- စစ်တွေမြို့သို့ စစ်ကောင်စီက ကုန်စည်တင်သွင်းနေသော်လည်း ပြည်သူများထံ မရောက်
- သုံးရက်အတွင်း ဘင်္ဂလားဒေ့ရှ်သို့ထွက်ပြေးသည့် နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၁၃၀ ကျော်ရှိ
- မောင်တောဒေသတွင် အရေးပါသည့်တံတားများအား စစ်ကောင်စီ ဖျက်ဆီးနေ
- ဘူးသီးတောင်မြို့တွင် မွတ်ဆလင်များ AA ကို ဆန္ဒပြပြန်
- စစ်ကောင်စီထောင်ထားသည့် မိုင်းကိုနင်းမိ၍ ကျောက်ဖြူဒေသခံတစ်ဦး ပြင်းထန်ဒဏ်ရာရ
နည်းပညာ ကုမ္ပဏီများ အရေးယူခံရမှုနောက်ပိုင်း သူဌေးဂျက်မား ဂျပန်တွင် နေထိုင်နေ
အလီဘာဘာကုမ္ပဏီထူထောင်သူ တရုတ်သူဌေးဂျက်မားသည် အများပြည်သူမြင်ကွင်းမှ ခြောက်လခန့် ပျောက်ကွယ်သွားပြီးနောက်ပိုင်း ဂျပန်ပြည်တွင် နေထိုင်နေသည်ကို သတင်းရင်းမြစ် အများအပြားမှတစ်ဆင့် သိရကြောင်း Financial Times သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
01 Dec 2022
၂၀၂၁ ခုနှစ် အောက်တိုဘာလ ၂၀ ရက်နေ့က မာလော်ကာကျွန်းရှိ စန်တာပွန်ဆာမြို့တွင် ဂျက်မားအား တွေ့ရစဉ်။ ဓာတ်ပုံ - AFP
DMG | ဒီဇင်ဘာ ၁
အလီဘာဘာကုမ္ပဏီထူထောင်သူ တရုတ်သူဌေးဂျက်မားသည် အများပြည်သူမြင်ကွင်းမှ ခြောက်လခန့် ပျောက်ကွယ်သွားပြီးနောက်ပိုင်း ဂျပန်ပြည်တွင် နေထိုင်နေသည်ကို သတင်းရင်းမြစ် အများအပြားမှတစ်ဆင့် သိရကြောင်း Financial Times သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
တရုတ်နည်းပညာနယ်ပယ်၌ အစိုးရ၏ အရေးယူဖိနှိပ်မှုများ ရှိလာပြီးနောက်ပိုင်း ဂျက်မားသည် လူမြင်ကွင်းမှ ပျောက်သွားခဲ့သည်။ ဂျက်မား၏ Ant Group ကော်ပိုရေးရှင်းကိုလည်း အာဏာပိုင်များက စစ်ဆေးမှုများ ပြုလုပ်ကာ အလီဘာဘာကိုလည်း စံချိန်တင် ဒဏ်ကြေးသတ်မှတ်ခဲ့သည်။
ပြီးခဲ့သော ခြောက်လအတွင်း ဂျက်မားသည် သူ၏မိသားစုနှင့်အတူ ဂျပန်တွင်သာ အနေများခဲ့ပြီး အမေရိကန်နှင့် အစ္စရေးနိုင်ငံများသို့ သွားရောက်ခဲ့သည်များလည်း ရှိသည်ဟု Financial Times သတင်းက ဖော်ပြသည်။
တိုကျိုရှိ အသင်းဝင်သီးသန့် ကလပ်များတွင် ဂျက်မားကို တွေ့ရလေ့ရှိပြီး သူသည် ဂျပန် မော်ဒန်အနုပညာ လက်ရာများ စုဆောင်းတတ်သလို ၎င်း၏ စီးပွားရေးကို ရေရှည်တည်တံ့ရေးအတွက် နည်းလမ်းများ ကြံဆနေတတ်သူဟုလည်း FT က ဖော်ပြသည်။
တရုတ်အစိုးရသည် အင်တာနက်ကုမ္ပဏီများ၏ အချက်အလက် အလွန်အကျွံစုဆောင်းမှုများနှင့် မြန်မြန်ဆန်ဆန် လုပ်ငန်းကြီးထွားလာမှုများကို စိုးရိမ်ပြီး ပြီးခဲ့သောနှစ်များအတွင်း အဆိုပါကုမ္ပဏီများကို ရည်ရွယ်၍ ထိန်းချုပ်နှိပ်ကွပ်မှုများ ပြုလုပ်ခဲ့သည်။