- စစ်ဘေးရှောင်သည့် တောင်ကုတ်မြို့ခံ ၄၀ ခန့်ကို စစ်ကောင်စီ ဖမ်းဆီးထား
- ကြက်ဥ ဈေးကောင်းရနေသော်လည်း ကြက်မွေးမြူရေးလုပ်ငန်း ရပ်တည်ရခက်ခဲလာ
- စစ်တွေမြို့တွင် 92 တစ်လီတာ ငွေကျပ်ငါးသောင်းထိ ဈေးမြင့်တက်နေ
- ရမ်းဗြဲရောက် စစ်ဘေးရှောင် တစ်သောင်းကျော် အရေးပေါ်အကူအညီ လိုအပ်နေ
- လက်နက်ကြီးကျ၍ ဂွဒေသခံအမျိုးသမီး တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ
မြန်မာ့ရွေးကောက်ပွဲ အစီအစဉ်သည် အာဆီယံဘက်က ထပ်တိုး အားစိုက်ဆောင်ရွက်ရန် လိုအပ်မှုကို ပြသနေခြင်းဟု အမေရိကန် ပြော
မြန်မာစစ်ဗိုလ်ချုပ်ကြီးများ ထုတ်ပြန်လိုက်သည့် ၂ နှစ်အတွင်း ရွေးကောက်ပွဲကျင်းပမည့် အစီအစဉ်သည် အချိန်ဆွဲသည့်လုပ်ရပ်သာ ဖြစ်ပြီး အရှေ့တောင်အာရှ နိုင်ငံများအနေဖြင့် ဗိုလ်ချုပ်ကြီးများအပေါ် တိုးမြှင့်ဖိအားပေးရန် လိုအပ်သည်ကို ပြသနေခြင်းသာ ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန အကြီးတန်းအရာရှိတစ်ဦးက သြဂုတ်လ ၂ ရက်နေ့တွင် ပြောကြားလိုက်သည်။
04 Aug 2021
DMG ၊ ဩဂုတ် ၄

“ဗမာစစ်အစိုးရဟာ ဝေ့လည်ကြောင်ပတ် လုပ်နေတာသာ ဖြစ်ပြီး သူ့အကျိုးစီးပွားအတွက် အချိန်ဇယားကို ဆွဲဆန့်ချင်တယ် ဆိုတာ ရှင်းရှင်းလင်းလင်း မြင်နေရပါတယ်” ဟု အဆိုပါအရာရှိက သတင်းထောက်များကို ပြောသည်။
ယခုသီတင်းပတ်အတွင်း ပြုလုပ်မည့် အမေရိကန်နှင့် အာဆီယံနိုင်ငံများအကြား ဝန်ကြီးများအစည်းအဝေး မစတင်မီ ယခုကဲ့သို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။
သမ္မတဂျိုးဘိုင်ဒန် အစိုးရသည် တရုတ်နှင့် ထိပ်တိုက် ရင်ဆိုင်ရာ၌ အရှေ့တောင်အာရှ ဒေသကို ရှေ့တန်းနေရာအဖြစ် သတ်မှတ်ကာ အာဆီယံ နိုင်ငံများနှင့် ထိတွေ့ဆက်ဆံမှုများ ပြုလုပ်လျက်ရှိသည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်သည် ယခုသီတင်းပတ်အတွင်း ပြုလုပ်မည့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ၏ တွေ့ဆုံးဆွေးနွေးမှုများတွင် အွန်လိုင်းမှတစ်ဆင့် ပါဝင်ဆွေးနွေးမည် ဖြစ်သည်။
အာဆီယံဆွေးနွေးပွဲများ စမတင်မီ မြန်မာစစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မြန်မာနိုင်ငံတွင် အရေးပေါ်အခြေအနေ ကြေညာထားမှုကို ၂၀၂၃ ခုနှစ် သြဂုတ်လတွင် ရုတ်သိမ်းကာ ရွေးကောက်ပွဲကျင်းပပေးမည်ဟု ကတိပေးခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အရပ်သားအစိုးရအား စစ်တပ်က ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ဖြုတ်ချခဲ့စဉ်က ပြောကြားခဲ့သည့် အချိန်ကို ထပ်တိုး ချဲ့ယူလိုက်ခြင်းလည်း ဖြစ်သည်။