- စစ်ဘေးရှောင်သည့် တောင်ကုတ်မြို့ခံ ၄၀ ခန့်ကို စစ်ကောင်စီ ဖမ်းဆီးထား
- ကြက်ဥ ဈေးကောင်းရနေသော်လည်း ကြက်မွေးမြူရေးလုပ်ငန်း ရပ်တည်ရခက်ခဲလာ
- စစ်တွေမြို့တွင် 92 တစ်လီတာ ငွေကျပ်ငါးသောင်းထိ ဈေးမြင့်တက်နေ
- ရမ်းဗြဲရောက် စစ်ဘေးရှောင် တစ်သောင်းကျော် အရေးပေါ်အကူအညီ လိုအပ်နေ
- လက်နက်ကြီးကျ၍ ဂွဒေသခံအမျိုးသမီး တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ
ဥရောပသမဂ္ဂအနေဖြင့် ရွှေ့ပြောင်းဒုက္ခသည်အရေး ဟိုလိုလိုဒီလိုလို လုပ်နေခြင်းကို ရပ်တန့်ရမည်ဟု တူရကီပြော
တူရကီနိုင်ငံအတွင်းသောင်တင်နေသည့် သန်းနှင့်ချီသော ရွှေ့ပြောင်းဒုက္ခသည်များအရေးဖြေရှင်းရန်နှင့် ပတ်သက်ပြီး ဥရောပသမဂ္ဂအနေဖြင့် တူရကီကို ဟိုလိုလို၊ ဒီလိုလိုလုပ်နေခြင်းကို ရပ်တန့်သင့်ပြီဟု ယင်းနိုင်ငံ၏နိုင်ငံခြားရေးဝန်ကြီး ပြောကြားလိုက်ကြောင်း AP သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
11 Mar 2020
တူရကီနိုင်ငံအတွင်းသောင်တင်နေသည့် သန်းနှင့်ချီသော ရွှေ့ပြောင်းဒုက္ခသည်များအရေးဖြေရှင်းရန်နှင့် ပတ်သက်ပြီး ဥရောပသမဂ္ဂအနေဖြင့် တူရကီကို ဟိုလိုလို၊ ဒီလိုလိုလုပ်နေခြင်းကို ရပ်တန့်သင့်ပြီဟု ယင်းနိုင်ငံ၏နိုင်ငံခြားရေးဝန်ကြီး ပြောကြားလိုက်ကြောင်း AP သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ဥရောပသို့ ရွှေ့ပြောင်းဒုက္ခသည်များဝင်ရောက်မှုစီးကြောင်းကို ပိတ်ဆို့ရန်ရည်ရွယ်ချမှတ်ထားပြီး ၄ နှစ်သက်တမ်း ရှိပြီဖြစ်သည့် သဘောတူညီမှုတစ်ရပ်ကို ပြန်လည်သုံးသပ်ရန် ဥရောပမသမဂ္ဂနှင့် တူရကီတို့ကြားသဘောတူညီမှုရပြီး နောက်တစ်ရက်တွင် တူရကီနိုင်ငံခြားရေးဝန်ကြီး မက်ဗ်လက်ကာဗူဆိုဂလူ ကထိုကဲ့သို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။
EU အနေနှင့် ဆီးရီးယားဒုက္ခသည်များ အိမ်ပြန်နိုင်ရေးအပါအဝင် ဒုက္ခသည်စီးဝင်မှုအပေါ် တူရကီ၏စီမံခန့်ခွဲမှုများကို ကူညီနိုင်ရန် မှန်ကန်သည့်လုပ်ငန်းစဉ်များကို ဆောင်ရွက်ရမည်ဟု ၎င်းက ပြောကြားသည်။
