- စစ်ကောင်စီ လက်နက်ကြီးကြောင့် သံတွဲတွင် ကမန် ၉ ဦးနှင့် ရခိုင် ၁ ဦး သေဆုံး
- သံတွဲတွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ လက်နက်များဖြင့် ထွက်ပြေးနေကြ
- မိုခါမုန်တိုင်း ၁ နှစ်ပြည့်အချိန်ထိ ရခိုင်ပြည်သူများ နာလန်မထူနိုင်သေး
- ဂွဒေသခံတစ်ဦးကို AA နှင့် ဆက်စပ်သည်ဆိုပြီး စစ်ကောင်စီ ဖမ်းဆီး
- စစ်ကောင်စီ လေကြောင်းပစ်ခတ်မှုကြောင့် မောင်တော ဒေသခံ ၃ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရ
ကျောင်းသူများ ‘ဖော်လွန်းသည့်’ဝတ်စုံများ မဝတ်ရန် ပိတ်ပင်ခြင်းကြောင့် တရုတ်တက္ကသိုလ် ဝေဖန်ခံရ
တရုတ်တက္ကသိုလ် တစ်ခုမှ ကျောင်းသူများသည် အလွန်အကျွံဖော်ထားသည်ဟု ယူဆရသည့် “သွေးဆောင်ဖြားယောင်းမှု ဖြစ်စေနိုင်သည့်” မည်သည့်ဝတ်စုံကိုမဆို ယခုပညာသင်နှစ်မှစပြီး ဝတ်ဆင်ခွင့်ရှိတော့မည် မဟုတ်ကြောင်း ကြေညာချက် ထွက်လာပြီးနောက်တွင် အဆိုပါ အကြောင်းအရာနှင့် ပတ်သက်ပြီး ယခုရက်သတ္တပတ်အတွင်း ပြင်းပြင်းထန်ထန် ဝေဖန်မှုများ ပေါ်ပေါက်လျက်ရှိသည်။
04 Sep 2020
တရုတ်တက္ကသိုလ် တစ်ခုမှ ကျောင်းသူများသည် အလွန်အကျွံဖော်ထားသည်ဟု ယူဆရသည့် “သွေးဆောင်ဖြားယောင်းမှု ဖြစ်စေနိုင်သည့်” မည်သည့်ဝတ်စုံကိုမဆို ယခုပညာသင်နှစ်မှစပြီး ဝတ်ဆင်ခွင့်ရှိတော့မည် မဟုတ်ကြောင်း ကြေညာချက် ထွက်လာပြီးနောက်တွင် အဆိုပါ အကြောင်းအရာနှင့်ပတ်သက်ပြီး ယခုရက်သတ္တပတ်အတွင်း ပြင်းပြင်းထန်ထန် ဝေဖန်မှုများ ပေါ်ပေါက်လျက်ရှိသည်။
တရုတ်အနောက်တောင်ပိုင်း ကွမ်ရှီးတက္ကသိုလ်တွင် ပထမနှစ် တက်ရောက်မည့်ကျောင်းသူများအတွက် အချက် ၅၀ ပါ လုံခြုံရေးဆိုင်ရာ လမ်းညွှန်ချက်တစ်ရပ်ကို ဩဂုတ်လ ၁ ရက်နေ့က ကြေညာခဲ့ရာတွင် အမျိုးသမီးများသည် လိင်ပိုင်းဆိုင်ရာနှောင့်ယှက်မှု သို့မဟုတ် နှိပ်စက်ညှင်းပန်းမှုကိုပင်လျှင် ဖြစ်ပွားစေမှုအတွက် တာဝန်ရှိသည်ဟု ဖော်ပြထားသည့် ဝတ်စားဆင်ယင်မှုဆိုင်ရာ စည်းကမ်းချက်တစ်ရပ် ပါဝင်လာခြင်းဖြစ်သည်။
“အရမ်းဖော်ထားတဲ့ အပေါ်ဝတ်အင်္ကျီတွေ၊ စကတ်တွေကို မဝတ်ပါနဲ့။ အပေါ်ပိုင်း အလွန်အမင်းဖော်ထားတဲ့ ဒါမှမဟုတ် ခါးရယ် ကျောပြင်တွေရယ် ဖော်ထားတဲ့ အဝတ်အစားတွေကနေ သွေးဆောင်ဖြားယောင်းမှု ဖြစ်စေခြင်းကို ရှောင်ရှားဖို့ရာ မဝတ်ကြပါနဲ့။” ဟု လမ်းညွှန်ချက်တွင် ရေးသားထားသည်။
တက္ကသိုလ်စာကြည့်တိုက်မှာ ကြိုးချည်အပေါ်ဝတ်များ ဝတ်ဆင်ခြင်းအား တားမြစ်လိုက်ပြီဖြစ်ကြောင်း ရိုက်တာက ဗုဒ္ဓဟူးနေ့တွင် အတည်ပြု ရေးသားထားသည်။
တက္ကသိုလ်တွင် မိန်းကလေးများအား အချို့သောအခြေအနေများ၌ ဒေါက်မြင့်ဖိနပ်မစီးရန်လည်း အကြံပြု ထားသည်။
လုံခြုံရေးလက်စွဲ လမ်းညွှန်ချက်အသစ်များသည် မိန်းကလေးများကို အကာအကွယ်ပေးသည့်သဖွယ် ဖြစ်နေသော်လည်း အမှန်စင်စစ် အမျိုးသမီးများ ဝတ်စားဆင်ယင်မှု ပုံစံကြောင့် လိင်ပိုင်း နှောင့်ယှက်ခံရခြင်း ဖြစ်သည်ဟူသော ကျားမခွဲခြားသည့် ခေါက်ရိုးကျိုးအမြင်ကို ပိုဆိုးလာစေကြောင်း ကျောင်းသူတစ်ဦးက ပြောဆိုသည်။
ပြီးခဲ့သောနှစ်ကလည်း ကျီလင်းဒေသရှိ တက္ကသိုလ်တစ်ခုတွင် ကျောင်းသူများအား စကပ်အတိုအပြတ်များ၊ ရင်ပြတ်များ ဝတ်ဆင်ခြင်းကို တားမြစ်လိုက်ပြီးနောက် မကျေနပ်မှုများ ပေါ်ပေါက်ခဲ့သည်။