- စစ်ဘေးရှောင်များကို ငွေပေးပြီး စစ်သင်တန်းတက်ရန် ALP စည်းရုံးနေ
- ICC ဒဏ်ခတ်အရေးယူခဲ့သည် Trump အစိုးရအဖွဲ့ကို Fortify Rights တရားစွဲ
- ပုသိမ်က ပြည်သူ့စစ်သင်တန်းဆင်းများကို စစ်တွေသို့ ပို့နေ
- ဘင်္ဂလားဒေ့ရှ် ပြုပြင်ပြောင်းလဲရေးကြောင့် အစ္စလာမစ်အမာခံတွေ အတွက် လမ်းစပွင့်လာ
- "ဖေဖေ ဘယ်တော့ပြန်လာမလဲ သားသမီးတွေကမေးနေတော့ ကျမမှာ ဒီမေးခွန်းအတွက် အဖြေမရှိဘူး"
ထရမ့်သည် ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ပြောင်းပြန်လှန်ရန်အတွက် ‘ဥပဒေမဲ့မှုနှင့် အကျင့်ပျက် ခြစားမှု’ ကို အသုံးချခဲ့ကြောင်း စစ်ဆေးရေးကော်မတီ ဥက္ကဋ္ဌပြော
သမ္မတထရမ့်သည် ၂၀၂၀ခုနှစ်အမေရိကန်ရွေးကောက်ပွဲရလဒ်ကို ပြောင်းပြန်လှန်ရန် ကြိုးပမ်းသည့်အနေဖြင့် ဥပဒေမဲ့ပြီး အကျင့်ပျက်ခြစားသည့် လမ်းကြောင်းတစ်ခုရောက်ရန် မီးထိုးပေးခဲ့သည်ဟု ပြီးခဲ့သည့်နှစ်အတွင်း လွှတ်တော်အဆောက်အအုံ တိုက်ခိုက်ခံရမှုဆိုင်ရာ စုံစမ်း စစ်ဆေးရေး လွှတ်တော်ကော်မတီဥက္ကဋ္ဌက ကြာသပတေးနေ့တွင်ပြောကြားခဲ့သည်။
25 Jul 2022

DMG ၊ ဇူလိုင် ၂၅
သမ္မတထရမ့်သည် ၂၀၂၀ခုနှစ်အမေရိကန်ရွေးကောက်ပွဲရလဒ်ကို ပြောင်းပြန်လှန်ရန် ကြိုးပမ်းသည့်အနေဖြင့် ဥပဒေမဲ့ပြီး အကျင့်ပျက်ခြစားသည့် လမ်းကြောင်းတစ်ခုရောက်ရန် မီးထိုးပေးခဲ့သည်ဟု ပြီးခဲ့သည့်နှစ်အတွင်း လွှတ်တော်အဆောက်အအုံ တိုက်ခိုက်ခံရမှုဆိုင်ရာ စုံစမ်း စစ်ဆေးရေး လွှတ်တော်ကော်မတီဥက္ကဋ္ဌက ကြာသပတေးနေ့တွင်ပြောကြားခဲ့သည်။
၎င်းညွှန်းဆိုခဲ့သည့် ‘ဒီမိုကရေစီ တိုက်ခိုက်မှုတစ်ခု’အတွက် ထရမ့်အနေဖြင့် “တာဝန်ယူမှု” ရှိရမည်ဖြစ်သည်ဟု အဆိုပါတိုက်ခိုက်မှုများအတွက် လူထုကြားနာစစ်ဆေးပွဲများ၏ နောက်ဆုံးကြားနာ ပွဲတစ်ခုတွင် ဘန်နီ သွန်မဆင်က ရုပ်သံမှတစ်ဆင့် အမှာစကားပြောကြားခဲ့သည်။
“ပြီးခဲ့သည့်တစ်လခွဲအတွင်း စစ်ဆေးရန်ရွေးချယ်ထားတဲ့ကော်မတီ၏ စစ်ဆေးချက်အရ ရွေး ကောက်ပွဲရလဒ်ပြန်ပြောင်းရန် သူ့ရဲ့သမ္မတအခွင့်အာဏာကိုသုံးပြီး အားလုံးလုပ်ခဲ့သည့် သမ္မတတစ်ဦးအကြောင်းကို အားလုံးကြားခဲ့ရပြီးဖြစ်ပါကြောင်း၊ သူဟာ လိမ်ညာကာ အနိုင်ကျင့်ခဲ့ကြောင်းနဲ့ သူရဲ့ကျမ်းသစ္စာကျိန်ဆိုမှုကိုလည်း ချိုးဖောက်ခဲ့ကြောင်း” သွန်မဆင်က ပြောကြားခဲ့သည်။
“သူဟာ ကျွန်တော်တို့ရဲ့ ဒီမိုကရေစီစည်းမျဉ်းစည်းကမ်းတွေကိုလည်း ဖျက်ဆီးဖို့ ကြိုးစား ခဲ့တယ်၊ ဥပဒေမဲ့ပြီး အကျင့်ပျက်ခြစားတဲ့လမ်းကိုလည်း အဆင်အခြင်မဲ့စွာ ဦးတည်မိအောင် မီးထိုးပေး ခဲ့သေးတယ်။” ဟု သူကဆက်ပြောသည်။
“သမ္မတတစ်ယောက်ဟာ သက်တမ်းတစ်လျှောက်လုံးမှာ တာဝန်ယူမှုရှိဖို့ လိုအပ်ပါတယ်။” ဟုလည်း သူက ပြောကြားခဲ့သည်။
ခုံအဖွဲ့တွင် ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၆ရက်နေ့ ဝင်ရောက်စီးနင်းမှုဖြစ်ပွားပြီးနောက် ထရမ့်ကို စွပ်စွဲပြစ်တင်ရန် မဲပေးခဲ့ကြသူများဖြစ်သည့် ဒီမိုကရက် ခုနစ်ဦးနှင့် ရီပတ် ဘလစ်ကန် နှစ်ဦးတို့ဖြင့် ဖွဲ့ စည်းထားပြီး လွှတ်တော်အဆောက်အအုံ တိုက်ခိုက်မှုကို ရှစ်ကြိမ်မြောက်ကြားနာ စစ်ဆေးခဲ့ခြင်းဖြစ်သည်။ သွန်မဆင်သည် ကိုဗစ်ရောဂါပိုး ကူးစက်ခံထားရသဖြင့် ကြားနာမှုတွင် ဗီဒီယိုမိန့်ခွန်းပြောကြားခဲ့သည်။
လွှတ်တော်ကိုယ်စားလှယ်များက သမ္မတဟောင်းထရမ့်၏ ယင်းကိုထောက်ခံသူများကို ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲသည် မဲခိုးခံရကြောင်း အိမ်ဖြူတော်အနီးတွင် ဒေါသတကြီး မိန့်ခွန်း ပြော ကြားသည့်နေ့မှစကာ ဆူပူအုံကြွသူများကို ၎င်းတို့ဟာ “လူတော်များ” ဖြစ်ပေမယ့်လည်း အိမ်ပြန်ကြဖို့လိုကြောင်း နောက်ဆုံးပြောကြားခဲ့သည့်အချိန်အထိ ၎င်း၏လုပ်ရပ်များကို စစ်ဆေး ခဲ့ကြသည်။