- စစ်ဘေးရှောင်များကို ငွေပေးပြီး စစ်သင်တန်းတက်ရန် ALP စည်းရုံးနေ
- ICC ဒဏ်ခတ်အရေးယူခဲ့သည် Trump အစိုးရအဖွဲ့ကို Fortify Rights တရားစွဲ
- ပုသိမ်က ပြည်သူ့စစ်သင်တန်းဆင်းများကို စစ်တွေသို့ ပို့နေ
- ဘင်္ဂလားဒေ့ရှ် ပြုပြင်ပြောင်းလဲရေးကြောင့် အစ္စလာမစ်အမာခံတွေ အတွက် လမ်းစပွင့်လာ
- "ဖေဖေ ဘယ်တော့ပြန်လာမလဲ သားသမီးတွေကမေးနေတော့ ကျမမှာ ဒီမေးခွန်းအတွက် အဖြေမရှိဘူး"
အင်ဒိုနီးရှားအကျဉ်းထောင် မီးလောင်မှုကြောင့် ၄၁ ဦးသေဆုံး
အင်ဒိုနီးရှားနိုင်ငံ ဘန်တန်ခရိုင်ရှိ အကျဉ်းထောင်တစ်ခုတွင် ဗုဒ္ဓဟူးနေ့ အစောပိုင်းက မီးလောင်မှုဖြစ်ပွားပြီး ၄၁ ဦး သေဆုံးခဲ့ကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
09 Sep 2021

DMG ၊ စက်တင်ဘာ ၉
အင်ဒိုနီးရှားနိုင်ငံ ဘန်တန်ခရိုင်ရှိ အကျဉ်းထောင်တစ်ခုတွင် ဗုဒ္ဓဟူးနေ့ အစောပိုင်းက မီးလောင်မှုဖြစ်ပွားပြီး ၄၁ ဦး သေဆုံးခဲ့ကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
တန်ဂျီရန်အကျဉ်းထောင်တွင် နံနက် ၃ နာရီဝန်းကျင်၌ ဖြစ်ပွားခဲ့သည့် အဆိုပါမီးလောင်မှုကြောင့် ဒဏ်ရာရသူလည်း ဒါဇင်ပေါင်းများစွာ ရှိကြောင်း အရာရှိတစ်ဦးထံမှ သိရသည်ဟု အေအက်ဖ်ပီသတင်းက ဖော်ပြသည်။
မီးလောင်ချိန်၌ ထောင်တွင်း၌ ရှိနေသူအများစု အိပ်မောကျနေကြပြီး မူးယစ်ဆေးဝါးမှုဖြင့် အကျဉ်းကျနေသူများကို ထိန်းသိမ်းထားသည့် အဆောင်၌ လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။
“၄၁ ဦးသေဆုံးပါတယ်။ ၈ ယောက်က ဒဏ်ရာ ပြင်းပြင်းထန်ထန် ရထားပြီး အသေးစားဒဏ်ရာတွေ ရထားသူ ၇၂ ယောက် ရှိပါတယ်” ဂျာကာတာရဲတပ်ဖွဲ့ အကြီးအကဲ ဖာဒီးအီမရန်က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။
မီးလောင်မှု ဖြစ်ပွားရသည့် အကြောင်းရင်းကို အာဏာပိုင်များက စုံစမ်းနေဆဲဖြစ်သည်။
“အခင်းဖြစ်ပွားရာနေရာကို ကျွန်တော်စစ်ဆေးထားပါပြီ။ ကနဦး စစ်ဆေးချက်တွေအရတော့ ဝါယာရှော့ကြောင်း မီးလောင်တာလို့ ယူဆရပါတယ်” ဟု ဖာဒီးအီမရန်က ပြောသည်။
တန်ဂျီရန် အကျဉ်းထောင်တွင် အကျဉ်းသား ၆၀၀ ခန့်အတွက်သာ နေရာရှိသော်လည်း လက်ရှိတွင် ထိန်းသိမ်းထားသော အကျဉ်းသားစုစုပေါင်း ၂၀၀၀ ကျော်ရှိကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။