- ကျောက်ဖြူ ရွှေသဘာဝဓာတ်ငွေ့ပိုက်လိုင်းအနီး စစ်ကောင်စီ လက်နက်ကြီးများ ကျရောက်
- မြန်မာလူဦးရေ တစ်သန်းကျော်အတွက် ရိက္ခာထောက်ပံ့မှုကို ဧပြီလမှ စ၍ WFP ရပ်ဆိုင်းမည်
- ကုလအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်နှင့် ဘင်္ဂလားဒေ့ရှ်ခေါင်းဆောင် မိုဟာမက်ယူနွတ် တွေ့ဆုံ
- ကျောက်ဖြူ၊ ကြတ္တိန်ရွာကို စစ်ကောင်စီ ဗုံးကြဲမှု ၅ ကြိမ်အထိရှိလာ
- ညောင်ကျိုးစခန်းက အရာရှိအပါအဝင် စစ်ကောင်စီတပ်သားများ တပ်ဆုတ်
သြစတြေးလျတောမီး မဲလ်ဘုန်းအထိ ရောက်ရှိ
သြစတြေးလျတွင် အကြီးအကျယ် ပျံ့နှံ့လောင်ကျွမ်းနေသော တောမီးကြောင့် မဲလ်ဘုန်းမြို့ ဆင်ခြေဖုံး ငါးနေရာရှိ ပြည်သူ ၁၀၀,၀၀၀ ခန့်အား နေအိမ်များမှ စွန့်ခွာကြရန် တိုက်တွန်းထားကြောင်း AFP သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
31 Dec 2019

သြစတြေးလျတွင် အကြီးအကျယ် ပျံ့နှံ့လောင်ကျွမ်းနေသော တောမီးကြောင့် မဲလ်ဘုန်းမြို့ ဆင်ခြေဖုံး ငါးနေရာရှိ ပြည်သူ ၁၀၀,၀၀၀ ခန့်အား နေအိမ်များမှ စွန့်ခွာကြရန် တိုက်တွန်းထားကြောင်း AFP သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
နိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့တော်ဖြစ်သည့် မဲလ်ဘုန်းတွင် အစောပိုင်းက ထုတ်ပြန်ခဲ့သည့် အရေးပေါ်အခြေအနေ သတိပေးချက်အား အာဏာပိုင်များက အဆင့်လျှော့ချလိုက်ပြီဖြစ်သော်လည်း ဒေသခံများအနေဖြင့် မီးလောင်ကျွမ်းနေသည့် နေရာများနှင့် ဝေးရာသို့ ရှောင်နေသင့်ကြောင်း သတိပေးထားသည်။ အဆိုပါတောမီးသည် မြက်ခင်းပြင် ဧက ၁၀၀ နီးပါးတွင် ကူးစက်လောင်ကျွမ်းနေခြင်းဖြစ်သည်။
မြို့လယ်မှ မြောက်ဘက် ၁၀ မိုင်ခန့်အကွာရှိ ပင်မတက္ကသိုလ်နှစ်ခု တည်ရှိရာ ဘန်ဒူးရား ဒေသတွင်လည်း တောမီးသည် လူနေအိမ်ခြေများ ရှိရာဘက်သို့ ဦးတည်လောင်ကျွမ်းလျှက်ရှိသည်။ ၎င်းမီးအား လက်ရှိအချိန်ထိ ဆိုင်းထားနိုင်သော်လည်း မီးငြိမ်းသတ်နိုင်သည့်အဆင့်သို့ မရောက်သေးကြောင်း ဗစ်တိုးရီးယား အရေးပေါ်ဌာနက ပြောကြားသည်။
တောမီးအား မီးသတ်လေယာဉ်များဖြင့်ပါ ငြိမ်းသတ်လျှက်ရှိပြီး မိသားစုများသည်လည်း တောမီးကူးစက်မှုမှ ကာကွယ်ရန်အတွက် မိမိတို့နေအိမ်များအား ရေဖြန်းနေကြသည်ကို ဒေသဆိုင်ရာ မီဒီယာများတွင် ဖော်ပြလျက်ရှိသည်။
နယူးဆောက်ဝေးပြည်နယ်တွင် စေတနာ့ဝန်ထမ်း မီးသတ်သမားတစ်ဦး သေဆုံးခဲ့ပြီး နောက်နှစ်ဦးသည်လည်း ဆစ်ဒနီအနောက်တောင်ပိုင်းတွင် ငါးနာရီထက်မနည်း မီးငြိမ်းသတ်ရင်း မီးလောင်ကျွမ်းသည့် ဒဏ်ရာများ ရရှိသွားသည်ဟု ကျေးလက်မီးသတ်ဌာနထံမှ သိရသည်။
ယခုနှစ် တောမီးရာသီအတွင်း နေရာအနှံ့အပြား လောင်ကျွမ်းလျက်ရှိသော တောမီးများကြောင့် လက်ရှိအချိန်ထိ သေဆုံးသူစုစုပေါင်းမှာ စေတနာ့ဝန်ထမ်း မီးသတ်သမားနှစ်ဦး အပါအဝင် ၁၀ ဦး ရှိသွားပြီဖြစ်သည်။
မီးလောင်ကျွမ်းမှုကြောင့် ပျက်စီးဆုံးရှုံးမှုများမှာ လူနေအိမ်ခြေ ၁,၀၀၀ ကျော်နှင့် မီးသင့်ဧရိယာ ဧက ၇.၄ သန်းထက်မနည်း ရှိနေပြီဖြစ်သည်။ ဧက ၇.၄ သန်းသည် ဘယ်လ်ဂျီယံနိုင်ငံ ဧရိယာထက် ပိုများသောပမာဏဖြစ်သည်။
နိုင်ငံတစ်ဝန်း တနင်္လာနေ့တွင် ခံစားခဲ့ရသော အပူလှိုင်းကြောင့်လည်း သြစတြေးလျနိုင်ငံ၏ ယခုနှစ်နွေရာသီ မီးဘေးကာလသည် မီးလောင်ရာလေပင့် အနေအထားသို့ ရောက်ရှိခဲ့သည်။ ကာလရှည်ကြာ မိုးခေါင်မှုနှင့် ကမ္ဘာရာသီဥတု ပြောင်းလဲလာမှုသည်လည်း သြစတြေးလျမီးဘေးအား ပိုမိုဆိုးဝါးသွားစေခဲ့သည်။