- ဘူးသီးတောင် စကခ(၁၅)နှင့် တပ်ရင်း ၂ ခုကို AA သိမ်းပိုက်
- ဂျီနိုဆိုက် စကားလုံးကို လက်နက်သဖွယ် အသုံးချနေကြသည်ဟု AA ပြော
- ပုဏ္ဏားကျွန်း စစ်ဘေးရှောင်စခန်းတွင် ဝမ်းပျက်ဝမ်းလျှောဖြစ်ပြီး သေဆုံးသူ (၃) ဦးထိရှိလာ
- စစ်ကောင်စီ၏ လက်နက်နှင့်ရိက္ခာသယ်လာသည့် ယာဉ်များကို AA တားဆီးထား
- မသန့်ရှင်းသောရေကို သုံးစွဲနေရ၍ ပုဏ္ဏားကျွန်းမြို့နယ်တွင် ဝမ်းရောဂါဖြစ်နေ
တရုတ်ဟီနန်ခရိုင်မှာ လူဦးရေ ၉၀ ရာခိုင်နှုန်းခန့် ကိုဗစ်ကူးစက်ခံထားရ
တရုတ်ပြည်၏ တတိယ လူဦးရေအထူထပ်ဆုံး ဟီနန်ခရိုင်တွင် ကိုဗစ်ကူးစက်ခံရသူ အရေအတွက်သည် ၉၀ ရာခိုင်နှုန်းအထိရှိကြောင်း ဗဟိုကျန်းမာရေးကော်မရှင် ညွှန်ကြားရေးမှူး ကန်ကွေ့ချန်က ပြောကြားလိုက်သည်။
09 Jan 2023
ဓာတ်ပုံ - AFP
တရုတ်ပြည်၏ တတိယ လူဦးရေအထူထပ်ဆုံး ဟီနန်ခရိုင်တွင် ကိုဗစ်ကူးစက်ခံရသူ အရေအတွက်သည် ၉၀ ရာခိုင်နှုန်းအထိရှိကြောင်း ဗဟိုကျန်းမာရေးကော်မရှင် ညွှန်ကြားရေးမှူး ကန်ကွေ့ချန်က ပြောကြားလိုက်သည်။
တနင်္လာနေ့ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ သူက ယခုကဲ့သို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။
“၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၆ ရက်နေ့အထိဆိုရင် ခရိုင်ရဲ့ ကူးစက်မှုနှုန်းထားဟာ ၈၉.၀ ရာခိုင်နှုန်းဖြစ်ပါတယ်” ဟု သူက ပြောကြားသည်။
ဆေးခန်းများသို့ အဖျားရောဂါ ကုသရန်ရောက်ရှိလာသူ အရေအတွက်သည် ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် အများဆုံးရှိခဲ့သည်ဟု ကန်ကွေ့ချန်က ပြောသည်။
“ဒီနောက်ပိုင်းမှာတော့ တောက်လျှောက်ဆိုသလို အကျဘက်ကို ရောက်သွားပါပြီ” ဟု သူကဆိုသည်။
ဟီနန်ခရိုင်တွင် လူဦးရေ ၉၉.၄ သန်းရှိနေသဖြင့် အဆိုပါပမာဏအရ ဆိုလျှင် ကူးစက်ခံရသူစုစုပေါင်း ၈၈.၅ သန်းအထိ ရှိနေခြင်းဖြစ်သည်။
ကိုဗစ်သုညမူဝါဒကို ကျင့်သုံးခဲ့သော တရုတ်ပြည်သည် လော့ဒေါင်းစည်းကမ်းများ၊ ကွာရန်တင်းသွင်းမှုနှင့် လူအများအပြားကို ကိုဗစ်ဆေးစစ်မှု ပြုလုပ်ခြင်းများကို ဒီဇင်ဘာလ အစောပိုင်းအတွင်း ရုတ်ချည်းဆိုသလို ရပ်ဆိုင်းခဲ့သည်။ ထို့နောက်ပိုင်းမှစတင်၍ နိုင်ငံတစ်ဝန်းတွင် ကိုဗစ်ကူးစက်မှုများသည် တဟုန်ထိုး မြင့်တက်လာခဲ့သည်။
လတ်တလော၌ ကမ္ဘာ့နိုင်ငံ အများအပြားတွင်လည်း တရုတ်ပြည်မှ ရောက်ရှိလာသူများအား ကိုဗစ်စစ်ဆေးမှု မလုပ်မနေရ သတ်မှတ်ထားကြပြီဖြစ်သည်။