- စစ်ဘေးရှောင်များကို ငွေပေးပြီး စစ်သင်တန်းတက်ရန် ALP စည်းရုံးနေ
- ICC ဒဏ်ခတ်အရေးယူခဲ့သည် Trump အစိုးရအဖွဲ့ကို Fortify Rights တရားစွဲ
- ပုသိမ်က ပြည်သူ့စစ်သင်တန်းဆင်းများကို စစ်တွေသို့ ပို့နေ
- ဘင်္ဂလားဒေ့ရှ် ပြုပြင်ပြောင်းလဲရေးကြောင့် အစ္စလာမစ်အမာခံတွေ အတွက် လမ်းစပွင့်လာ
- "ဖေဖေ ဘယ်တော့ပြန်လာမလဲ သားသမီးတွေကမေးနေတော့ ကျမမှာ ဒီမေးခွန်းအတွက် အဖြေမရှိဘူး"
ပြည်တွင်းအစွန်းရောက်မှု ဖြစ်စဉ်များ ရှိနေကြောင်း သမ္မတဟောင်းဘုရှ် သတိပေး
အမေရိကန်ပြည်ထောင်စုသည် စိတ်ဝမ်းကွဲပြားမှုနှင့် အစွန်းရောက်မှုများ အတွင်းသို့ သက်ဆင်းနေကြောင်း သမ္မတဟောင်း ဂျော့ဒဗျူဘုရှ်က ပြောကြားလိုက်သည်။
12 Sep 2021

DMG ၊ စက်တင်ဘာ ၁၂
အမေရိကန်ပြည်ထောင်စုသည် စိတ်ဝမ်းကွဲပြားမှုနှင့် အစွန်းရောက်မှုများ အတွင်းသို့ သက်ဆင်းနေကြောင်း သမ္မတဟောင်း ဂျော့ဒဗျူဘုရှ်က ပြောကြားလိုက်သည်။
ယမန်နေ့ (စက်တင်ဘာ ၁၁) ကကျင်းပသည့် စက်တင်ဘာ ၁၁ ရက် အောက်မေ့ဖွယ်နေ့ နိုင်ငံတော်အခမ်းအနားတွင် သမ္မတဟောင်းက ယခုကဲ့သို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။
အယ်ကိုင်းဒါးအကြမ်းဖက်သမားများ စီးနင်းမှုကို ခုခံခဲ့ကြခဲ့သည့် လေကြောင်းခရီးစဉ် အမှတ် ၉၃ လေယာဉ်ပေါ်တွင် လိုက်ပါသွားသူများ အတွက် အမှတ်ရအောက်မေ့ဖွယ် အခမ်းအနား၌ သမ္မတဟောင်း ဘုရှ်က ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
“ပြည်ပက အကြမ်းဖက်အစွန်းရောက်တွေနဲ့ အိမ်တွင်းက အကြမ်းဖက်အစွန်းရောက်တွေကြားမှာ ယဉ်ကျေးမှုချင်း ထပ်တူကျမှု အနည်းငယ်သာရှိပါတယ်။.. ဒါပေမဲ့ မတူကွဲပြားမှုအချင်းချင်း ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်မှုကို မထီမဲမြင်ပြုခြင်း၊ လူ့အသက်ကို အလေးမထားခြင်း၊ အမျိုးသားစရိုက်လက္ခဏာကို ဖျက်ဆီးရမ်းကားလိုစိတ်ရှိခြင်း တို့မှာတော့ သူတို့ဟာ တစ်ပုံစံတည်းပါပဲ” ဟု သမ္မတဟောင်းဘုရှ်က ပြောသည်။
“သူတို့ကို ရင်ဆိုင်ဖို့ဟာ ကျွန်တော်တို့ရဲ့ ဆက်လက်ရှိနေတဲ့တာဝန်ပဲ ဖြစ်ပါတယ်” ဟုလည်း သူကဆိုသည်။
၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို မကျေနပ်ကြသည့် သမ္မတဟောင်းဒေါ်နယ်ထရမ့်ကို ထောက်ခံသူများက အမေရိကန် လွှတ်တော်အဆောက်အအုံကို ဝင်ရောက်စီးနင်းမှု ဖြစ်ပွားပြီး ၈ လခန့်အကြာ၌ သမ္မတဟောင်းဘုရှ်က ယခုကဲ့သို့ ပြောကြားလိုက်ခြင်းလည်း ဖြစ်သည်။
“ကျွန်တော်တို့ရဲ့ နိုင်ငံရေးအခြေအနေ အများစုဟာ အမျက်ဒေါသ၊ ကြောက်ရွံ့မှု၊ မကျေနပ်မှုတွေချည်း ဖြစ်နေပါပြီ” ဟုလည်း ဘုရှ်က ဆိုသည်။
လွန်ခဲ့သော နှစ်ပေါင်း ၂၀ က စက်တင်ဘာ ၁၁ ဖြစ်စဉ်အပြီး ချက်ချင်းဆိုသလို ပေါ်ထွက်ခဲ့သည့် ပူးပေါင်းဆောင်ရွက်မှုစိတ်ဓာတ်ကို ပြန်လည်ဖော်ဆောင်ကြရန်လည်း သမ္မတဟောင်းက တိုက်တွန်းခဲ့သည်။
စက်တင်ဘာ ၁၁ တိုက်ခိုက်မှုအပြီးတွင် အစ္စလာမ်အယူဝါဒကို ကြောက်ရွံ့မှုများ၊ ဒေသခံများအတွက်သာ ဦးစားပေးလိုစိတ်၊ တစ်ကိုယ်ကောင်းဆန်မှုတို့ မြင့်တက်နိုင်ခြေ ရှိခဲ့သော်လည်း နိုင်ငံက ထိုစိတ်ဓာတ်များကို ဆန့်ကျင်ခဲ့သည်ဟု ဆိုသည်။
“ဒါကမှ ကျွန်တော်သိတဲ့ အမေရိကန်ပြည်ထောင်စု ဖြစ်ပါတယ်” ဟု သူက မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။