- ရမ်းဗြဲရောက် စစ်ဘေးရှောင် တစ်သောင်းကျော် အရေးပေါ်အကူအညီ လိုအပ်နေ
- လက်နက်ကြီးကျ၍ ဂွဒေသခံအမျိုးသမီး တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ
- ကမ္ဘာတွင် မြေမြှုပ်မိုင်းအန္တရာယ် အဆိုးဆုံးဖြစ်လာသော မြန်မာနိုင်ငံ
- နပခဌာနချုပ်ထဲတွင် အကျဉ်းသားနှင့် အရပ်သား ၄၀၀ ခန့် ချုပ်နှောင်ခံထားရ
- မြန်မာ၏အပြုအမူသည် အာဆီယံ၏ အချက်အချာကျမှုကို ထိခိုက်စေနိုင်ကြောင်း စင်ကာပူကာကွယ်ရေးဝန်ကြီး ပြော
ကမ္ဘာတစ်ဝန်း သတင်းသမားများ ဖမ်းဆီးထောင်ချခံရမှု ၂၀၂၁ တွင် မြင့်တက်
ကမ္ဘာတစ်ဝန်းတွင် အကျဉ်းကျနေသော သတင်းသမားအရေအတွက်သည် ၂၀၂၁ ခုနှစ်၌ မြင့်တက်ခဲ့ကြောင်း သတင်းသမားများ အကာအကွယ်ပေးရေး ကော်မတီ (CPJ) က ထုတ်ပြန်သည့် အစီရင်ခံစာသစ် တစ်စောင်၌ ဖော်ပြထားသည်။
10 Dec 2021
ကမ္ဘာတစ်ဝန်းတွင် အကျဉ်းကျနေသော သတင်းသမားအရေအတွက်သည် ၂၀၂၁ ခုနှစ်၌ မြင့်တက်ခဲ့ကြောင်း သတင်းသမားများ အကာအကွယ်ပေးရေး ကော်မတီ (CPJ) က ထုတ်ပြန်သည့် အစီရင်ခံစာသစ် တစ်စောင်၌ ဖော်ပြထားသည်။
ယခုနှစ်အတွင်း ဒီဇင်ဘာလ ၁ ရက်နေ့အထိ အကျဉ်းချခံထားရသော သတင်းသမားအရေးအတွက်သည် တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် ၂၉၃ ဦးရှိကြောင်း အစီရင်ခံစာအရ သိရသည်ဟု ရိုက်တာသတင်းတွင် ဖော်ပြသည်။
တရုတ်နိုင်ငံသည် အကျဉ်းချခံရသော သတင်းသမား အရေအတွက် ၅၀ ဦးဖြင့် ထိပ်ဆုံး၌ရှိနေပြီး ဒုတိယလိုက်သည့်နိုင်ငံမှာ မြန်မာဖြစ်ကာ အကျဉ်းကျနေသောသတင်းသမား ၂၆ ဦးရှိသည်။ မြန်မာနောက်၌ အီဂျစ်က ၂၅ ဦး၊ ဗီယက်နမ်၌ ၂၃ ဦးနှင့် ဘယ်လာရုနိုင်ငံတို့၌ ၁၉ ဦး ရှိကြသည်။
သတင်းထောက်များ အကျဉ်းချခံရခြင်းသည် နိုင်ငံအလိုက် ပုံစံကွဲပြားမှုများ ရှိနေသော်လည်း စံချိန်တင်အရေအတွက်အထိ ရှိနေခြင်းမှာ ကမ္ဘာအနှံ့ နိုင်ငံရေး မငြိမ်သက်မှုများ၊ လွတ်လပ်စွာ သတင်းတင်ပြခွင့်ကို တင်းတင်းမာမာတုံ့ပြန်မှုများကို ထင်ဟပ်နေခြင်းဖြစ်ကြောင်း အမေရိကန်အခြေစိုက် CPJ အဖွဲ့၏ ဖော်ပြချက်အရ သိရသည်။
“ကမ္ဘာတစ်ဝန်းတွင် သတင်းသမားများ အကျဉ်းချခံရသည့် အရေအတွက် မြင့်တက်နေသည်မှာ ယခုနှစ်အထိဆိုလျှင် ခြောက်နှစ်ဆက်တိုက် ရှိနေပြီဖြစ်” ကြောင်း CPJ ၏ အမှုဆောင်ညွှန်ကြားရေးမှူး ဂျိုဝဲလ်ဆိုင်မွန်က ထုတ်ပြန်ချက်တစ်ရပ်တွင် ထည့်သွင်းဖော်ပြထားသည်
“ဤကိန်းဂဏန်းများက ညွန်ပြနေသည့် ခွဲထုတ်မရသော စိန်ခေါ်မှုနှစ်ရပ်ရှိသည်။ အစိုးရများသည် သတင်းအချက်အလက်များကို ထိန်းချုပ်ပြီး ကိုင်တွယ်စီမံရန် ဆုံးဖြတ်ထားခြင်းနှင့် ထိုသို့ ပြုလုပ်နိုင်အောင် အားထုတ်မှုတွင် မျက်နှာပြောင်တိုက်ပြီး ဆောင်ရွက်လာခြင်းတို့ဖြစ်သည်” ဟု သူက ပြောသည်။
သတင်းသမား အနည်းဆုံး ၂၄ ဦးသည် ၎င်းတို့၏သတင်းကြောင့် သတ်ဖြတ်ခံခဲ့ရပြီး ၁၈ ဦးမှာ ပစ်မှတ်ထားသတ်ဖြတ်ခံရခြင်းဟု ယတိပြတ်ဆုံးဖြတ်ရန် ခက်ခဲသည့် အနေအထားမျိုး၌ သတင်းရယူနေစဉ် သေဆုံးခဲ့ရခြင်း ဖြစ်သည်ဟု CPJ က ကြာသပတေးနေ့ ထုတ်ပြန်သည့် သတင်းလွတ်လပ်ခွင့်နှင့် မီဒီယာတိုက်ခိုက်ခံရမှုများ တစ်နှစ်တာစစ်တမ်းတွင် ဖော်ပြထားသည်။