- စစ်ဘေးရှောင်များကို ငွေပေးပြီး စစ်သင်တန်းတက်ရန် ALP စည်းရုံးနေ
- ICC ဒဏ်ခတ်အရေးယူခဲ့သည် Trump အစိုးရအဖွဲ့ကို Fortify Rights တရားစွဲ
- ပုသိမ်က ပြည်သူ့စစ်သင်တန်းဆင်းများကို စစ်တွေသို့ ပို့နေ
- ဘင်္ဂလားဒေ့ရှ် ပြုပြင်ပြောင်းလဲရေးကြောင့် အစ္စလာမစ်အမာခံတွေ အတွက် လမ်းစပွင့်လာ
- "ဖေဖေ ဘယ်တော့ပြန်လာမလဲ သားသမီးတွေကမေးနေတော့ ကျမမှာ ဒီမေးခွန်းအတွက် အဖြေမရှိဘူး"
ကိုဗစ်-၁၉ သည် ဝူဟန်ဓာတ်ခွဲခန်းမှ ထွက်ပေါ်လာခြင်းဖြစ်ကြောင်း သက်သေရှိသည်ဟု တရုတ်ပညာရှင်တစ်ဦး ပြောဆို
ကိုဗစ်-၁၉ သည် တရုတ်ပြည်ရှိ ဓာတ်ခွဲခန်းတစ်ခုမှ ထွက်ပေါ်လာခြင်းဖြစ်ကြောင်း သိပ္ပံနည်းကျ သက်သေပြနိုင်သည့် အထောက်အထားများ ရှိသည်ဟု တရုတ်လူမျိုး ရောဂါပိုးမွှားဗေဒပညာရှင်တစ်ဦးက ပြောကြားလိုက်သည်။
14 Sep 2020

ကိုဗစ်-၁၉ သည် တရုတ်ပြည်ရှိ ဓာတ်ခွဲခန်းတစ်ခုမှ ထွက်ပေါ်လာခြင်းဖြစ်ကြောင်း သိပ္ပံနည်းကျ သက်သေပြနိုင်သည့် အထောက်အထားများ ရှိသည်ဟု တရုတ်လူမျိုး ရောဂါပိုးမွှားဗေဒပညာရှင်တစ်ဦးက ပြောကြားလိုက်သည်။
ဒေါက်တာ လီမင်ယန်သည် သူမ၏ အသက်အန္တရာယ်အတွက် ပုန်းခိုနေရာမှ ထပ်မံထွက်ပေါ်လာပြီး ယခုကဲ့သို့ ထုတ်ဖော်ပြောကြားလိုက်ခြင်း ဖြစ်ကြောင်း နယူးယောက်ပို့စ် သတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။
သိပ္ပံပညာရှင်တစ်ဦးဖြစ်သူ ဒေါက်တာလီမင်ယန်က ကိုဗစ်-၁၉ နှင့်ပတ်သက်ပြီး အစောဆုံးသုတေသနများအား ပြီးခဲ့သောနှစ်တွင် ဆောင်ရွက်ခဲ့သူဖြစ်ကြောင်း ဗြိတိသျှသတင်းဌာနတစ်ခုနှင့် အင်တာဗျူးတွင် ဖြေကြားခဲ့သည်။
ဗိုင်းရပ်စ်နှင့်ပတ်သက်ပြီး ဗီဒီယိုဖြင့် ဖြေကြားရာ၌ “ဗိုင်းရပ်စ်ဟာ ဝူဟန်ဓာတ်ခွဲခန်းက ထွက်လာတာဖြစ်ပါတယ်။ ဒီဓာတ်ခွဲခန်းဟာ တရုတ်အစိုးရထိန်းချုပ်မှုနဲ့ ဆောင်ရွက်နေတဲ့ဓာတ်ခွဲခန်း ဖြစ်ပါတယ်” ဟု သူမက ဖြေကြားခဲ့သည်။
ဗိုင်းရပ်စ်သည် ဝူဟန်သားငါးဈေးမှ ထွက်ပေါ်လာခြင်းဖြစ်သည် ဆိုသောစကားမှာ ဖြစ်ရပ်မှန်ကို ဖုံးကွယ်ထားသောသတင်းမှားသာ ဖြစ်ကြောင်း သူမကပြောကြားသည်။
လီမင်ယန်သည် ယခင်ကလည်း ယခင်ကလည်း ကိုဗစ်-၁၉ သည် တရုတ်ဓာတ်ခွဲခန်းမှ ပေါ်ထွက်လာခြင်း ဖြစ်ကြောင်း စွပ်စွဲဖူးသည်။
လူလူချင်း ကူးစက်နိုင်သည့် ရောဂါပိုးအကြောင်းကို ပြီးခဲ့သည့်နှစ် ဒီဇင်ဘာက ဟောင်ကောင်ပြည်သူ့ကျန်းမာရေးဌာနရှိ သူမ၏ အထက်အရာရှိများအား သတိပေးပြောကြားခဲ့သော်လည်း သူမအား နှုတ်ပိတ်ထားရန်ပြောကြားခဲ့သည်ဟု ဆိုသည်။
၂၀၂၀ ဧပြီလတွင် သူမသည် ဟောင်ကောင်မှ အမေရိကန်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့သည်။
“ဗိုင်းရပ်စ်ပေါ်ထွက်လာတဲ့ မူလဇစ်မြစ်ကိုသိဖို့ အရမ်းအရေးကြီးပါတယ်။ မသိရင် ဒီကပ်ဘေးကို ကျော်ဖြတ်နိုင်မှာမဟုတ်ဘူး” ဟူ သူမက ပြောကြားခဲ့သည်။
တရုတ်ပြည်မှ မထွက်ပြေးမီ သူမ၏ အချက်အလက်များအားလုံးကို အစိုးရက ဖျက်ဆီးလိုက်ကြောင်း လီယန်မင်ကဆိုသည်။
ဝူဟန်ပိုးမွှားဗေဒဌာနမှ ညွှန်ကြားရေးမှူး ယန်ကျီမင် ကမူ ဤဗိုင်းရပ်စ်သည် ဓာတ်ခွဲခန်းမှ ထွက်ပေါ်လာခြင်းမဟုတ်ကြောင်း ယခင်ကပင် ငြင်းပယ်ထားသည်။
ကမ္ဘာတစ်ဝန်းတွင် စက်တင်ဘာလ ၁၄ ရက်နေ့လယ်ပိုင်းအထိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုစုစုပေါင်း သန်း ၃၀ နီးပါး ရှိနေပြီဖြစ်သည်။ ဗိုင်းရပ်စ်ကြောင့် လက်ရှိအချိန်အထိ သေဆုံးသူစုစုပေါင်း ၉ သိန်းကျော်ရှိသည်။