- စစ်ဘေးရှောင်များကို ငွေပေးပြီး စစ်သင်တန်းတက်ရန် ALP စည်းရုံးနေ
- ICC ဒဏ်ခတ်အရေးယူခဲ့သည် Trump အစိုးရအဖွဲ့ကို Fortify Rights တရားစွဲ
- ပုသိမ်က ပြည်သူ့စစ်သင်တန်းဆင်းများကို စစ်တွေသို့ ပို့နေ
- ဘင်္ဂလားဒေ့ရှ် ပြုပြင်ပြောင်းလဲရေးကြောင့် အစ္စလာမစ်အမာခံတွေ အတွက် လမ်းစပွင့်လာ
- "ဖေဖေ ဘယ်တော့ပြန်လာမလဲ သားသမီးတွေကမေးနေတော့ ကျမမှာ ဒီမေးခွန်းအတွက် အဖြေမရှိဘူး"
အမုန်းစကားများအား မကိုင်တွယ်နိုင်လျှင် ပိုမိုတင်းကြပ်သည့်စည်းကမ်းများ လာမည်ဟု ဖေ့စ်ဘုတ်အား ဥရောပသမဂ္ဂ ခြိမ်းခြောက်
နည်းပညာကုမ္ပဏီကြီးများသည် အမုန်းစကားများနှင့် သတင်းမှားများအား အပြည့်အဝ မထိန်းချုပ်နိုင်လျှင် ဥရောပ၌ ပိုမိုပြင်းထန်သည့် စည်းကမ်းနှင့် ဒဏ်ခတ်မှုများ ကြုံလာရဖွယ်ရှိသည်ဟု ဥရောပသမဂ္ဂ၏ နည်းပညာမူဝါဒပိုင်းဆိုင်ရာ ထိပ်တန်းအရာရှိတစ်ဦးက တနင်္လာနေ့တွင် သတိပေးလိုက်သည်။
18 Feb 2020
အမုန်းစကားများအတွက် အလွန်အကျွံ ဒဏ်ခတ်မှုများ မပြုလုပ်အောင် တိုက်တွန်းရန်အတွက် ဖေ့စ်ဘုတ်စီအီးအို မာ့ခ်ဇူကာဘက်သည် ဘရက်ဆဲလ်သို့ ရောက်ရှိနေခြင်းဖြစ်သည်။ (ဓာတ်ပုံ - AFP)
နည်းပညာကုမ္ပဏီကြီးများသည် အမုန်းစကားများနှင့် သတင်းမှားများအား အပြည့်အဝ မထိန်းချုပ်နိုင်လျှင် ဥရောပ၌ ပိုမိုပြင်းထန်သည့် စည်းကမ်းနှင့် ဒဏ်ခတ်မှုများ ကြုံလာရဖွယ်ရှိသည်ဟု ဥရောပသမဂ္ဂ၏ နည်းပညာမူဝါဒပိုင်းဆိုင်ရာ ထိပ်တန်းအရာရှိတစ်ဦးက တနင်္လာနေ့တွင် သတိပေးလိုက်သည်။
ဥရောပစက်မှုလုပ်ငန်းဆိုင်ရာ အထူးတာဝန်ခံ သီယာရီဘရက်တန် က ဖေ့စ်ဘုတ်အကြီးအကဲ မာ့ခ်ဇူကာဘက်နှင့် တွေ့ဆုံမှုများအပြီး အထက်ပါအတိုင်း မှတ်ချက်ပေးလိုက်ခြင်း ဖြစ်သည်။
အမုန်းစကား ပြန့်ပွားမှုအတွက် လူမှုကွန်ရက် ပလက်ဖောင်းများအား အလွန်အကျွံ အပြစ်ပေးခြင်းများ မပြုလုပ်ဖို့ တိုက်တွန်းရန်အတွက် မာ့ခ်ဇူကာဘက်သည် ဘရက်ဆဲလ်မြို့တွင် ရောက်ရှိစဉ် ဘရက်တန်နှင့် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။
“ဥရောပတိုက်မှာ အသုံးပြုနေကြတဲ့လူမှုကွန်ရက် ပလက်ဖောင်းတွေဟာ ခုနကပြောထားတဲ့အချက်တွေကို လေးစားလိုက်နာမှု မရှိဘူးဆိုရင်တော့ သေချာပါတယ်၊ ကျနော်တို့ တင်းကြပ်မှုတွေ လုပ်လာရပါလိမ့်မယ်။” ဟု ဘရက်တန်က သတင်းထောက်များအား ပြောကြားသည်။
ယခုနှစ်ကုန်ပိုင်းတွင် ထွက်ရှိလာမည့် ဥပဒေသစ်သည် နည်းပညာကမ္ပဏီကြီးများအပေါ် ပိုမိုတင်းကြပ်လာနိုင်ကြောင်းလည်း ဘရက်တန်က ပြောကြားသွားသည်။
၂၀၂၀ နှစ်ကုန်ပိုင်းတွင် ထွက်ရှိလာမည့် နည်းပညာဝန်ဆောင်မှုဆိုင်ရာ ဥပဒေသည် ဖေ့စ်ဘုတ်ကဲ့သို့ ကုမ္ပဏီကြီးများအပေါ် အကျိုးသက်ရောက်မှုများ ရှိလာမည်ဖြစ်သည်။
မသင့်လျော်သောစာများအား ဖယ်ရှားရန်အတွက် ပလက်ဖောင်းအနေဖြင့် မှန်ကန်သောစနစ်ဖြင့် ထိရောက်အောင်ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ထိုစာများအတွက် ပလက်ဖောင်းက တာဝန်ခံရန် မဟုတ်ကြောင်း ဥရောပသမဂ္ဂ တာဝန်ခံများထံ ဖေ့စ်ဘုတ်က တင်ပြခဲ့သောစာတမ်းတွင် ဖော်ပြထားသည်။
ဘရက်တန်ကမူ ဖေ့စ်ဘုတ်က တင်ပြခဲ့သောစာတမ်းသည် စိတ်ဝင်စားဖွယ်ကောင်းသော်လည်း တာဝန်ခံမှုအပိုင်း အားနည်းနှေးကွေးလွန်းသည်ဟု ပြောကြားသည်။ ဖေ့စ်ဘုတ်အနေဖြင့် တာဝန်ယူရမည့်အပိုင်းကို တိကျစွာဖော်ပြရန် လိုအပ်သလို ဈေးကွက်ကြီးစိုးမှုနှင့် ဆက်စပ်၍လည်း ထည့်သွင်း ပြောကြားထားခြင်းမရှိဟု ဘရက်တန်က ပြောကြားသွားသည်။