- စစ်ဘေးရှောင်သည့် တောင်ကုတ်မြို့ခံ ၄၀ ခန့်ကို စစ်ကောင်စီ ဖမ်းဆီးထား
- ကြက်ဥ ဈေးကောင်းရနေသော်လည်း ကြက်မွေးမြူရေးလုပ်ငန်း ရပ်တည်ရခက်ခဲလာ
- စစ်တွေမြို့တွင် 92 တစ်လီတာ ငွေကျပ်ငါးသောင်းထိ ဈေးမြင့်တက်နေ
- ရမ်းဗြဲရောက် စစ်ဘေးရှောင် တစ်သောင်းကျော် အရေးပေါ်အကူအညီ လိုအပ်နေ
- လက်နက်ကြီးကျ၍ ဂွဒေသခံအမျိုးသမီး တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ
အင်ဒိုသမ္မတ ဂျိုကိုဝီဒိုဒို၏ အစိုးရအဖွဲ့အသစ်တွင် ကျွမ်းကျင်ပညာရှင်များနှင့် လူငယ်များ ထည့်သွင်းဖွဲ့စည်း
အောက်တိုဘာ၊ ၂၃ ရက်တွင်ထုတ်ပြန်လိုက်သော ဂျိုကိုဝီဒိုဒို၏ အစိုးရအဖွဲ့သစ်တွင် ပြီးခဲ့သောရွေးကောက်ပွဲ ၂ ကြိမ်စလုံး၌ ဂျိုကိုဝီဒိုဒို၏ပြိုင်ဘက်ဖြစ်ခဲ့သော ဗိုလ်ချုပ်ဟောင်း မစ္စတာပရာဘိုဝိုဆူဘီယန်တိုသည် ကာကွယ်ရေးဝန်ကြီးအဖြစ် ပါဝင်လာခဲ့သလို ဒီဂျစ်တယ်ငွေပေးချေရေးလုပ်ငန်း Gojak ပူးတွဲတည်ထောင်သူ မစ္စတာ နာဒီယမ်မာခရင်မ် လည်း ပညာရေးဝန်ကြီးအဖြစ် ပါဝင်လာခဲ့သည်ကို တွေ့ရသည်။
24 Oct 2019
အင်ဒိုနီးရှားသမ္မတအဖြစ် ဒုတိယအကြိမ် ရွေးကောက်ခံခဲ့ရသော သမ္မတ ဂျိုကိုဝီဒိုဒိုသည် ၎င်း၏ နိုင်ငံရေးပြိုင်ဘက်များနှင့် လူငယ်စွန့်ဦးတီထွင် လုပ်ငန်းရှင်များကို အစိုးရအဖွဲ့သစ်အတွက် ဖိတ်ခေါ်လိုက်ကြောင်း CNA သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
\သမ္မတ ဂျိုကိုဝီဒိုဒို၏ ယခုကဲ့သို့ဆောင်ရွက်ချက်မှာ ရှေးရရိုးစွဲဝါဒကို တိုက်ဖျက်ပြီး ပညာရေးတိုးတက်အောင် ဆောင်ရွက်မည့် ၎င်း၏ဆုံးဖြတ်ချက်ကို ပြသလိုက်ခြင်းပင်ဖြစ်ကြောင်း ကျွမ်းကျင်သူများက သုံးသပ်လျက်ရှိသည်။
အောက်တိုဘာ၊ ၂၃ ရက်တွင်ထုတ်ပြန်လိုက်သော ဂျိုကိုဝီဒိုဒို၏ အစိုးရအဖွဲ့သစ်တွင် ပြီးခဲ့သောရွေးကောက်ပွဲ ၂ ကြိမ်စလုံး၌ ဂျိုကိုဝီဒိုဒို၏ပြိုင်ဘက်ဖြစ်ခဲ့သော ဗိုလ်ချုပ်ဟောင်း မစ္စတာပရာဘိုဝိုဆူဘီယန်တိုသည် ကာကွယ်ရေးဝန်ကြီးအဖြစ် ပါဝင်လာခဲ့သလို ဒီဂျစ်တယ်ငွေပေးချေရေးလုပ်ငန်း Gojak ပူးတွဲတည်ထောင်သူ မစ္စတာ နာဒီယမ်မာခရင်မ် လည်း ပညာရေးဝန်ကြီးအဖြစ် ပါဝင်လာခဲ့သည်ကို တွေ့ရသည်။
