- စစ်တွေမြို့သို့ စစ်ကောင်စီက ကုန်စည်တင်သွင်းနေသော်လည်း ပြည်သူများထံ မရောက်
- သုံးရက်အတွင်း ဘင်္ဂလားဒေ့ရှ်သို့ထွက်ပြေးသည့် နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၁၃၀ ကျော်ရှိ
- မောင်တောဒေသတွင် အရေးပါသည့်တံတားများအား စစ်ကောင်စီ ဖျက်ဆီးနေ
- ဘူးသီးတောင်မြို့တွင် မွတ်ဆလင်များ AA ကို ဆန္ဒပြပြန်
- စစ်ကောင်စီထောင်ထားသည့် မိုင်းကိုနင်းမိ၍ ကျောက်ဖြူဒေသခံတစ်ဦး ပြင်းထန်ဒဏ်ရာရ
ဟာဝိုင်အီရှိ ကမ္ဘာ့အကြီးဆုံး သက်ရှိမီးတောင် ပေါက်ကွဲ
ဟာဝိုင်အီကျွန်းတွင်ရှိသော ကမ္ဘာ့အကြီးဆုံး သက်ရှိမီးတောင်ဖြစ်သည့် မော်နာလိုအာသည် တနင်္လာနေ့တွင် ချော်ရည်များနှင့် ပြာပူများ မှုတ်ထုတ်ကာ ပေါက်ကွဲခဲ့ကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
29 Nov 2022
ဓာတ်ပုံ - AP
DMG | နိုဝင်ဘာ ၂၉
ဟာဝိုင်အီကျွန်းတွင်ရှိသော ကမ္ဘာ့အကြီးဆုံး သက်ရှိမီးတောင်ဖြစ်သည့် မော်နာလိုအာသည် တနင်္လာနေ့တွင် ချော်ရည်များနှင့် ပြာပူများ မှုတ်ထုတ်ကာ ပေါက်ကွဲခဲ့ကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ယခုပေါက်ကွဲမှုသည် နှစ်ပေါင်း ၄၀ အတွင်း ပထမဆုံးအကြိမ်လည်း ဖြစ်သည်။ မီးတောင်ပေါက်ကွဲမှုကို ၇၅ ကီလိုမီတာအကွာမှ လှမ်းမြင်နေရသည်ဟုလည်း သတင်းတွင် ဖော်ပြသည်။
တနင်္ဂနွေနေ့ညဉ့်က ပထမဆုံး ပေါက်ကွဲချိန်၌ ချော်ရည်ပူများသည် မီးတောင်ဝအတွင်း၌သာ ရှိနေခဲ့သော်လည်း တနင်္လာနေ့တွင်မူ လျှံကျနေပြီဖြစ်ကြောင်း ပညာရှင်များက ပြောကြားသည်။
“ချော်ရည်ပူများသည် ယခုအခါ မီးတောင်ဝ အရှေ့မြောက်ပိုင်း ပပ်ကြားအက်များမှ စီးဆင်းနေကြပြီ” ဟု အမေရိကန် ဘူမိဗေဒလေ့လာရေးဌာန၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။
“ယခင်ကြုံခဲ့ဖူးသည့် ဖြစ်ရပ်များကို အခြေခံပြီးတွက်ချက်မည်ဆိုပါက မိုနာလိုအာပေါက်ကွဲမှုသည် အစောပိုင်းအဆင့်များတွင် ပြင်းထန်နိုင်သလို ချော်ရည်ပူများသည်လည်း အချိန်မရွေး စီးဆင်းမှုပုံစံ ပြောင်းလဲသွားနိုင်သည်” ဟုလည်း အဆိုပါဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။
ပေါက်ကွဲမှုကြောင့် လူနေအိမ်ခြေများအပေါ် ထိခိုက်နိုင်ခြေ မရှိသေးပေ။ သို့သော်လည်း မီးတောင်ပြာမှုန့်များနှင့် အငွေ့များသည် လေနှင့်အတူ အောက်ခြေပိုင်းသို့ ရောက်ရှိလာနိုင်ကြောင်း ကျွမ်းကျင်သူများက သတိပေးထားသည်။