- စစ်ဘေးရှောင်များကို ငွေပေးပြီး စစ်သင်တန်းတက်ရန် ALP စည်းရုံးနေ
- ICC ဒဏ်ခတ်အရေးယူခဲ့သည် Trump အစိုးရအဖွဲ့ကို Fortify Rights တရားစွဲ
- ပုသိမ်က ပြည်သူ့စစ်သင်တန်းဆင်းများကို စစ်တွေသို့ ပို့နေ
- ဘင်္ဂလားဒေ့ရှ် ပြုပြင်ပြောင်းလဲရေးကြောင့် အစ္စလာမစ်အမာခံတွေ အတွက် လမ်းစပွင့်လာ
- "ဖေဖေ ဘယ်တော့ပြန်လာမလဲ သားသမီးတွေကမေးနေတော့ ကျမမှာ ဒီမေးခွန်းအတွက် အဖြေမရှိဘူး"
လိင်တူချစ်သူ အနမ်းပေးခန်းပါဝင်သည့် Lightyear ကာတွန်းကား အရှေ့အလယ်ပိုင်း နိုင်ငံအများတွင် ပြသခွင့်ပိတ်
ဒစ်စနေကာတွန်းဇာတ်ကားသစ် Lightyear တွင် လိင်တူချစ်သူ အနမ်းပေးခန်း ပါဝင်နေသဖြင့် ပြသခွင့် ပိတ်ပင်ထားသည့် နိုင်ငံအများအပြားရှိနေပြီး အရှေ့အလယ်ပိုင်းနှင့် အာရှမှ နိုင်ငံ ၁၄ နိုင်ငံအထိ ရှိကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
15 Jun 2022
DMG ၊ ဇွန် ၁၅
ဒစ်စနေကာတွန်းဇာတ်ကားသစ် Lightyear တွင် လိင်တူချစ်သူ အနမ်းပေးခန်း ပါဝင်နေသဖြင့် ပြသခွင့် ပိတ်ပင်ထားသည့် နိုင်ငံအများအပြားရှိနေပြီး အရှေ့အလယ်ပိုင်းနှင့် အာရှမှ နိုင်ငံ ၁၄ နိုင်ငံအထိ ရှိကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ယူအေအီး၊ ဆော်ဒီ၊ အီဂျစ်၊ အင်ဒိုနီးရှား၊ မလေးရှားနှင့် လက်ဘနွန်အပါအဝင် နိုင်ငံအများအပြားက ယခုကဲ့သို့ ပြသခွင့် ပိတ်ပင်ထားခြင်းဖြစ်သည်။
ကမ္ဘာ့အကြီးဆုံး ရုပ်ရှင်ဈေးကွက်ဖြစ်သည့် တရုတ်ပြည်တွင် ပြသခွင့်ရရန် ညှိနှိုင်းနေဆဲ ဖြစ်သော်လည်း တရုတ်ဘက်က အဆိုပါ အနမ်းပေးခန်းကို ဖြတ်ပေးရန် တောင်းဆိုထားပြီး ဝေါ့ဒစ်စနေဘက်က ငြင်းဆန်ထားသဖြင့် တရုတ်တွင်လည်း ပြသနိုင်ဖွယ် မရှိကြောင်း သတင်းတွင် ဖော်ပြသည်။
လိင်တူစုံမက်မှုကို အရှေ့အလယ်ပိုင်း နိုင်ငံအများအပြားတွင် ရာဇဝတ်မှုအဖြစ် သတ်မှတ်ထားသည်။ အဆိုပါစုံတွဲဆက်ဆံရေးသည် မိမိတို့နိုင်ငံ၏ မီဒီယာစံသတ်မှတ်ချက်ကို ဖောက်ဖျက်နေကြောင်း အာရပ်စော်ဘွားများပြည်ထောင်စု ယူအေအီးက ပြောကြားသည်။
ဆော်ဒီ၊ အီဂျစ်၊ အင်ဒိုနီးရှား၊ မလေးရှားနှင့် လက်ဘနွန်နိုင်ငံတို့မှ တာဝန်ရှိသူများကမူ ပြသခွင့် မပြုရသည့် အကြောင်းရင်းကို ဖြေကြားခြင်းမရှိပေ။
Lightyear သည် Toy Story ဇာတ်လမ်းများ၏ အဆက်ဖြစ်ကာ ခရစ်အီဗန်က အဓိကဇာတ်ကောင် Buzz Lightyear အဖြစ် အသံသရုပ်ဆောင်ထားသည်။ ဇာတ်ကားတွင် Buzz ၏ မိတ်ဆွေ အမျိုးသမီးအာကာသဝန်ထမ်းသည် အခြားအမျိုးသမီးတစ်ဦးနှင့် လက်ထပ်ထားပြီး ၎င်းတို့စုံတွဲအကြောင်းဖော်ပြမှုတွင် အနမ်းပေးခန်း တစ်ခန်း ပါဝင်သည်။