- စစ်ဘေးရှောင်များကို ငွေပေးပြီး စစ်သင်တန်းတက်ရန် ALP စည်းရုံးနေ
- ICC ဒဏ်ခတ်အရေးယူခဲ့သည် Trump အစိုးရအဖွဲ့ကို Fortify Rights တရားစွဲ
- ပုသိမ်က ပြည်သူ့စစ်သင်တန်းဆင်းများကို စစ်တွေသို့ ပို့နေ
- ဘင်္ဂလားဒေ့ရှ် ပြုပြင်ပြောင်းလဲရေးကြောင့် အစ္စလာမစ်အမာခံတွေ အတွက် လမ်းစပွင့်လာ
- "ဖေဖေ ဘယ်တော့ပြန်လာမလဲ သားသမီးတွေကမေးနေတော့ ကျမမှာ ဒီမေးခွန်းအတွက် အဖြေမရှိဘူး"
ကယ်လီဖိုးနီးယားမှာ ပစ်ခတ်မှု နောက်တစ်ခုထပ်ဖြစ်သဖြင့် ခုနစ်ဦးသေဆုံး
ကယ်လီဖိုးနီးယားပြည်နယ် လော့စ်အင်ဂျလိစ်မြို့တွင် စနေနေ့ညပိုင်းက ပစ်ခတ်မှုတစ်ခုကြောင့် လူပေါင်း ၁၁ ဦးအထိ သေဆုံးခဲ့ရပြီးနောက် တနင်္လာနေ့တွင် ဆန်ဖရန်စစ္စကိုမြို့၌ နောက်ထပ်ပစ်ခတ်မှုတစ်ခု ဖြစ်ပွားခဲ့ပြီး လူ ၇ ဦး သေဆုံးခဲ့သည်။
25 Jan 2023
ပစ်ခတ်မှုနှင့် ပတ်သက်၍ သံသယရှိသူအား ဖမ်းဆီးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - Reuters
ကယ်လီဖိုးနီးယားပြည်နယ် လော့စ်အင်ဂျလိစ်မြို့တွင် စနေနေ့ညပိုင်းက ပစ်ခတ်မှုတစ်ခုကြောင့် လူပေါင်း ၁၁ ဦးအထိ သေဆုံးခဲ့ရပြီးနောက် တနင်္လာနေ့တွင် ဆန်ဖရန်စစ္စကိုမြို့၌ နောက်ထပ်ပစ်ခတ်မှုတစ်ခု ဖြစ်ပွားခဲ့ပြီး လူ ၇ ဦး သေဆုံးခဲ့ကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ယခုပစ်ခတ်မှုအသစ်မှာ ဆန်ဖရန်စစ္စကိုအနီး Half Moon Bay ဧရိယာရှိ စိုက်ခင်းနှစ်ခုတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ပစ်ခတ်မှုနှင့် ပတ်သက်၍ အသက် ၆၇ နှစ်အရွယ် Chunli Zhao ကို ရဲတပ်ဖွဲ့က ဖမ်းဆီးထားသည်။
“Zhao ကို ထိန်းသိမ်းထားပါတယ်။ ဆီမီးအော်တိုမက်တစ် သေနတ်တစ်လက်ကိုလည်း သူ့ကားထဲမှာ တွေ့ရပါတယ်” ဟု San Mateo ကောင်တီရဲမှူး ခရစ္စတီနာကောပက်စ်က ပြောကြားသည်။
ကယ်လီဖိုးနီးယားပြည်နယ်တွင် ပြီးခဲ့သော စနေနေ့ညဉ့်ကလည်း သက်ကြီးပိုင်း အာရှနွယ်ဖွားတစ်ဦးက တရုတ်နှစ်သစ်ကူး ပျော်ပွဲရွှင်ပွဲ ကျင်းပရန် လူစုဝေးချိန် ပစ်ခတ်မှုပြုလုပ်ခဲ့သဖြင့် ၁၁ ဦးသေဆုံးခဲ့သည်။
ကယ်လီဖိုးနီးယားပြည်နယ်သည် အမေရိကန်ပြည်ထောင်စုတွင် လက်နက်ကိုင်ဆောင်ခွင့်နှင့် ပတ်သက်၍ အတင်းကြပ်ဆုံး ပြည်နယ်များအနက် တစ်ခုဖြစ်သည်။ သို့သော်လည်း ဤပြည်နယ်၌ ယခုကဲ့သို့ ၂၄ နာရီအတွင်း ပစ်ခတ်မှု နှစ်ကြိမ်အထိ ဖြစ်ပွားခဲ့ကာ သေဆုံးမှုများခဲ့ရခြင်းနှင့် ပတ်သက်၍ လူအများ အထိတ်တလန့် ဖြစ်လျက်ရှိကြောင်း အေအက်ဖ်ပီသတင်းတွင် ဖော်ပြသည်။