- ကျောက်ဖြူ ရွှေသဘာဝဓာတ်ငွေ့ပိုက်လိုင်းအနီး စစ်ကောင်စီ လက်နက်ကြီးများ ကျရောက်
- မြန်မာလူဦးရေ တစ်သန်းကျော်အတွက် ရိက္ခာထောက်ပံ့မှုကို ဧပြီလမှ စ၍ WFP ရပ်ဆိုင်းမည်
- ကုလအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်နှင့် ဘင်္ဂလားဒေ့ရှ်ခေါင်းဆောင် မိုဟာမက်ယူနွတ် တွေ့ဆုံ
- ကျောက်ဖြူ၊ ကြတ္တိန်ရွာကို စစ်ကောင်စီ ဗုံးကြဲမှု ၅ ကြိမ်အထိရှိလာ
- ညောင်ကျိုးစခန်းက အရာရှိအပါအဝင် စစ်ကောင်စီတပ်သားများ တပ်ဆုတ်
ပါရာဒိုက်စ်မြို့ မီးလောင်ကျွမ်းမှုအတွက် တာဝန်ရှိကြောင်း အမေရိကန်လျှပ်စစ်ကုမ္ပဏီ ဝန်ခံ
ကယ်လီဖိုးနီးယားပြည်နယ် မြောက်ပိုင်းရှိ ပါရာဒိုက်စ်မြို့ မီးလောင်ကျွမ်းမှုအတွက် မိမိတို့ကုမ္ပဏီတွင် တာဝန်ရှိကြောင်း ကယ်လီဖိုးနီးယားရှိ လျှပ်စစ်ကုမ္ပဏီတစ်ခုက ဝန်ခံပြောကြားလိုက်သည်။
24 Mar 2020

ကယ်လီဖိုးနီးယားပြည်နယ် မြောက်ပိုင်းရှိ ပါရာဒိုက်စ်မြို့ မီးလောင်ကျွမ်းမှုအတွက် မိမိတို့ကုမ္ပဏီတွင် တာဝန်ရှိကြောင်း ကယ်လီဖိုးနီးယားရှိ လျှပ်စစ်ကုမ္ပဏီတစ်ခုက ဝန်ခံပြောကြားလိုက်သည်။
မိမိတို့သည် ဘတ်တီးကောင်တီ၌ ဒေသခံတရားစွဲဆိုသူများနှင့် သဘောတူညီချက်ရယူခဲ့ပြီး လူသေဆုံးမှုများအတွက်လည်း ဝန်ခံခဲ့ကြောင်း ကုမ္ပဏီ၏ ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။
“ကျနော်တို့ရဲ့ပစ္စည်းတွေကနေ မီးစတင် လောင်ကျွမ်းခဲ့တာပါ။ ဒါအမှန်ပါပဲ။ ဒီဝန်ခံချက်နဲ့အတူ မီးလောင်ကျွမ်းမှုဖြစ်စဉ်အတွက် ကျနော်တို့ရဲ့အမှားကို တာဝန်ယူပါတယ်” ဟု ကုမ္ပဏီ စီအီးအိုနှင့် ဥက္ကဋ္ဌတစ်ဦးဖြစ်သူ ဘီလ်ဂျွန်ဆင်က ပြောကြားသည်။
ဝမ်းနည်းဖွယ်ရာ ယခုဖြစ်ရပ်ဆိုးအတွက် ကုမ္ပဏီမှ သက်ဆိုင်သူအားလုံး အထူးနောင်တရမိပါကြောင်းလည်း ဘီလ်ဂျွန်ဆင်က ထပ်လောင်းပြောကြားသည်။
ဟောင်းနွမ်းနေသော ပစ္စည်းကိရိယာများ၊ သစ်သားဓာတ်မီးတိုင်များနှင့် ဗို့အားမြင့်ဓာတ်ကြိုးများအနီးရှိ မရှင်းလင်းရသေးသော ဧရိယာကြောင့် မီးစတင် လောင်ကျွမ်းခဲ့ရခြင်းဖြစ်ကြောင်း ကုမ္ပဏီအား ဝေဖန်ထားသည်။ ကုမ္ပဏီသည် လုံခြုံရေးထက် ၎င်းတို့၏အကျိုးအမြတ်ကိုသာ ဦးစားပေးခဲ့ကြောင်းလည်း စွပ်စွဲထားသည်။
မိမိတို့ဘက်က ဒဏ်ကြေးအဖြစ် အမေရိကန်ဒေါ်လာ ၄ သန်းအထိ ပေးဆောင်သွားမည်ဖြစ်ပြီး မီးလောင်ကျွမ်းမှုကြောင့် ပျက်စီးသွားသော ရေပိုက်လိုက်များအား ပြန်လည်ပြုပြင်ရေးအပါအဝင် ပြန်လည်တည်ဆောက်ရမည့် အဆောက်အအုံများ၏ ကုန်ကျစရိတ်များကို ကျခံသွားမည်ဖြစ်ကြောင်း ကုမ္ပဏီက ထုတ်ပြန်ထားသည်။
၂၀၁၈ ခုနှစ် နိုဝင်ဘာလက ဖြစ်ပွားခဲ့သော မီးလောင်ကျွမ်းမှုကြောင့် ပါရာဒိုက်စ်မြို့ငယ် ဧရိယာ၏ ၉၀ ရာခိုင်နှုန်းခန့် မီးလောင်ပြာကျခဲ့ပြီး သေဆုံးသူ ၈၆ ဦးရှိခဲ့ကြောင်း အေအက်ဖ်ပီသတင်းတွင် ဖော်ပြထားသည်။