ဂျိုကိုဝီဒိုဒို၏ အသစ်ဖွဲ့စည်းလိုက်သော အစိုးရအဖွဲ့တွင်ပါဝင်လာသူများအနက်မှ ၃၈ ဦးခန့်မှာ သက်ဆိုင်ရာနယ်ပယ် အသီးသီးတွင် ကျွမ်းကျင်သူ ပရိုဖက်ရှင်နယ်အဖြစ် လုပ်ကိုင်သည့် နောက်ခံအခြေအနေ ရှိသူများဖြစ်သည်။
၎င်း၏ ဒုတိယသမ္မတသက်တမ်း ၅ နှစ်တွင် လူ့စွမ်းအားအရင်းအမြစ်များဖွံ့ဖြိုးတိုးတက်ရေး၊ အခြေခံအဆောက်အဦများ အဆင့်မြှင့်တင်ရေး၊ လုပ်ထုံးလုပ်နည်းများနှင့် ဗျူရိုကရေစီယန္တရားများအား ရိုးရှင်းလွယ်ကူစေရေးနှင့် စီးပွားရေးပြုပြင် ပြောင်းလဲရေးတို့ကို အာရုံစိုက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း မစ္စတာဝီဒိုဒိုက ၎င်း၏ဒုတိယသမ္မသက်တမ်းပထမဆုံး မိန့်ခွန်း တွင် အလေးပေးပြောကြားသွားခဲ့သည်။
သို့ရာတွင် အနောက်ပါပူဝါတွင် လူသေဆုံးမှုများရှိခဲ့သော အဓိကရုဏ်းများနှင့် ဥပဒေပြင်ဆင်ရေးတင်သွင်းမှုဆိုင်ရာ ကိစ္စများကြောင့် သမ္မတဝီဒိုဒိုအပေါ် ပြည်သူများ၏ ယုံကြည်မှုမှာကျဆင်းလျက်ရှိရာ ဝန်ကြီးအသစ်များအနေဖြင့် ခက်ခဲသောစိန်ခေါ်မှုများနှင့် ရင်ဆိုင်ရဖွယ်ရှိကြောင်း ကျွမ်းကျင်သူများက သုံးသပ်လျက်ရှိသည်။
အစ္စလာမ်ဘာသာကို အဓိကကိုးကွယ်သော အင်ဒိုနီးရှားနိုင်ငံတွင် ရှေးရိုးစွဲအယူသီးမှုဝါဒသည် ကြီးမားသောပြဿနာ တစ်ရပ်ဖြစ်လျက်ရှိပြီး မကြာသေးမီနှစ်များအတွင်း အကြမ်းဖက်တိုက်ခိုက်မှုများလည်း တသီတတန်းကြီး ပေါ်ပေါက်ခဲ့ရာ ယင်းအရေးကိစ္စမှာ မစ္စတာဝီဒိုဒိုဖြေရှင်းရမည့် ခေါင်းခဲစရာအရေးကိစ္စကြီးတစ်ရပ်ဖြစ်လျက်ရှိသည်။
မစ္စတာဝီဒိုဒိုသည် ၎င်း၏သမ္မတရာထူး ပထမသက်တမ်းအတွင်း လက်တွဲခဲ့သူများထဲမှ ယုံကြည်အားထားရသူအချို့ကိုလည်း အစိုးရအဖွဲ့အသစ်တွင် ပြန်လည်ခန့်အပ်ခဲ့ပြီး သူပြန်လည်ရွေးချယ်ခဲ့သူများမှာ မှန်ကန်သည့်ရွေးချယ်မှုများ ဖြစ်သည်ဟု နိုင်ငံရေးကျွမ်းကျင်သူများ၏ သုံးသပ်ချက်ကိုရရှိထားသည်။