- ရန်ကုန်တွင် တစ်လအတွင်း လူငယ် ၅၀၀ ခန့်ကို စစ်ကောင်စီ ဖမ်းဆီး
- မိုင်းနင်းမိ၍ မောင်တောဒေသခံတစ်ဦး ပြင်းထန်ဒဏ်ရာရ
- ၂၀၂၄ တွင် မြန်မာပြည်သူများ လျှပ်စစ်မီးပြတ်တောက်မှုကို အဆိုးရွားဆုံးရင်ဆိုင်ခဲ့ရ
- ရေဂင်လေဆိပ်အနီး လေယာဉ်ပျက်ကျမှုတွင် သေဆုံးသွားသူ ၆၇ ဦး၏ ရုပ်အလောင်းများ ဆယ်ယူရရှိ
- ရခိုင်တွင် စစ်ဘေးရှောင်များ အရေပြားရောဂါဖြစ်ပွားမှုနှုန်း မြင့်တက်
အမုန်းစကားများ ထိန်းချုပ်ရန်ပျက်ကွက်မှုအတွက် ဖေ့စ်ဘုတ်ကို မွတ်ဆလင်ဒုက္ခသည်များ တရားစွဲပြီး ကန်ဒေါ်လာ ၁၅၀ ဘီလျံ နစ်နာကြေးတောင်း
ဖေ့စ်ဘုတ်ကုမ္ပဏီသည် ၎င်းပိုင်ဆိုင်သောကွန်ရက်ပေါ်၌ အမုန်းစကားများကို ထိန်းချုပ်တားဆီးရန် ပျက်ကွက်ခဲ့သည့်အတွက် မြန်မာနိုင်ငံတွင် လူနည်းစုများအပေါ် အကြမ်းဖက်မှုအား ပိုမိုဆိုးဝါးစေခဲ့သည်ဟုဆိုကာ မွတ်ဆလင်ဒုက္ခသည်များသည် ဖေ့စ်ဘုတ်ကုမ္ပဏီအား တရားစွဲဆိုလိုက်ပြီး လျော်ကြေး အမေရိကန်ဒေါ်လာ ၁၅၀ ဘီလျံ တောင်းဆိုလိုက်ကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
08 Dec 2021
DMG ၊ ဒီဇင်ဘာ ၈
ဖေ့စ်ဘုတ်ကုမ္ပဏီသည် ၎င်းပိုင်ဆိုင်သောကွန်ရက်ပေါ်၌ အမုန်းစကားများကို ထိန်းချုပ်တားဆီးရန် ပျက်ကွက်ခဲ့သည့်အတွက် မြန်မာနိုင်ငံတွင် လူနည်းစုများအပေါ် အကြမ်းဖက်မှုအား ပိုမိုဆိုးဝါးစေခဲ့သည်ဟုဆိုကာ မွတ်ဆလင်ဒုက္ခသည်များသည် ဖေ့စ်ဘုတ်ကုမ္ပဏီအား တရားစွဲဆိုလိုက်ပြီး လျော်ကြေး အမေရိကန်ဒေါ်လာ ၁၅၀ ဘီလျံ တောင်းဆိုလိုက်ကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
တိုင်ကြားချက်ကို အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ်ရှိ တရားရုံးတစ်ခုတွင် တင်သွင်းခဲ့ခြင်း ဖြစ်သည်။
အမေရိကန်အခြေစိုက် ဖေ့စ်ဘုတ်ကုမ္ပဏီ၏ တိုးတက်ဖွံ့ဖြိုးလာမှုသည် အမုန်းတရား၊ အကွဲအပြဲနှင့် သတင်းမှားပျံ့နှံ့မှုများကြောင့်သာ ဖြစ်ပြီး ဤအချက်အများကြောင့်ပင် သိန်းနှင့်ချီသော မွတ်ဆလင်များ အတိဒုက္ခရောက်ခဲ့ရသည်ဟု တရားရုံးသို့ တင်သွင်းချက်တွင် ဖော်ပြထားသည်။
ဖေ့စ်ဘုတ်၏ သတင်းဖော်ပြမှုစနစ်ကြောင့် အယုံလွယ်သူများအား ပိုမိုအစွန်းရောက်သည့် အုပ်စုများနှင့် ပူးပေါင်းမိသွားစေပြီး ထင်ရာစိုင်းသည့် နိုင်ငံရေးသမားများနှင့် အာဏာရှင်များက လိုသလို ပုံဖော်အသုံးချနိုင်သည့် အခြေအနေသို့ ရောက်သွားစေသည်ဟု တင်သွင်းချက်တွင် ဖော်ပြသည်။
ဖေ့စ်ဘုတ်ကုမ္ပဏီသည် လတ်တလောတွင် အမေရိကန်နှင့် ဥရောပတွင် ရွေးကောက်ပွဲအရေး၊ ကိုဗစ်ကပ်ဘေးအရေးများနှင့် ပတ်သက်၍ သတင်းမှားများကို ထိထိရောက်ရောက် ကိုင်တွယ်ပေးရန် ဖိအားပေးခံနေရသည်။
ယခု တရားစွဲဆိုမှုနှင့် ပတ်သက်၍ ဖေ့စ်ဘုတ်ကုမ္ပဏီဘက်မှ လတ်တလော တုံ့ပြန်ဖြေရှင်းမှု မရှိသေးပေ။
ရခိုင်ပြည်တွင် ၂၀၁၇ ခုနှစ်အတွင်း မြန်မာစစ်တပ်၏ နယ်မြေရှင်းလင်းရေး ဆောင်ရွက်ချက်များကြောင့် သိန်းနှင့်ချီသော မွတ်ဆလင်များသည် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးခဲ့ရသည်။ လက်ရှိတွင် ဘင်္ဂလားဒေ့ရှ်ရှိ ဒုက္ခသည်စခန်း ၃၀ ကျော်၌ ခိုလှုံနေသော မွတ်ဆလင်စုစုပေါင်း ၉ သိန်းနီးပါးရှိကြောင်း ယူနီဆက်ဖ်၏ ထုတ်ပြန်ချက်တစ်ရပ်အရ သိရသည်။