- လက်နက်ကြီးကျ၍ ဂွဒေသခံအမျိုးသမီး တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ
- ကမ္ဘာတွင် မြေမြှုပ်မိုင်းအန္တရာယ် အဆိုးဆုံးဖြစ်လာသော မြန်မာနိုင်ငံ
- နပခဌာနချုပ်ထဲတွင် အကျဉ်းသားနှင့် အရပ်သား ၄၀၀ ခန့် ချုပ်နှောင်ခံထားရ
- မြန်မာ၏အပြုအမူသည် အာဆီယံ၏ အချက်အချာကျမှုကို ထိခိုက်စေနိုင်ကြောင်း စင်ကာပူကာကွယ်ရေးဝန်ကြီး ပြော
- ကုလလုံခြုံရေးကောင်စီ၏ ဂါဇာအပစ်အခတ်ရပ်ရေး အဆို အမေရိကန်က ဗီတိုအာဏာသုံး ပယ်ချ
ယူကရိန်းအတွက် ဒေါ်လာသန်း ၈၀၀ ဖိုး စစ်ရေးအကူအညီသစ်များ ဘိုင်ဒန်ကြေညာ
ယူကရိန်းအတွက် စစ်ရေးအကူအညီအသစ်များ အမေရိကန်ဒေါ်လာ သန်း ၈၀၀ ဖိုး ထပ်မံပေးအပ်သွားမည်ဟု သမ္မတဘိုင်ဒန်က ကြာသပတေးနေ့တွင် ကြေညာလိုက်သည်။
23 Apr 2022
DMG ၊ ဧပြီ ၂၃
ယူကရိန်းအတွက် စစ်ရေးအကူအညီအသစ်များ အမေရိကန်ဒေါ်လာ သန်း ၈၀၀ ဖိုး ထပ်မံပေးအပ်သွားမည်ဟု သမ္မတဘိုင်ဒန်က ကြာသပတေးနေ့တွင် ကြေညာလိုက်သည်။
ယခုအကူအညီများသည် ဒွန်ဘက်စ်ဒေသတွင် ရုရှားတပ်ဖွဲ့အား ခုခံတိုက်ခိုက်ရာ၌ ယူကရိန်းအတွက် အထောက်အပံ့ဖြစ်စေမည်ဟု ဘိုင်ဒန်က ပြောသည်။
အမေရိကန်၏ အသစ်တစ်သုတ် အကူအညီ၌ ၁၅၅ မမ အမြောက် ရ၂ လက်၊ အမြောက်များကို ဆွဲယူရန် သံချပ်ကာယာဉ် ရ၂ စီး၊ အမြောက်ကျည် ၁၄၄၀၀၀ လုံး၊ ယူကရိန်းလိုအပ်ချက်နှင့် ကိုက်ညီအောင် သီးသန့်ဖန်တီးထားသည့် Phoenix Ghost စစ်သုံးဒရုန်းအစင်းရေ ၁၂၀ ကျော် တို့လည်း ပါဝင်မည်ဟု ပင်တဂွန်က ပြောကြားသည်။
ဤအညီသစ်သည် ယူကရိန်းအရှေ့ပိုင်းတွင် ရုရှားတပ်ဖွဲ့များအား ခုခံတိုက်ခိုက်နေကြသည့် ယူကရိန်းတပ်များ၏ လိုအပ်ချက်နှင့်အညီ စီစဉ်ထားခြင်းဖြစ်ကြောင်း အမေရိကန်သမ္မတဘိုင်ဒန်က ပြောသည်။
ယခုလိုက်ပွဲသည် ကနဦး ငါးပတ်တာကာလအတွင်း ရုရှားတပ်များအား ယူကရိန်းတို့ အောင်မြင်စွာ တိုက်ထုတ်နိုင်ခဲ့သည့် ကီယက်ဗ်ပတ်လည် တိုက်ပွဲနှင့် မတူဘဲ ကွဲပြားမည်ဟုလည်း သမ္မတကပြောသည်။
ရုရှားနှင့် ဆက်စပ်ပတ်သက်နေသည့် သင်္ဘောများကိုလည်း အမေရိကန်ဆိပ်ကမ်းများတွင် ကမ်းကပ်ခွင့် ပိတ်ပင်ထားပြီး အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနကလည်း ယူကရိန်းအစိုးရအတွက် ကန်ဒေါ်လာ သန်းငါးရာ သီးသန့်ကူညီရန်စီစဉ်ထားပြီး အဆိုပါငွေဖြင့် ယူကရိန်းအစိုးရဝန်ထမ်းများအား လစာငွေ ပေးအပ်နိုင်မည်ဟု ဘိုင်ဒန်က ပြောကြားသည်။
ဘိုင်ဒန်၏ ကြေညာချက်နှင့် ပတ်သက်ပြီး ယူကရိန်းသမ္မတ ဗိုလိုဒီမာဇီလင်စကီးက အထူးကျေးဇူးတင်ရှိကြောင်း တွစ်တာပေါ်၌ ရေးသားထားသည်။
“ခုချိန်မှာ ဒီလိုအကူအညီမျိုးကို အထူးပဲလိုအပ်နေတာ ဖြစ်ပါတယ်။ ဒီအကူအညီက ကျွန်တော်တို့ရဲ့ ဒီမိုကရေစီနဲ့ လွတ်လပ်ရေးကို ကာကွယ်ပေးနေကြသူတွေရဲ့ အသက်တွေကို ကယ်တင်ပြီး ငြိမ်းချမ်းရေး ပြန်လည်တည်ဆောက်မှုမှာ ကျွန်တော်တို့ကို ပိုမိုနီးကပ်သွားစေပါတယ်” ဟု သူက ရေးသားထားသည်။