အီရန်နျူးကလီးယားလက်နက်အစီအစဉ်သည် “တားမြစ်ချက်အားလုံး” ချိုးဖောက်ခဲ့ဟု အစ္စရေးဝန်ကြီး ချုပ်ဆို

အစ္စရေးဝန်ကြီးချုပ် နက်ဖ်တာလီဘန်းနက်က အီရန်သည် နျူကလီးယား လက်နက်အစီအစဉ်ကို ထိန်းချုပ်ရန် ချမှတ်ထားသည့် “တားမြစ်ချက်များအားလုံး” ချိုးဖောက်ခဲ့သည်ဟု စွပ်စွဲပြော ကြားလိုက်သည်။ သို့စေကာမူ အစ္စရေးသည် အီရန်နျူကလီးယားလက်နက် ရရှိမည့်အရေးကို “ခွင့်ပြု မည်မဟုတ်” ဟုလည်း သူက ပြောကြားသည်။

30 Sep 2021

(ဓာတ်ပုံ - AFP)

DMG ၊ စက်တင်ဘာ ၃၀

အစ္စရေးဝန်ကြီးချုပ် နက်ဖ်တာလီဘန်းနက်က အီရန်သည် နျူကလီးယား လက်နက်အစီအစဉ်ကို ထိန်းချုပ်ရန် ချမှတ်ထားသည့် “တားမြစ်ချက်များအားလုံး” ချိုးဖောက်ခဲ့သည်ဟု စွပ်စွဲပြော ကြားလိုက်သည်။ သို့စေကာမူ အစ္စရေးသည် အီရန်နျူကလီးယားလက်နက် ရရှိမည့်အရေးကို “ခွင့်ပြု မည်မဟုတ်” ဟုလည်း သူက ပြောကြားသည်။

စက်တင်ဘာလ ၂၇ ရက်နေ့က ကုလသမဂ္ဂအထွေထွေညီလာခံ ကျင်းပစဉ် ဝန်ကြီးချုပ်အနေဖြင့် ပထမဆုံး ပြောကြားခဲ့သည့် မိန့်ခွန်းတွင် ယခုလို ပြောကြားလိုက်ခြင်းဖြစ်သည်။

အစ္စလာမစ် သမ္မတနိုင်ငံတစ်နိုင်ငံဖြစ်သည့် အီရန်သည် သူ၏နျူကလီးယားထုတ်လုပ်မှု စွမ်းရည်နှင့် လက် နက်ထုတ်နိုင်သည့် အဆင့်ရှိသည့် ယူရေနီယမ်ထုတ်နိုင်သည့် နည်းပညာ ရသွားသည့်

“အဓိကခြေလှမ်း တစ်ရပ်”ကို ပြီးခဲ့သည့်နှစ်များတွင် လှမ်းနိုင်ခဲ့ပြီဖြစ်ကြောင်း အစ္စရေးဝန်ကြီးချုပ်က အခိုင်အမာ ထုတ် ဖော်ပြောဆိုသည်။ “အီရန်ရဲ့ လက်နက်အစီအစဉ်ဟာ အလှည့်အပြောင်းတစ်ခုကို ရောက်နေပြီဖြစ်တယ်။ တားမြစ်ချက်တွေ အားလုံးကိုလည်း ချိုးဖောက်ခဲ့တယ်”ဟု ဇွန်လအတွင်း ဝန်ကြီးချုပ်ရာထူး စတင်တာဝန်ယူထားသူ ဘန်းနက်က ပြောဆိုသည်။

“အစ္စရေးမှာ ဒါမျိုးအခွင့်အရေး မရှိဘူး။ ကျွန်တော်တို့ ငြိမ်နေမှာမဟုတ်ဘူး။ ဘယ်တော့မှ အားလျော့သွားမှာလည်း မဟုတ်ဘူး။ အစ္စရေးအနေနဲ့ အီရန်ကို နျူကလီးယားလက်နက် တပ်ဆင်ခွင့် ဘယ်နည်းနဲ့မှ ပေးမှာမဟုတ်ဘူး။” ဟု ဝန်ကြီးချုပ်ကဆိုသည်။

အီရန်ကမူ ဘားနက်သည် “နစ်နာသူအဖြစ် အသံကောင်းဟစ်နေပြီး အစ္စရေးအုပ်ချုပ်ရေးကို စင်းလုံးချော ပြစ်ချက်မရှိသည့်အသွင် ဖမ်းနေကြောင်း” အလျင်အမြန်ပင် တုန့်ပြန်ပြောကြားခဲ့သည်။

အီရန်က ၎င်းတို့ဆောင်ရွက်နေသည့် နျူကလီးယားတပ်ဆင်မည့် အစီအစဉ်သည် အရပ်ဘက်သုံးအတွက် ဖြစ်ကြောင်း အစဉ်တစိုက်ပြောဆိုလျက်ရှိသည်။ အီရန်သည် အရေးယူပိတ်ဆို့ခံရမှုကို သက်သာစေရန် အပေးအယူအားဖြင့် ၂၀၁၅ ခုနှစ်တွင် သဘောတူထားခဲ့သည့် အထင်ကရစာချုပ်တစ်ခုပါ အစီအစဉ်ကို ပြန်လည်အသက်ဝင် အောင်ပြုရန် မကြာမီတွင် ဆွေးနွေးမှုများ စတင်နိုင်မည်မျှော်လင့်ကြောင်း သောကြာနေ့က ပြောကြားခဲ့သည်။

ထိုသဘောတူညီချက်သည် ၂၀၁၈ ခုနှစ်တွင် အမေရိကန်နုတ်ထွက်ပြီးနောက်ပိုင်း ပျက်သွားပြီး အမေရိကန် သည် အီရန်အပေါ် ပိတ်ဆို့အရေးယူမှုများ စတင်ခဲ့သည်။ အီရန်ကလည်း နျူကလီးယားလက်နက် တပ်ဆင် မည့် အစီအစဉ်များ အရှိန်မြှင့်လုပ်ဆောင်မှု ပြန်လည်စတင်ခြင်းဖြင့် တုန့်ပြန်ခဲ့သည်။