- စစ်ဘေးရှောင်သည့် တောင်ကုတ်မြို့ခံ ၄၀ ခန့်ကို စစ်ကောင်စီ ဖမ်းဆီးထား
- ကြက်ဥ ဈေးကောင်းရနေသော်လည်း ကြက်မွေးမြူရေးလုပ်ငန်း ရပ်တည်ရခက်ခဲလာ
- စစ်တွေမြို့တွင် 92 တစ်လီတာ ငွေကျပ်ငါးသောင်းထိ ဈေးမြင့်တက်နေ
- ရမ်းဗြဲရောက် စစ်ဘေးရှောင် တစ်သောင်းကျော် အရေးပေါ်အကူအညီ လိုအပ်နေ
- လက်နက်ကြီးကျ၍ ဂွဒေသခံအမျိုးသမီး တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ
ဂျာကာတာတွင် ကိုဗစ်အတွက် လူထုခုခံအားရသည့် အဆင့်သို့ ရောက်ပြီဟု လက်ထောက်မြို့တော်ဝန် ပြော
ဂျာကာတာမြို့တော်သည် ကိုဗစ်ကပ်ဘေးကြီးကို ရင်ဆိုင်ရာ၌ လူထုခုခံအား (Herd Immunity) ရရှိသည့်အဆင့်သို့ ရောက်သွားပြီဟု ဂျာကာတာ လက်ထောက်မြို့တော်ဝန်က ပြောကြားလိုက်သည်။
24 Aug 2021
DMG ၊ ဩဂုတ် ၂၄
ဂျာကာတာမြို့တော်သည် ကိုဗစ်ကပ်ဘေးကြီးကို ရင်ဆိုင်ရာ၌ လူထုခုခံအား (Herd Immunity) ရရှိသည့်အဆင့်သို့ ရောက်သွားပြီဟု ဂျာကာတာ လက်ထောက်မြို့တော်ဝန်က ပြောကြားလိုက်သည်။
ကိုဗစ်-၁၉ ကန့်သတ်ချက် စည်းကမ်းများအား ဆက်လက်ကျင့်သုံးရန် ရှိ မရှိ တနင်္လာနေ့တွင် သမ္မတက ဆုံးဖြတ်ချက် မထုတ်ပြန်မီ ယခုကဲ့သို့ ထုတ်ဖော်ပြောကြားခဲ့ခြင်းလည်း ဖြစ်သည်။
“ဂျာကာတာဟာ အစိမ်းရောင်အဆင့်ကို ရောက်ရှိနေပြီဖြစ်ပြီး လူထုခုခံအား ရတဲ့အဆင့်ကို ရောက်သွားပါပြီ” ဟု ဂျာကာတာ လက်ထောက်မြို့တော်ဝန် အာမက်ရီဇီယာပါထရီယာက သတင်းထောက်များကို တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။
ဂျာကာတာတွင် ပြီးခဲ့သည့်လအတွင်း ကိုဗစ်ကူးစက်မှု အကြီးအကျယ် မြင့်တက်ခဲ့ပြီး ဆေးရုံများတွင် လူနာများဖြင့် ပြည့်ကြပ်နေခဲ့သလို အောက်ဆီဂျင်ပြတ်လပ်မှုများလည်း ဖြစ်ပေါ်ခဲ့သည်။ နေအိမ်တွင်း သေဆုံးခဲ့ရသည့် ကိုဗစ်လူနာများလည်း ရှိခဲ့သည်။
သို့သော် မကြာသေးမီ သီတင်းပတ်များအတွင်း ကူးစက်မှုပမာဏသည် သိသိသာသာ ကျဆင်းခဲ့သလို ကာကွယ်ဆေး ထိုးနှံသည့်ပမာဏလည်း မြင့်တက်ခဲ့သည်။
ဇူလိုင်လ ၁၂ ရက်နေ့က တစ်နေ့တာ ကူးစက်မှုပမာဏ ၁၄၆၀၀ အထိ မြင့်တက်ခဲ့ရာက ပြီးခဲ့သော သြဂုတ်လ ၂၂ ရက်နေ့တွင် ရ၀၀ အထိ ကျဆင်းခဲ့သည်။
ဂျာကာတာမြို့နေလူထု၏ ၅၄ ရာခိုင်နှုန်းသည် ကာကွယ်ဆေး အပြည့်အဝ ထိုးနှံပြီးပြီဖြစ်ကာ အများစုသည်လည်း တစ်ကြိမ် ထိုးနှံထားပြီး ဖြစ်သည်။
အင်ဒိုနီးရှားတက္ကသိုလ်၏ ကူးစက်ရောဂါပညာရှင်တစ်ဦး ဖြစ်သူ ပန္ဒုရီအိုနိုကမူ လက်ထောက်မြို့တော်ဝန်သည် လူထုခုအံအား သဘောတရားကို နားလည်မှုလွဲခြင်း ဖြစ်မည်ဟု ဆိုသည်။
“၁၀၀ ရာနှုန်းပြည့် ကာကွယ်ဆေးထိုးနှံပြီးပြီ ဆိုရင်တောင်မှု ခုခံအားအဆင့်ဟာ ၈၀ ရာခိုင်နှုန်းအောက်ပဲ ရှိပါတယ်” ဟု သူကပြောသည်။
ကာကွယ်ဆေး၏ ထိရောက်မှု အာနိသင်သည် ၅၅ ရာခိုင်နှုန်းခန့်သာ ရှိသည်ဟုလည်း သူက ဖြည့်စွက်ပြောကြားသည်။
ဂျာကာတာတွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကိုဗစ်ကူးစက်မှုနှုန်း ကျဆင်းလာသည် ဆိုသော်လည်း ပြီးခဲ့သော တနင်္ဂနွေနေ့တွင် တစ်ရက်တာကူးစက်မှု အရေအတွက် ၁၂၀၀၀ အထက် ရှိနေဆဲ ဖြစ်သည်။