တူရကီသမ္မတ အာဒိုဂန်သည် တနင်္လာနေ့က EU မှတာဝန်ရှိသူများနှင့် ဘရက်ဆဲလ်မြို့တွင်တွေ့ဆုံဆွေးနွေးခဲ့ပြီး နောက်တွင် ဒုက္ခသည်အရေးနှင့်ပတ်သက်သော ၂၀၁၆ သဘောတူညီမှုကို ပြန်လည်သုံးသပ်သွားရန် နှစ်ဖက်သ ဘောတူညီမှုရရှိခဲ့သည်။
တူရကီအစိုးရက ဥရောပသို့ဝင်ရောက်လိုသော ဒုက္ခသည်များအတွက် နယ်စပ်ဂိတ်များကိုဖွင့်ပေးရန် ဆုံးဖြတ်လိုက်ခြင်းကြောင့် တူရကီနိုင်ငံ၏ဂရိနှင့်နယ်စပ်တွင် ထောင်နှင့်ချီသောရွှေ့ပြောင်းဒုက္ခသည်များစုဝေး ရောက်ရှိလာပြီးနောက်တွင် တူရကီနှင့် EU ကြားတွေ့ဆုံဆွေးနွေးမှုပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။
ဂရိက ဒုက္ခသည်များဖြတ်ကျော်ဝင်ရောက်ခြင်းကို တားဆီးရန် သူ၏နယ်စပ်တွင် အဓိကရုဏ်းနှိမ်နင်းရေးရဲများချထားခဲ့ရာ ဒုက္ခသည်များနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များကြား ပဋိပက္ခများဖြစ်ပွားခဲ့သေးသည်။ ခန့်မှန်းချေ ၃.၅ သန်းခန့်ရှိသော ဆီးရီးယားဒုက္ခသည်များ၏ ဝန်ထုပ်ဝန်ပိုးကို ဥရောပသမဂ္ဂအနေဖြင့် ပို၍ဝန်ထမ်းပေးရန် အာဒိုဂန်ကတောင်းဆိုထားသည်။ ဥရောပသမဂ္ဂသည် ဥရောပသို့ရွှေ့ပြောင်းဒုက္ခသည်များဝင်ရောက်မှုကို တားဆီးရန်အတွက် တူရကီတို့ကိုပေးရမည့် ငွေကို ပေးရန်ပျက်ကွက်ခြင်းအပါအဝင် ၂၀၁၆ သဘောတူညီမှုအောက်ရှိကတိကဝတ်များကိုလိုက်နာခြင်း မရှိဟုလည်း တူရကီက စွပ်စွဲထားသည်။
တနင်္လာနေ့က ဆွေးနွေးပွဲအပြီးတွင် ဥရောပကောင်စီဥက္ကဌ ချားလ်မီရှယ်ကမူ တူရကီ နှင့် EU ကြားသဘောတူညီမှုကို အကောင်အထည်ဖော်ခြင်းနှင့်ပတ်သက်ပြီး ရှင်းရှင်းလင်းလင်းဖြစ်စေရန်အတွက် လာမည့်ရက်အနည်းငယ်အတွင်း တူရကီနိုင်ငံခြားရေးဝန်ကြီးနှင့် EU နိုင်ငံခြားရေးမူဝါဒအကြီးအကဲတို့ဦးဆောင်သောအဖွဲ့ကဆောင်ရွက်သွားမည် ဖြစ်ကြောင်းပြောကြားခဲ့သည်။
တူရကီသည် EU နှင့်သဘောတူထားသော ၂၀၁၆ သဘောတူညီမှုများအတိုင်း ပြည့်မီအောင်ဆောင်ရွက်ခဲ့ပြီး EU ဘက်မှမူ ၎င်း၏တာဝန်ဝတ္တရားများကို ကျေပွန်အောင်ဆောင်ရွက်ရာတွင် နှေးကွေးခဲ့ကြောင်း EU ခေါင်းဆောင်များက တနင်္လာနေ့ကဆွေးနွေးပွဲအတွင်း အသိအမှတ်ပြုခဲ့သည်ဟုလည်း တူရကီသမ္မတ အာဒိုဂန်ကပြောကြားခဲ့သည်။