- စစ်ဘေးရှောင်သည့် တောင်ကုတ်မြို့ခံ ၄၀ ခန့်ကို စစ်ကောင်စီ ဖမ်းဆီးထား
- ကြက်ဥ ဈေးကောင်းရနေသော်လည်း ကြက်မွေးမြူရေးလုပ်ငန်း ရပ်တည်ရခက်ခဲလာ
- စစ်တွေမြို့တွင် 92 တစ်လီတာ ငွေကျပ်ငါးသောင်းထိ ဈေးမြင့်တက်နေ
- ရမ်းဗြဲရောက် စစ်ဘေးရှောင် တစ်သောင်းကျော် အရေးပေါ်အကူအညီ လိုအပ်နေ
- လက်နက်ကြီးကျ၍ ဂွဒေသခံအမျိုးသမီး တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ
ဂျကာတာ ရေကြီးမှုအတွင်း သေဆုံးသူ ၃၀ ဦးအထိရောက်ရှိ၊ လူပေါင်း ၆၀၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်
လူပေါင်း သန်း ၃၀ ခန့်နေထိုင်သော ဂျကာတာမြို့ပြဧရိယာတဝိုက်မှ လူများသည် ရင်ခေါင်းခန့်ရှိသော ရေပြင်တွင် ရေနစ်မြုပ်သွားသော မိမိတို့နေအိမ်မှ ပစ္စည်းများကို ရနိုင်သလောက်သယ်ယူနေကြသည်ကို နိုင်ငံတကာသတင်းဌာနများတွင်ဖော်ပြထားသော ဓာတ်ပုံများ၌ တွေ့ရသည်။
04 Jan 2020
အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာတွင် နှစ်သစ်ကူးအကြိုညမှစတင်ကာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးမှုများဖြစ်ပေါ်ပြီး အနည်းဆုံး လူ ၃၀ ခန့် အသက်ဆုံးရှုံးခဲ့ရပြီးဖြစ်ကာ လူပေါင်း ၆၀၀၀၀ ကျော်မှာလည်း မိမိတို့၏ နေအိမ်များကို စွန့်ခွာထွက်ပြေးခဲ့ရကြောင်း အင်ဒိုနီးရှား သဘောဝဘေးအန္တရာယ်ဆိုင်ရာဌာန၏ ထုတ်ပြန်ချက်ကို ကိုးကားပြီး CNN တွင် ဖော်ပြထားသည်။
အသက်ဆုံးရှုံးခဲ့ရသူအများစုမှာ ဘိုဂေါ်ခရိုင်နှင့် အရှေ့ဂျကာတာတို့မှဖြစ်ပြီး သေဆုံးသူများထဲမှ ၁၇ ဦးမှာ ရေတက်လာချိန်တွင် ရေစီးနှင့်မျောပါကာ သေဆုံးခဲ့ခြင်းဖြစ်ကာ ၅ ဦးမှာမြေပြိုကျမှုများအတွင်း သေဆုံးခဲ့ရခြင်းဖြစ်သည်။ ထို့ပြင် ရေကြီးမှုအတွင်း ဓာတ်လိုက်သေဆုံးသူမှာလည်း ၅ ဦးအထိရှိခဲ့သည်။
မိုးသည် ဇန်နဝါရီ၊ ၁၀ ရက်နေ့အထိ ဆက်လက်သည်းထန်စွာ ရွာသွန်းလိမ့်မည်ဟုလည်း သဘာဝဘေးအန္တရာယ်ဆိုင်ရာဌာနက ထုတ်ပြန်ထားသည်။
လူပေါင်း သန်း ၃၀ ခန့်နေထိုင်သော ဂျကာတာမြို့ပြဧရိယာတဝိုက်မှ လူများသည် ရင်ခေါင်းခန့်ရှိသော ရေပြင်တွင် ရေနစ်မြုပ်သွားသော မိမိတို့နေအိမ်မှ ပစ္စည်းများကို ရနိုင်သလောက်သယ်ယူနေကြသည်ကို နိုင်ငံတကာသတင်းဌာနများတွင်ဖော်ပြထားသော ဓာတ်ပုံများ၌ တွေ့ရသည်။
ယခုရေကြီးမှုသည် ဂျကာတာမြို့တွင် ဆယ်စုနှစ် ၂ ခုကျော်အတွင်း အဆိုးဆုံးအဖြစ်စံချိန်တင်သွားခဲ့သည်။ အင်ဒိုနီးရှား မိုးလေဝသဌာန၏ တိုင်းတာချက်အရ အရှေ့ဂျကာတာလေဆိပ်တွင် ဇန်နဝါရီ၊ ၁ ရက်နေ့က မိုးရေချိန်မှာ ၁၅ လက်မ အထိရှိခဲ့ကာ ၁၉၉၆ ခုနှစ်နောက်ပိုင်း အမြင့်ဆုံးဖြစ်ခဲ့ကြောင်း Reuters သတင်းဌာနတွင် ဖော်ပြထားသည်။
ရေကြီးမှုဧရိယာအတွင်းမှ အချို့သူများသည် နေအိမ်များကို စွန့်ခွာရွှေ့ပြောင်းခြင်းမရှိသေးသဖြင့် ထိုသူများကို သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဌာနက အရေးပေါ်ရွှေ့ပြောင်းကြရန် ကြေညာချက်ထုတ်ထားရသည်။
ယခုရေကြီးမှုနှင့်ပတ်သက်ပြီး အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုကမူ ရေကြီးမှုထိန်းချုပ်ရေး အခြေခံအဆောက်အဦများ တည်ဆောက်ရန် နှောင့်နှေးကြန့်ကြာနေမှုကို အပြစ်တင်လိုက်သည်။
ရေကြီးမှုများ မကြာခဏဖြစ်ပေါ်လေ့ရှိသော ဂျကာတာသည် ကမ္ဘာပေါ်ရှိ ရေနစ်မြုပ်မှုအမြန်ဆုံးမြို့များထဲတွင် တစ်မြို့အပါအဝင်ဖြစ်သည်။
ထို့ကြောင့် အင်ဒိုနီးရှားအစိုးရက မြို့ပြဧရိယာကို ရွှွှေ့ပြောင်းအခြေချမည့် စီမံကိန်းတစ်ရပ်ကို ပြီးခဲ့သောနှစ်အတွင်းက ကြေညာထားပြီး ယင်းစီမံကိန်းအတွက်ကုန်ကျစရိတ်မှာ အမေရိကန်ဒေါ်လာ ၃၄ ဘီလျံဝန်းကျင်ရှိမည်ဖြစ်သည်။