- လက်နက်ကြီးကျ၍ ဂွဒေသခံအမျိုးသမီး တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ
- ကမ္ဘာတွင် မြေမြှုပ်မိုင်းအန္တရာယ် အဆိုးဆုံးဖြစ်လာသော မြန်မာနိုင်ငံ
- နပခဌာနချုပ်ထဲတွင် အကျဉ်းသားနှင့် အရပ်သား ၄၀၀ ခန့် ချုပ်နှောင်ခံထားရ
- မြန်မာ၏အပြုအမူသည် အာဆီယံ၏ အချက်အချာကျမှုကို ထိခိုက်စေနိုင်ကြောင်း စင်ကာပူကာကွယ်ရေးဝန်ကြီး ပြော
- ကုလလုံခြုံရေးကောင်စီ၏ ဂါဇာအပစ်အခတ်ရပ်ရေး အဆို အမေရိကန်က ဗီတိုအာဏာသုံး ပယ်ချ
အင်ဒိုနီးရှားက ပူတင်နှင့် ဇဲလန်စကီးတို့အား G-20 အစည်းအဝေးသို့ ဖိတ်ခေါ်
အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုက မိမိသည် ယူကရိန်းခေါင်းဆောင်၏ လက်နက်အကူအညီ တောင်းခံမှုကို ငြင်းပယ်ခဲ့သလို ယူကရိန်းစစ်ပွဲကို အဆုံးသတ်ကြရန် ယူကရိန်းခေါင်းဆောင်နှင့် ရုရှားနိုင်ငံခေါင်းဆောင်တို့အား တိုက်တွန်းခဲ့သည်ဟု သောကြာနေ့က ပြောကြားလိုက်သည်။
02 May 2022
DMG ၊ မေ ၂
အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုက မိမိသည် ယူကရိန်းခေါင်းဆောင်၏ လက်နက်အကူအညီ တောင်းခံမှုကို ငြင်းပယ်ခဲ့သလို ယူကရိန်းစစ်ပွဲကို အဆုံးသတ်ကြရန် ယူကရိန်းခေါင်းဆောင်နှင့် ရုရှားနိုင်ငံခေါင်းဆောင်တို့အား တိုက်တွန်းခဲ့သည်ဟု သောကြာနေ့က ပြောကြားလိုက်သည်။
အင်ဒိုနီးရှားသည် လက်ရှိတွင် G-20 အဓိကစီးပွားရေးအုပ်စု (၂ဝ) တို့၏ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည်။ ထို့အပြင် ရုရှားခေါင်းဆောင်အား မဖိတ်ဘဲထားရန် အချို့သောအနောက်နိုင်ငံများက ဖိအားပေးနေသည့်ကြားမှ ယူကရိန်းသမ္မတ ဗလိုဒီမာဇွဲလန်စကီးနှင့် ရုရှားခေါင်းဆောင် ဗလာဒီမာပူတင်တို့ နှစ်ယောက်လုံးကို နိုဝင်ဘာလတွင်ပြုလုပ်မည့် ခေါင်းဆောင်များ၏ ထိပ်သီးအစည်းအဝေးသို့ အင်ဒိုနီးရှားက ဖိတ်ကြားထားသည်။
“စစ်ပွဲတွေ မကြာခင် ပြီးဆုံးနိုင်မယ်လို့ မျှော်လင့်သလို ညှိနှိုင်းမှုတွေကနေတဆင့် ငြိမ်းချမ်းတဲ့ နည်းလမ်းတွေကို ပုံဖော်နိုင်မယ်လို့ မျှော်လင့်ပါတယ်” ဟု သမ္မတ ဂျိုကိုဝီက အွန်လိုင်းထုတ်ပြန်ချက်တွင် ပြောကြားခဲ့ပြီး ယခုသီတင်းပတ်တွင် ခေါင်းဆောင်နှစ်ဦးစလုံးထံ ဖုန်းဖြင့် ပြောဆိုခဲ့ကြောင်းကိုလည်း ထည့်သွင်း ပြောကြားခဲ့သည်။
အင်ဒိုနီးရှားနိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒသည် မဟာဗျူဟာမြောက် ကြားနေရေးလမ်းကြောင်းကို ထိန်းကျောင်းရန် ကြိုးပမ်းနေသောကြောင့် ယူကရိန်းသမ္မတ ဇွဲလန်စကီး၏ လက်နက်တောင်းဆိုမှုကို ငြင်းပယ်ခဲ့ကြောင်း ဂျိုကိုဝီက ပြောကြားခဲ့သည်။
အင်ဒိုနီးရှားအနေဖြင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများပေးပို့ရန် အဆင်သင့်ရှိကြောင်းကိုလည်း သမ္မတကပြောကြားခဲ့သည်။
ယူကရိန်းနိုင်ငံကို ရုရှားက ဆက်လက်ကျူးကျော်နေမှုကြောင့် ရုရှားသမ္မတပူတင်အား ဖိတ်ကြားခြင်းမပြုရန် အမေရိကန်၊ ဗြိတိန်နှင့် ကနေဒါအစရှိသည့် G-20 အဖွဲ့ဝင်တချို့က အင်ဒိုနီးရှားအား တိုက်တွန်းထားသည်။
သို့ရာတွင် ဂျိုကိုဝီက “အင်ဒိုနီးရှားက G-20 ကို ပေါင်းစည်းစေချင်တယ်၊ စိတ်ဝမ်းကွဲမှုတွေ အဖြစ်မခံပါနဲ့” ဟုပြောသည်။
ယူကရိန်းသည် G-20 အဖွဲ့ဝင်မဟုတ်ပေ။ သို့သော်လည်း အဖွဲ့၏ ဥက္ကဋ္ဌများသည် ယခင်ကတည်းကပင် ဧည့်သည်နိုင်ငံများကို ဖိတ်ကြားသည့် အလေ့အထ ရှိခဲ့သည်။
ပူတင်က အခမ်းအနားသို့ တက်ရောက်ရန် ရည်ရွယ်ထားသည်ဟု ဂျိုကိုဝီကပြောနေချိန်တွင် ကရင်မလင်၏ ပြောရေးဆိုခွင့်ရှိသူက ရုရှားခေါင်းဆောင်သည် အွန်လိုင်းမှတက်ရောက်မည် (သို့မဟုတ်) လူကိုယ်တိုင် တက်ရောက်မည်ကို မဆုံးဖြတ်ရသေးကြောင်း သောကြာနေ့တွင် ပြောကြားခဲ့သည်။