- စစ်ဘေးရှောင်သည့် တောင်ကုတ်မြို့ခံ ၄၀ ခန့်ကို စစ်ကောင်စီ ဖမ်းဆီးထား
- ကြက်ဥ ဈေးကောင်းရနေသော်လည်း ကြက်မွေးမြူရေးလုပ်ငန်း ရပ်တည်ရခက်ခဲလာ
- စစ်တွေမြို့တွင် 92 တစ်လီတာ ငွေကျပ်ငါးသောင်းထိ ဈေးမြင့်တက်နေ
- ရမ်းဗြဲရောက် စစ်ဘေးရှောင် တစ်သောင်းကျော် အရေးပေါ်အကူအညီ လိုအပ်နေ
- လက်နက်ကြီးကျ၍ ဂွဒေသခံအမျိုးသမီး တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ
အသံထက်မြန်သော ဟိုက်ပါဆိုးနစ်ဒုံးကျည် အမေရိကန် အောင်မြင်စွာစမ်းသပ်
အမေရိကန်နိုင်ငံသည် အသံထက်မြန်သော ဟိုက်ပါဆိုးနစ်ဒုံးကျည် ပုံစံတူအား သောကြာနေ့တွင် အောင်မြင်စွာစမ်းသပ်နိုင်ခဲ့ကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ ဟာဝိုင်အီမှ ဒေသစံတော်ချိန် မတ်လ ၁၉ ရက် ညဉ့် ၁၀ နာရီ ၃၀ တွင် ပစ်လွှတ်ခဲ့ခြင်းဖြစ်သည်။
21 Mar 2020
အမေရိကန်နိုင်ငံသည် အသံထက်မြန်သော ဟိုက်ပါဆိုးနစ်ဒုံးကျည် ပုံစံတူအား သောကြာနေ့တွင် အောင်မြင်စွာစမ်းသပ်နိုင်ခဲ့ကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ ဟာဝိုင်အီမှ ဒေသစံတော်ချိန် မတ်လ ၁၉ ရက် ညဉ့် ၁၀ နာရီ ၃၀ တွင် ပစ်လွှတ်ခဲ့ခြင်းဖြစ်သည်။
အသံထက် ငါးဆထက်မနည်း ပိုမြန်သော ဟိုက်ပါဆိုးနစ်အမြန်နှုန်းဖြင့် ယခုဒုံးကျည်ကို လက်နက်ထိပ်ဖူး မတပ်ဆင်ဘဲ စမ်းသပ်ပစ်လွှတ်ခဲ့ခြင်းဖြစ်ကြောင်း ပင်တဂွန်က ပြောကြားသည်။
အင်အားကြီးနိုင်ငံများအကြား ပါဝါအရှိန်မြှင့်ရန် အပြိုင်အဆိုင်ကြိုးစားနေကြသည့် နယူကလီးယားထိပ်ဖူးဖြင့် အသံထက်မြန်အောင် ပစ်လွှတ်မှုအား ယခုဒုံးကျည်ဖြင့် ဆောင်ရွက်နိုင်သည်။
၂၀၁၇ ခုနှစ်ကပြုလုပ်ခဲ့သည့် အမေရိကန်ကြည်းတပ်နှင့် ရေတပ် ပူးတွဲစမ်းသပ်မှုတွင် ပစ်မှတ်အား ဟိုက်ပါဆိုးနစ်အမြန်နှုန်းဖြင့် ပစ်ခတ်နိုင်သည့် ဒုံးကျည်နမူနာကို စမ်းသပ်ပစ်ခတ်ခဲ့ပြီး နောက်ဆက်တွဲအဖြစ် ယခုစမ်းသပ်မှုကို ဆောင်ရွက်ခြင်းဖြစ်သည်။
မိမိတို့အနေဖြင့် ဟိုက်ပါဆိုးနစ်စနစ်ဖြင့် တိုက်ခိုက်သည့်အဆင့်သို့ တက်လှမ်းရန် အဆင်သင့်ဖြစ်နေပြီဟု ဒုတိယရေတပ်ဗိုလ်ချုပ်ကြီး ဂျွန်နီဝူဖီက ကြေညာချက်တစ်စောင်တွင် ထည့်သွင်းပြောကြားထားသည်။
အမေရိကန်သည် ဟိုက်ပါဆိုးနစ်လက်နက် စမ်းသပ်မှုတွင် ရုရှားနှင့် တရုတ်တို့အား အမီလိုက်နိုင်အောင် ကြိုးစားလျက်ရှိသည်။ နိုင်ငံများသည်လည်း အဆိုပါလက်နက်အား ကာကွယ်နိုင်ရန် အပြိုင်အဆိုင် ကြိုးစားနေကြသဖြင့် နယူကလီးယားပဋိပက္ခ ဖြစ်လာနိုင်ခြေလည်း စိုးရိမ်ဖွယ်ရာမြင့်တက်လျက်ရှိသည်။
အမေရိကန်သည် ၂၀၂၃ ခုနှစ်ကုန်အမီ ဟိုက်ပါဆိုးနစ်လက်နက် ထုတ်လုပ်နိုင်ရေး ရည်ရွယ်ထားပြီး လက်နက်ထုတ်လုပ်ရေး အသုံးစရိတ်အဖြစ် အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနသည် ဒေါ်လာ ၃.၂ ဘီလျံ တောင်းခံထားသည်။
ပင်တဂွန်ကလည်း ဟိုက်ပါဆိုးနစ်လက်နက် ထုတ်လုပ်နိုင်ရေးသည် အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာန၏ ထိပ်တန်း ဦးစားပေးစီမံကိန်းများအနက် တစ်ခုဖြစ်ကြောင်း ပြောကြားထားသည်။
ဟိုက်ပါဆိုးနစ် ဒုံးလက်နက်သည် လက်ရှိအသုံးပြုနေသည့် ပဲ့ထိန်းဒုံးကျည်များထက် အဆပေါင်းများစွာ ပိုမိုမြန်ဆန်သည်။ သမားရိုးကျ ဒုံးကျည်များကဲ့သို့ သတ်မှတ်လမ်းကြောင်းအတိုင်း သွားစရာမလိုဘဲ လိုအပ်သလို လမ်းကြောင်းပြောင်းလဲနိုင်သဖြင့် ကြားဖြတ်ဖျက်ဆီးရန် အများကြီးခက်ခဲသွားမည်ဖြစ်သည်။ နယူကလီးယားထိပ်ဖူးသာ တပ်ဆင်လိုက်ပါက ကြောက်မက်ဖွယ်ရာလက်နက် ဖြစ်လာမည်ဖြစ်သည်။