ကွန်ဂိုတွင် ယူနီဆက်ဝန်ထမ်းများ ကျူးလွန်ခဲ့သည့် လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်မှုများကို စစ်ဆေးမည်

ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ ကလေးများရန်ပုံငွေအဖွဲ့ (ယူနီဆက်) သည် ၎င်း၏ဝန်ထမ်းများ ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံတွင် အမျိုးသမီးများအား လိင်ညှင်းပန်းနှိပ်စက်မှု ကျူးလွန်ခဲ့ခြင်း ရှိ-မရှိ ဌာနတွင်း စုံစမ်းစစ်ဆေးတော့မည် ဖြစ်သည်။ ကျူးလွန်ခဲ့သည့်မကောင်းမှုအတွက် ထိုက်တန်သည့် အကျိုးဆက်ကို ခံစားရမည်ဖြစ်ကြောင်းလည်း ယူနီဆက်က ကတိပြုထားသည်။  

By Foreign Desk 08 Oct 2020

ပုံစာ - ယူနီဆက်သည် ၎င်း၏ဝန်ထမ်းများ ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံတွင် အမျိုးသမီးများအား လိင်ညှင်းပန်းနှိပ်စက်မှု ကျူးလွန်ခဲ့ခြင်း ရှိ-မရှိ ဌာနတွင်းစုံစမ်းစစ်ဆေးတော့မည့် ကုလသမဂ္ဂ၏ တတိယမြောက်အဖွဲ့အစည်း ဖြစ်သည်။ (ဓာတ်ပုံ - AFP)

ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ ကလေးများရန်ပုံငွေအဖွဲ့ (ယူနီဆက်) သည် ၎င်း၏ဝန်ထမ်းများ ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံတွင် အမျိုးသမီးများအား လိင်ညှင်းပန်းနှိပ်စက်မှု ကျူးလွန်ခဲ့ခြင်း ရှိ-မရှိ ဌာနတွင်း စုံစမ်းစစ်ဆေးတော့မည် ဖြစ်သည်။ ကျူးလွန်ခဲ့သည့်မကောင်းမှုအတွက် ထိုက်တန်သည့် အကျိုးဆက်ကို ခံစားရမည်ဖြစ်ကြောင်းလည်း ယူနီဆက်က ကတိပြုထားသည်။  

ယူနီဆက်ဝန်ထမ်းဟု ဆိုသည့်လူများသည် ထိခိုက်လွယ်သောအမျိုးသမီးများအပေါ် အနိုင်ကျင့် ညှင်းပန်းမှုကျူးလွန်ကြောင်း သိရှိရသဖြင့် လွန်စွာစိတ်ပျက်ရကြောင်း ကြေညာချက်တွင် ဖော်ပြထား သည်။

ယူနီဆက်ဝန်ထမ်း မည်မျှစွပ်စွဲခံရသည်ကို ရှင်းရှင်းလင်းလင်း မသိရသေးပေ။

လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်နှိပ်စက်မှု ကျူးလွန်ကြောင်းတွေ့ရှိရပါက မည်သည့်ဝန်ထမ်းကိုမဆို နောက်ဆက်တွဲ အကျိုးဆက်အားဖြင့် ပြင်းထန်စွာ အပြစ်ပေးသွားမည်ဖြစ်ကြောင်း ထပ်လောင်း ပြောကြားခဲ့သည်။

ရွှေ့ပြောင်းသွားလာနေထိုင်ခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း(IOM) သည်လည်း ကွန်ဂိုအီဘိုလာ အရေးတွင် ၎င်း၏ဝန်ထမ်းတစ်ဦး လိင်ညှဉ်းပမ်းနှိပ်စက်မှုကျူးလွန်ကြောင်း စွပ်စွဲခံရမှုကိုလည်း စုံစမ်း စစ်ဆေးသွားမည်ဖြစ်ကြောင်း ဗုဒ္ဓဟူးနေ့ အစောပိုင်းက ပြောကြားခဲ့သည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အစည်းသည်လည်း အလားတူကြေညာချက်အား အင်္ဂါနေ့က ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်သည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) နှင့် ထိပ်တန်း NGO များမှ အီဘိုလာရောဂါကယ်ဆယ်ရေး အဖွဲ့ဝင် များသည် အမျိုးသမီးများအား ၎င်းတို့၏ အလုပ်အကိုင်အတွက် အပေးအယူအားဖြင့် လိင်ဆက်ဆံရန် ပြောဆိုခြင်း၊ အတင်းအဓမ္မ လိင်ဆက်ဆံရန် ဖိအားပေးခြင်း သို့မဟုတ် လိင်ဆက်ဆံရန်ငြင်းပယ်ပါက စာချုပ်ရပ်ဆိုင်းခြင်း စသော လိင်အမြတ်ထုတ်မှုများ ကျူးလွန်ခဲ့ကြောင်း အမျိုးသမီး ၅၀ ကျော်မှ စွပ်စွဲခဲ့သည်။

အနိုင်ကျင့်မှုဟု စွပ်စွဲခံရသောဖြစ်ရပ်များသည် ၂၀၁၈-၂၀၂၀ အီဘိုလာ အရေးအတွင်း ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

နိုင်ငံအရှေ့ပိုင်းမြို့တော် ဘန်နီရှိ အမျိုးသမီးများ၏ ထွက်ဆိုချက်များ တညီတညွတ်တည်း တူနေ သည်ကို ကြည့်ခြင်းအားဖြင့် ထိုအလေ့အထမှာ ကျယ်ပြန့်နေပြီဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြ ထားသည်။

ကျူးလွန်ခံရသူများအားလုံး ရှေ့ထွက်လာပြီး ပြောဆိုစေလိုကြောင်း ယူနီဆက်က တိုက်တွန်းထား ပြီး ထိုသို့ပြုလုပ်ခြင်းသည် လွန်ခဲ့သည့်နှစ်နှစ်အတွင်း လိင်အမြတ်ထုတ်ခြင်း၊ လိင်ပိုင်းဆိုင်ရာ အနိုင် ကျင့်ခြင်းတို့အား တုံ့ပြန်နိုင်ရေး အားလုံးကြိုးပမ်းနေသည့်လုပ်ရပ်အား ပိုမိုအားကောင်းစေမည်ဖြစ် ကြောင်း ထပ်လောင်းပြောကြားခဲ့သည်။