- စစ်ဘေးရှောင်သည့် တောင်ကုတ်မြို့ခံ ၄၀ ခန့်ကို စစ်ကောင်စီ ဖမ်းဆီးထား
- ကြက်ဥ ဈေးကောင်းရနေသော်လည်း ကြက်မွေးမြူရေးလုပ်ငန်း ရပ်တည်ရခက်ခဲလာ
- စစ်တွေမြို့တွင် 92 တစ်လီတာ ငွေကျပ်ငါးသောင်းထိ ဈေးမြင့်တက်နေ
- ရမ်းဗြဲရောက် စစ်ဘေးရှောင် တစ်သောင်းကျော် အရေးပေါ်အကူအညီ လိုအပ်နေ
- လက်နက်ကြီးကျ၍ ဂွဒေသခံအမျိုးသမီး တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ
တရုတ်နှင့်ပူးပေါင်းဆောင်ရွက်သည့် ဟောင်ကောင်ဘဏ်များအား ပစ်မှတ်ထားသည့် ဥပဒေ အမေရိကန်ပြဌာန်း
အမေရိကန်ပြည်ထောင်စု အောက်လွှတ်တော်သည် အမျိုးသားလုံခြုံရေးဥပဒေကို အကောင်အထည်ဖော်သည့် တရုတ်အရာရှိများနှင့် စီးပွားရေးလုပ်ငန်းဆောင်ရွက်သည့် ဘဏ်များကို ဒဏ်ငွေပေးဆောင်စေမည့် ဥပဒေတစ်ရပ်အား ဗုဒ္ဓဟူးနေ့က ပြဌာန်းလိုက်သည်။
03 Jul 2020
အမေရိကန်ပြည်ထောင်စု အောက်လွှတ်တော်သည် အမျိုးသားလုံခြုံရေးဥပဒေကို အကောင်အထည်ဖော်သည့် တရုတ်အရာရှိများနှင့် စီးပွားရေးလုပ်ငန်းဆောင်ရွက်သည့် ဘဏ်များကို ဒဏ်ငွေပေးဆောင်စေမည့် ဥပဒေတစ်ရပ်အား ဗုဒ္ဓဟူးနေ့က ပြဌာန်းလိုက်သည်။
လွှတ်တော်ဥက္ကဋ္ဌ နန်စီ ပီလော့စီက တရုတ်၏လုံခြုံရေးဥပဒေသစ်သည် ဟောင်ကောင်အပေါ် ရက်စက်လှသောနှိမ်နင်းမှုဟု ဆိုသည်။
တရုတ်နိုင်ငံကမူ အမေရိကန်ပြည်ထောင်စုသည် ဟောင်ကောင်အရေးကို ဝင်ရောက်စွက်ဖက်နေခြင်းကို ရပ်သင့်ကြောင်း နှင့် ထိုသို့စွက်ဖက်မှုကို ပြင်းပြင်းထန်ထန်ခုခံသွားမည်ဖြစ်ကြောင်း သတိပေးပြောကြားလိုက်သည်။
ဟောင်ကောင်သည် ၁၉၉၇ခုနှစ်တွင် တရုတ်ပြည်မလက်အောက်သို့ ပြန်လည်ရောက်ရှိခဲ့ပြီး အထူး ဒေသလွတ်လပ်ခွင့်ကို ကာကွယ်နိုင်မည့် လွတ်လပ်သော တရားစီရင်ရေးစနစ်နှင့် ကျယ်ပြန့်သည့် နယ်ပယ်စုံံအလိုက် ကိုယ်ပိုင်အုပ်ချုပ်ခွင့် တို့ပါဝင်သည့် တစ်နိုင်ငံ စနစ်နှစ်မျိုးမူဖြင့် ကျင့်သုံးလျက်ရှိသည်။ သို့သော်လည်း တရုတ်အစိုးရသည် အမေရိကန် ပြည်ထောင်စု၊ ဗြိတိန်နှင့် အခြား အနောက်နိုင်ငံများမှ ပြစ်တင်ရှုတ်ချကြသည့် ဟောင်ကောင်အတွက် သက်ရောက်မည့် အမျိုးသား လုံခြုံရေးဥပဒေတစ်ရပ်ကို အင်္ဂါနေ့ကပြဌာန်းလိုက်သည်။
ဘဏ်လုပ်ငန်းရှင်များသည် အကျိုးအမြတ်အတွက် ဟောင်ကောင်၏အခွင့်အရေးများကို မစတေးသင့်ကြောင်း ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဒေါမစ်နစ် ရာ့ဘ်က ဥပဒေအသစ်ကို ထောက်ခံသည့် HSBC နှင့် အခြားဘဏ်များအား ပြောကြားလိုက်သည်။
HSBC နှင့် Standard Chartered ဘဏ်များက ဥပဒေအသစ်ကို ထောက်ခံခဲ့ပြီးနောက်ပိုင်း ဗြိတိန်နှင့် အမေရိကန်ဝါရင့် နိုင်ငံရေးသမားများက ထိုဘဏ်များအား ပြီးခဲ့သည့်လကပြစ်တင်ဝေဖန်ခဲ့သည်။
