- လက်နက်ကြီးကျ၍ ဂွဒေသခံအမျိုးသမီး တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ
- ကမ္ဘာတွင် မြေမြှုပ်မိုင်းအန္တရာယ် အဆိုးဆုံးဖြစ်လာသော မြန်မာနိုင်ငံ
- နပခဌာနချုပ်ထဲတွင် အကျဉ်းသားနှင့် အရပ်သား ၄၀၀ ခန့် ချုပ်နှောင်ခံထားရ
- မြန်မာ၏အပြုအမူသည် အာဆီယံ၏ အချက်အချာကျမှုကို ထိခိုက်စေနိုင်ကြောင်း စင်ကာပူကာကွယ်ရေးဝန်ကြီး ပြော
- ကုလလုံခြုံရေးကောင်စီ၏ ဂါဇာအပစ်အခတ်ရပ်ရေး အဆို အမေရိကန်က ဗီတိုအာဏာသုံး ပယ်ချ
ထိုင်ဝမ်အတွက် လိုအပ်လျှင် အင်အားသုံးကာကွယ်ပေးရန် မိမိအနေဖြင့် ဆန္ဒရှိနိုင်ကြောင်း သမ္မတဘိုင်ဒန်ပြော
ထိုင်ဝမ်အတွက် လိုအပ်လာလျှင် အင်အားသုံးကာကွယ်ပေးရန် မိမိဘက်က ဆန္ဒရှိလာနိုင်ကြောင်း အမေရိကန်သမ္မတဘိုင်ဒန်က မေလ ၂၃ ရက်နေ့တွင် ပြောကြားလိုက်သည်။
24 May 2022
DMG ၊ မေ ၂၄
ထိုင်ဝမ်အတွက် လိုအပ်လာလျှင် အင်အားသုံးကာကွယ်ပေးရန် မိမိဘက်က ဆန္ဒရှိလာနိုင်ကြောင်း အမေရိကန်သမ္မတဘိုင်ဒန်က မေလ ၂၃ ရက်နေ့တွင် ပြောကြားလိုက်သည်။
သမ္မတဘိုင်ဒန်၏ မှတ်ချက်သည် အမေရိကန်က လက်ရှိ ကျင့်သုံးနေသည့် မူဝါဒမှ သွေဖီနေကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
တရုတ်သည် ထိုင်ဝမ်ကို ၎င်းတို့၏ပိုင်နက်အဖြစ် သတ်မှတ်ထားပြီး ဤအကြောင်းအရာသည် အမေရိကန်-တရုတ် ဆက်ဆံရေးတွင် အကဲအဆတ်ဆုံး ကိစ္စရပ်လည်း ဖြစ်သည်။
ထိုင်ဝမ်ကို တရုတ်တို့ တိုက်ခိုက်လာလျှင် အမေရိကန်က ကာကွယ်ခုခံပေးမည်လားဟု တိုကျိုတွင် သတင်းထောက်တစ်ဦးက သမ္မတဘိုင်ဒန်အား မေးမြန်းချက်ကို ဘိုင်ဒန်က “ကာကွယ်ပေးမယ်” ဟု ဖြေကြားခဲ့သည်။
“ဒါဟာ ကျွန်တော်တို့ ထားရှိတဲ့ကတိကဝတ် ဖြစ်ပါတယ်။ တရုတ်တစ်ပြည်ထောင် စနစ်ကို ကျွန်တော်တို့ သဘောတူပါတယ်။ ဒါပေမဲ့ ထိုင်ဝမ်ကို အင်အားသုံးသိမ်းပိုက်မယ့်အကြံ၊ အင်အားသုံးမှုကိုပဲ ပြောတာပါ။ ဒါကတော့ မသင့်လျော်ပါဘူး” ဟု သူကဖြေကြားသည်။
ထိုကဲ့သို့ ဖြစ်ရပ်မျိုး မပေါ်ပေါက်လာရန် မျှော်လင့်သည်ဟုလည်း သူက ဖြည့်စွက်ပြောကြားသည်။
ဝါရှင်တန်သည် ဥပဒေအရ ထိုင်ဝမ်အနေဖြင့် ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်အောင် ကူညီပေးရန် လိုအပ်သည့် တစ်ချိန်တည်း၌ နှစ်ဘက်ခွဗျူဟာမြောက်ဆက်ဆံရေး မူဝါဒကိုလည်း ကိုင်စွဲထားသည်။
ဘိုင်ဒန်သည့် ယခုမှတ်ချက်နှင့် ပုံစံတူစကားကိုလည်း ပြီးခဲ့သော အောက်တိုဘာလတွင် ပြောကြားခဲ့သည်။ ထိုစဉ်ကမူ အိမ်ဖြူတော်ပြောခွင့်ရ ပုဂ္ဂိုလ်တစ်ဦးက ဘိုင်ဒန်၏စကားသည် အမေရိကန်၏ မူဝါဒအပြောင်းအလဲ ပြုလုပ်မည့်သဘော မဟုတ်ကြောင်း ပြောကြားခဲ့သည်။