- စစ်ဘေးရှောင်သည့် တောင်ကုတ်မြို့ခံ ၄၀ ခန့်ကို စစ်ကောင်စီ ဖမ်းဆီးထား
- ကြက်ဥ ဈေးကောင်းရနေသော်လည်း ကြက်မွေးမြူရေးလုပ်ငန်း ရပ်တည်ရခက်ခဲလာ
- စစ်တွေမြို့တွင် 92 တစ်လီတာ ငွေကျပ်ငါးသောင်းထိ ဈေးမြင့်တက်နေ
- ရမ်းဗြဲရောက် စစ်ဘေးရှောင် တစ်သောင်းကျော် အရေးပေါ်အကူအညီ လိုအပ်နေ
- လက်နက်ကြီးကျ၍ ဂွဒေသခံအမျိုးသမီး တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ
ကိုဗစ်ကပ်ဘေး ရင်ဆိုင်နေရသော်လည်း ကမ္ဘာတစ်ဝန်း စစ်အသုံးစရိတ် မြင့်တက်ခဲ့
ကိုဗစ်-၁၉ ကပ်ဘေးကြီးကြောင့် စီးပွားရေး ကျဆင်းသည့်ဒဏ်ကို ရင်ဆိုင်နေရသော်လည်း ကမ္ဘာ့နိုင်ငံများ၏ စစ်ဘက်ဆိုင်ရာ အသုံးစရိတ်သည် ၂၀၂၀ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၂ ထရီလီယံနီးပါး မြင့်တက်ခဲ့ကြောင်း သုတေသီများက ဧပြီလ ၂၆ ရက်နေ့တွင် ပြောကြားလိုက်သည်။
26 Apr 2021
DMG ၊ ဧပြီ ၂၆
ကိုဗစ်-၁၉ ကပ်ဘေးကြီးကြောင့် စီးပွားရေး ကျဆင်းသည့်ဒဏ်ကို ရင်ဆိုင်နေရသော်လည်း ကမ္ဘာ့နိုင်ငံများ၏ စစ်ဘက်ဆိုင်ရာ အသုံးစရိတ်သည် ၂၀၂၀ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၂ ထရီလီယံနီးပါး မြင့်တက်ခဲ့ကြောင်း သုတေသီများက ဧပြီလ ၂၆ ရက်နေ့တွင် ပြောကြားလိုက်သည်။
စတော့ဟုမ်း နိုင်ငံတကာငြိမ်းချမ်းရေး သုတေသန အင်စတီကျူ့ (SIPRI) က ဤအစီရင်ခံစာကို ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။
၂၀၂၀ ခုနှစ်အတွင်း ကမ္ဘာလုံးဆိုင်ရာ ဂျီဒီပီသည် ၄.၄ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့သော်လည်း စစ်ရေးအသုံးစရိတ်မှာ ၂.၆ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ပြီး ငွေကြေးအားဖြင့် အမေရိကန်ဒေါ်လာ ၁၉၈၁ ဘီလျံ ရှိကြောင်း SIPRI အစီရင်ခံစာတွင် ဖော်ပြထားသည်။
အစီရင်ခံစာ ရေးသားခဲ့သည့် သုတေသီများအနက် တစ်ဦးဖြစ်သူ ဒီယေဂိုလိုပက်ဒါဆီလ်ဗာ က မိမိတို့အနေဖြင့် ယခုကဲ့သို့ ရလဒ်မျိုး ထွက်လာမည်ဟု မထင်ခဲ့ကြကြောင်း အေအက်ဖ်ပီသတင်းဌာနသို့ ဖြေကြားသည်။
“ကပ်ဘေးကြီး ရှိနေတော့ စစ်ရေးအသုံးစရိတ်တွေ ကျဆင်းသွားမယ်လို့သာ ထင်ကြမှာလေ” ဟု သူက ဆိုသည်။
နေတိုးအဖွဲ့တွင်လည်း အဖွဲ့စည်းကမ်းဖြစ်သော နိုင်ငံ့ဂျီဒီပီ၏ ၂ ရာခိုင်နှုန်းထက် မနည်းသည့် ပမာဏကို စစ်ရေးအတွက် သုံးစွဲရန် ဟူသည့် အချက်ကို လိုက်နာသော အဖွဲ့ဝင်နိုင်ငံ အရေအတွက်သည် ၂၀၁၉ ထက် ၂၀၂၀ တွင် ပိုများခဲ့သည်။
ကပ်ဘေး၏ အကျိုးသက်ရောက်မှုဒဏ်ကို ခံခဲ့ရသည့် နိုင်ငံများလည်း ရှိနေသည်။ ချီလီနှင့် တောင်ကိုရီးယား နိုင်ငံတို့ဆိုလျှင် ကပ်ဘေးကြောင့် နိုင်ငံတော်၏ စစ်ရေးရန်ပုံငွေကို ပြန်လည်ညှိနှိုင်းရန် ဆုံးဖြတ်ခဲ့သည်။
ဘရာဇီးနှင့် ရုရှားတို့သည်လည်း ကပ်ဘေးကြောင့်ဟု အတိအလင်း ပြောကြားခြင်းမရှိသော်လည်း ၂၀၂၀ အတွက် စစ်ရေးအသုံးစရိတ်ကို မူလလျာထားချက်ထက် လျှော့ပေါ့သုံးစွဲခဲ့ကြသည်ဟု သုတေသီ ဒီယေဂိုလိုပက်ဒါဆီလ်ဗာ က ပြောသည်။
အမေရိကန်နှင့် တရုတ်တို့သည် ၂၀၂၀ တွင် စစ်ရေးအသုံးစရိတ် အမြင့်ဆုံး သုံးစွဲခဲ့သည့် နိုင်ငံများ ဖြစ်သည်။ အမေရိကန်သည် ၃၉ ရာခိုင်နှုန်း၊ တရုတ်သည် ၁၃ ရာခိုင်နှုန်းအထိ တိုးမြှင့်သုံးစွဲခဲ့သည်။