- စစ်ဘေးရှောင်သည့် တောင်ကုတ်မြို့ခံ ၄၀ ခန့်ကို စစ်ကောင်စီ ဖမ်းဆီးထား
- ကြက်ဥ ဈေးကောင်းရနေသော်လည်း ကြက်မွေးမြူရေးလုပ်ငန်း ရပ်တည်ရခက်ခဲလာ
- စစ်တွေမြို့တွင် 92 တစ်လီတာ ငွေကျပ်ငါးသောင်းထိ ဈေးမြင့်တက်နေ
- ရမ်းဗြဲရောက် စစ်ဘေးရှောင် တစ်သောင်းကျော် အရေးပေါ်အကူအညီ လိုအပ်နေ
- လက်နက်ကြီးကျ၍ ဂွဒေသခံအမျိုးသမီး တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ
သမ္မတထရမ့်၏ မိန့်ခွန်းစာရွက်ကို အောက်လွှတ်တော်ဥက္ကဋ္ဌက လူမြင်ကွင်းတွင်ဆုတ်ဖြဲ
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က နှစ်စဉ်ပုံမှန်ပြောကြားသည့် ပြည်ထောင်စုအခြေပြမိန့်ခွန်းပြောကြားစဉ် မိန့်ခွန်းစာရွက်မိတ္တူကို အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပီလော့စီ က ဆုတ်ဖြဲလိုက်ကြောင်း အမေရိကန်မီဒီယာများတွင် ဖော်ပြနေကြသည်။
05 Feb 2020
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က နှစ်စဉ်ပုံမှန်ပြောကြားသည့် ပြည်ထောင်စုအခြေပြမိန့်ခွန်းပြောကြားစဉ် မိန့်ခွန်းစာရွက်မိတ္တူကို အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပီလော့စီ က ဆုတ်ဖြဲလိုက်ကြောင်း အမေရိကန်မီဒီယာများတွင် ဖော်ပြနေကြသည်။
သမ္မတထရမ့်သည် ၎င်းကိုစွပ်စွဲပြစ်တင်ထားမှုအတွက် အထက်လွှတ်တော်တွင် လာမည့်ရက်အတွင်း ကြားနာရန်ရှိနေချိန် တွင် ကွန်ဂရက်၌ ပြည်ထောင်စုအခြေပြမိန့်ခွန်း ပြောကြားခဲ့ခြင်းဖြစ်သည်။
သမ္မတထရမ့်မိန့်ခွန်းမပြောကြားမီတွင် ရီပက်ဗလစ်ကန်အမတ်များက " နောက်ထပ် ၄ နှစ်" ဟု သံပြိုင်ကြွေးကြော်ခဲ့ကြသည်ကို တွေ့ရသည်။
သမ္မတထရမ့်ကို အောက်လွှတ်တော်မှ စွပ်စွဲပြစ်တင်ထားသော်လည်း ၎င်း၏ပါတီဖြစ်သော ရီပက်ဗလစ်ကန်တို့ အဓိက ကြီးစိုးထားသည့် အထက်လွှတ်တော်တွင်မူ သမ္မတရာထူးမှ ထုတ်ပယ်ခံရနိုင်သည့် စွပ်စွဲပြစ်တင်မှုမှ လွတ်မြောက်ရန်မှာ သေချာသလောက်ရှိနေသည်။
သမ္မတထရမ့်က ၎င်း၏မိန့်ခွန်းမစတင်မီတွင် မိန့်ခွန်းမိတ္တူကို နန်စီပီလော့စီအား ပေးအပ်ချိန်၌ ပီလော့စီက လက်ဆွဲ နှုတ်ဆက်ရန် လက်ကမ်းပေးသော်လည်း သမ္မတထရမ့်ကို မျက်နှာလွှဲသွားခဲ့သည်ကို ရုပ်သံထုတ်လွှင့်မှုများတွင် တွေ့ရသည်။
ထို့နောက် သမ္မတထရမ့်မိန့်ခွန်းပြောကြားမှု ပြီးဆုံးသွားချိန်တွင် အောက်လွှတ်တော်ဥက္ကဋ္ဌက မိန့်ခွန်းမိတ္တူစာရွက်ကို လူမြင်ကွင်း၊ ကင်မရာများရှေ့၌ပင် ဆုတ်ဖြဲလိုက်ခြင်းဖြစ်သည်။
နန်စီပီလော့စီက သူမ၏လုပ်ရပ်နှင့်ပတ်သက်ပြီး နောက်ပိုင်းသတင်းထောက်များနှင့်တွေ့ဆုံချိန်တွင် မိန့်ခွန်းစာရွက်ကို ဆုတ်ဖြဲခြင်းမှာ သူမစိတ်ထဲရှိသည့် အခြားအပြုအမူများနှင့်ယှဉ်လျှင် ယဉ်ကျေးသောနည်းလမ်းဖြစ်သည်ဟု ပြောကြားခဲ့သည်။
မစ္စစ်ပီလော့စီသည် သမ္မတထရမ့်ကို ပြင်းပြင်းထန်ထန် ဝေဖန်လေ့ရှိသူတစ်ဦးဖြစ်ပြီး ပြီးခဲ့သောနှစ်က သမ္မတထရမ့်ကို တရားဝင်စွပ်စွဲပြစ်တင်နိုင်ရေး စတင်ကြိုးပမ်းခဲ့သူများထဲမှ တစ်ဦးလည်းဖြစ်ကာ သမ္မတထရမ့်ကလည်း သူမကို အရူးထတဲ့နန်စီ ဟု မကြာခဏ ရည်ညွှန်းသုံးနှုန်းလေ့ရှိသည်။
ထရမ့်သည် သူ၏မိန့်ခွန်းထဲတွင် စွပ်စွဲပြစ်တင်မှုနှင့်ပတ်သက်ပြီး ထည့်သွင်းပြောကြားသွားခဲ့ခြင်း မရှိသော်လည်း ဒီမိုကရက်များကို ဝေဖန်ထိုးနှက်သည့်စကားများကို ထည့်သွင်းပြောကြားသွားခဲ့သည်။
အမေရိကန်ပြည်ထောင်စုတွင် ပြည်ထောင်စုအခြေပြမိန့်ခွန်းသည် နှစ်တစ်နှစ်၏အစတွင် လက်ရှိရာထူးတာဝန် ထမ်းဆောင်နေသော သမ္မတက လွှတ်တော်၌ ပုံမှန်ပြောကြားလေ့ရှိသည့် မိန့်ခွန်းဖြစ်သည်။
ထိုသို့ပြောကြားရာတွင် သမ္မတဖြစ်သူက တိုင်းပြည်၏ လက်တလောအခြေအနေကို တင်ပြလေ့ရှိသလို နိုင်ငံတော်အနေဖြင့် ဦးစားပေးဆောင်ရွက်သွားမည့်လုပ်ငန်းစဉ် အနှစ်ချုပ်ကိုလည်း တင်ပြလေ့ရှိသည်။