သမ္မတလောင်းထရမ့် ဖလော်ရီဒါမှာ ဂေါက်ရိုက်နေတုန်း သေနတ်ဖြင့် ထပ်ပစ်ခံရ

သေနတ်သမားအား အထူးလုံခြုံရေး အဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်ခဲ့ပြီးနောက်တွင် ကားဖြင့် ထွက်ပြေးသွားခဲ့သည်။ AK-47 ရိုင်ဖယ်တစ်လက်ကိုလည်း ၎င်းပစ်ခတ်ခဲ့သည့် နေရာတွင် သိမ်းဆည်းရမိခဲ့သည်။

By Admin 16 Sep 2024

ဓာတ်ပုံ - AP
ဓာတ်ပုံ - AP

လာမည့် သမ္မတရွေးကောက်ပွဲတွင် ထပ်မံယှဉ်ပြိုင်ဦးမည့် အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်သည် တနင်္ဂနွေနေ့က ဖလော်ရီဒါရှိ သူ၏ဂေါက်ကွင်းတွင် ဂေါက်ရိုက်နေစဉ် သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရကြောင်း နိုင်ငံတကာ သတင်းများတွင် ဖော်ပြချက်များအရ သိရသည်။

သေနတ်သမားသည် ထရမ့်ဂေါက်ရိုက်သည့်နေရာနှင့် ကိုက်ရာဂဏန်းအနည်းငယ်သာ ကွာဝေးသည့်နေရာရှိ ချုံပုတ်ထဲမှ ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။

သေနတ်သမားအား အထူးလုံခြုံရေး အဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်ခဲ့ပြီးနောက်တွင် ကားဖြင့် ထွက်ပြေးသွားခဲ့သည်။ AK-47 ရိုင်ဖယ်တစ်လက်ကိုလည်း ၎င်းပစ်ခတ်ခဲ့သည့် နေရာတွင် သိမ်းဆည်းရမိခဲ့သည်။

ရိုင်ယန် ဝက်စလေရောက်။ 

ထရမ့်ကမူ ပစ်ခတ်မှုကြောင့် တစုံတရာ ထိခိုက်မှုမရှိခဲ့ဘဲ လွတ်ကင်းခဲ့သည်။ ထရမ့်ရှိနေမည့်အချိန်အား သေနတ်သမား မည်ကဲ့သို့ သိရှိထားသည်ကို ရှင်းရှင်းလင်းလင်း မသိရပေ။

သမ္မတဟောင်းထရမ့်အတွက် ယခုပစ်ခတ်မှုသည် ဒုတိယအကြိမ်လည်း ဖြစ်သည်။ လွန်ခဲ့သည့် နှစ်လက ပင််ဆယ်ဗေးနီးယား ပြည်နယ်တွင် မဲဆွယ်စည်းရုံးမှု တစ်ခု၌ ထရမ့်သည် သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရသည်။ ထိုစဉ်က နားရွက်တွင် ဒဏ်ရာအနည်းငယ် ရရှိခဲ့သည်။

ယခုတစ်ကြိမ်၌ ပစ်ခတ်မှု ကျူးလွန်ခဲ့သူသည် ဟာဝိုင်အီပြည်နယ်မှ အသက် ၅၈ နှစ်အရွယ် ရိုင်ယန်ဝက်စလေရောက် ဆိုသူဖြစ်ကြောင်း စီအန်အန်၊ ဖောက်စ်နှင့် နယူးယောက်တိုင်းမ် သတင်းဌာနတို့က ဖော်ပြထားကြသည်။ လက်ရှိ၌ ၎င်းကို ဖမ်းဆီးပြီး စစ်ဆေးလျက်ရှိသည်။