အဆိုပါ ဥပဒေသည် ခွဲထွက်ရေးကြိုးပမ်းမှု၊ ဗဟိုချုပ်ကိုင်မှုကို ဆန့်ကျင်မှု၊ အကြမ်းဖက်မှုနှင့် ပြည်ပအင်အားစုများနှင့် ပူးပေါင်းမှုစသည့် ရာဇဝတ်မှုများကို တစ်သက်တစ်ကျွန်းအထိ ပြစ်ဒဏ်ချမှတ်မည်ဖြစ်သည်။ ပြည်မရှိလုံခြုံရေးအေဂျင်စီ များမှ ကြီးကြပ်စစ်ဆေးသွားမည်ဖြစ်ပြီး စစ်ဆေးမှုအတွက် ပြည်မသို့ ခေါ်ယူခွင့်ပြုမည်ဖြစ်သည်။
အဆိုပါ ဥပဒေအား အောက်လွှတ်တော်တွင် မဲခွဲဆုံးဖြတ်ရာ တစ်ညီတစ်ညွတ်တည်း ထောက်ခံအတည်ပြုခဲ့ကြသည်။ ထို လုပ်ဆောင်ချက်သည် ယခင်ဗြိတိသျှကိုလိုနီဖြစ်ခဲ့သော တရုတ်၏ အလွတ်လပ်ဆုံးမြို့ဖြစ်သည့် ဟောင်ကောင်၏ နိုင်ငံ တကာဘဏ္ဍာရေးဗဟိုဌာနအဖြစ် ရပ်တည်လျက်ရှိသည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်အဆုံးသတ်စေနိုင်မည့် လုံခြုံရေးဥပဒေ တစ်ရပ်အနေဖြင့် တရုတ်နိုင်ငံ၏ ပြဌာန်းချက်ကို အမေရိကန် အစိုးရ အနေဖြင့် ပူပန်စိုးရိမ်နေကြောင်း ထင်ဟပ်နေသည်။
အမေရိကန်အထက်လွှတ်တော်သည် လွန်ခဲ့သည့် ရက်သတ္တပတ်တွင် အလားတူဥပဒေတစ်ရပ်အား ပြဌာန်းခဲ့သည်။ သို့ရာတွင် လွှတ်တော်စည်းမျဉ်းစည်းကမ်းများအရ အဆိုပါ ဥပဒေကြမ်းအား သမ္မတဒေါ်နယ်ထရမ့်မှ ဥပဒေတစ်ရပ်အဖြစ် လက်မှတ်ရေးထိုးရန် သို့မဟုတ် ပယ်ချခြင်းတို့ ပြုလုပ်နိုင်ရေးအတွက် အိမ်ဖြူတော်သို့ မပေးပို့မီ အထက်လွှတ်တော်တွင် ထပ်မံတင်ပြကာ သဘောတူညီချက်ရယူရမည်ဖြစ်သည်။
အမေရိကန်အောက်လွှတ်တော် ဥက္ကဋ္ဌ နန်စီပယ်လိုစီသည် ဟောင်ကောင်အခြေအနေအား ကြားနာသည့် ရေးရာ ကော်မတီအစည်းအဝေးကို ထူးထူးခြားခြားတက်ရောက်ခဲ့ပြီး လုံခြုံရေးဥပဒေသည် “တစ်နိုင်ငံ စနစ် နှစ်မျိုး” မူကိုချုပ်ငြိမ်း စေသည်ဟု မှတ်ချက်ပြုပြောကြားခဲ့သည်။
“ဒီဥပဒေဟာ ပြင်းထန်လွန်းပြီး ဟောင်ကောင်ပြည်သူတွေကို နှိမ်နင်းဖို့အတွက်ဖြစ်တယ်၊ သူတို့ကို ပေးထားတဲ့ လွတ်လပ် ခွင့်တွေကို ဖျက်ဆီးဖို့ ရည်ရွယ်တာပဲ” ဟု အောက်လွှတ်တော်နိုင်ငံခြားရေးရာကော်မတီကြားနာသည့်အစည်းအဝေးတွင် ပယ်လိုစီက ပြောကြားခဲ့သည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောင်လီကျန်းက အမေရိကန်ပြည်ထောင်စု အနေဖြင့် ဥပဒေကြမ်း ပြင်ဆင်နေခြင်းကို ရပ်ဆိုင်းရမည်ဖြစ်ကြောင်းနှင့် ဥပဒေကို လက်မှတ်ထိုးသည်ဖြစ်စေ သို့မဟုတ် ဆက်လုပ်သည်ဖြစ်စေ တရုတ်နိုင်ငံအနေဖြင့် ပြတ်ပြတ်သားသား ပြင်းထန်စွာ ခုခံသွားမည်ဖြစ်ကြောင်း ကြာသပတေးနေ့က ဘေဂျင်းတွင် ပြောကြားခဲ့သည်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုက လုံခြုံရေးဥပဒေသည် နိုင်ငံအားလုံးကို စော်ကားရာရောက်ပြီး အမေရိကန် အစိုးရအနေဖြင့် အထူးဒေသအဖြစ်တည်ရှိမှုကို အဆုံးသတ်ရန် သမ္မတထရမ့်၏ လမ်းညွှန်ချက်အား ဆက်လက်အကောင် အထည်ဖော်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အမေရိကန်ပြည်ထောင်စုသည် ဟောင်ကောင်၏ အထူးဒေသအဖြစ်တည်ရှိမှုအား ပယ်ဖျက်ခဲ့သည့်အပြင် စစ်လက်နက် ပစ္စည်းများတင်ပို့မှု ရပ်ဆိုင်းခြင်းနှင့် ၎င်းဒေသအား နည်းပညာမြင့်ထုတ်ကုန်များ သုံးစွဲခွင့်ကန့်သတ်ခြင်းများ စတင်လုပ် ဆောင်ခဲ့သည်။