငံအရေအတွက်မှာ အနည်းငယ်သာရှိပြီး အဆိုပါစာရင်းတွင် အမေရိကန်၊ တရုတ်၊ ချီလီ၊ ကျူးဘားနှင့် အာရပ်စော်ဘွားများပြည်ထောင်စု (UAE) တို့ ပါဝင်သည်။
ကလေးသူငယ်များကိုပါ ကာကွယ်ဆေး ထိုးနှံနိုင်ရေး ကြိုးပမ်းလျက်ရှိသည့် အမေရိကန်အစိုးရသည် ကိုဗစ်ကာကွယ်ဆေး သန်း ၅၀ ထပ်တိုးဝယ်ယူထားကြောင်း ဖိုင်ဇာနှင့် မိတ်ဖက်ကုမ္ပဏီ BioNTechတို့က ယခုသီတင်းပတ်အတွင်း ထုတ်ပြန်ခဲ့သည်။
သို့သော် ကျွမ်းကျင် ပညာရှင်များအစည်းအဝေး တစ်ရပ်ကျင်းပခဲ့ပြီးနောက် အမေရိကန် အစားအစာနှင့် ဆေးဝါးစီမံခန့်ခွဲရေး ဌာနအား ကာကွယ်ဆေးထိုးနှံမှုကို မဖြစ်မနေ လိုက်နာရမည့်စည်းကမ်း မသတ်မှတ်ရန် တောင်းဆိုထားသည်။
ထိုအစား ဆေးထိုး မထိုးဆိုသည်မှာ ကလေးငယ်၏ အခြေအနေနှင့် မိသားစု၏ ဆုံးဖြတ်ချက်အပေါ်တွင်သာ မူတည်သင့်ကြောင်း အဆိုပါအုပ်စုက ပြောသည်။
ပြင်းထန်ကိုဗစ်ရောဂါသည် ကလေးသူငယ်များတွင် လူကြီးများလောက် ပမာဏအများအပြား ကူးစက်မှုမရှိပေ။
အမေရိကန်နိုင်ငံတစ်ဝန်းတွင် ကိုဗစ်ကပ်ဘေး စတင်ချိန်မှ လက်ရှိအထိ ဆေးရုံတက် ကုသမှု ခံယူခဲ့ရသူ အသက် ၅ နှစ်မှ ၁၁ နှစ်အကြား ကလေးစုစုပေါင်း ၈၃၀၀ ရှိကြောင်း အမေရိကန် ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဌာန (CDC) ၏ ထုတ်ပြန်ချက်အရ သိရသည်။ ၎င်းတို့အနက် သေဆုံးသူစုစုပေါင်းမှာ ၁၄၆ ဦးရှိသည်။