- စစ်ဘေးရှောင်များကို ငွေပေးပြီး စစ်သင်တန်းတက်ရန် ALP စည်းရုံးနေ
- ICC ဒဏ်ခတ်အရေးယူခဲ့သည် Trump အစိုးရအဖွဲ့ကို Fortify Rights တရားစွဲ
- ပုသိမ်က ပြည်သူ့စစ်သင်တန်းဆင်းများကို စစ်တွေသို့ ပို့နေ
- ဘင်္ဂလားဒေ့ရှ် ပြုပြင်ပြောင်းလဲရေးကြောင့် အစ္စလာမစ်အမာခံတွေ အတွက် လမ်းစပွင့်လာ
- "ဖေဖေ ဘယ်တော့ပြန်လာမလဲ သားသမီးတွေကမေးနေတော့ ကျမမှာ ဒီမေးခွန်းအတွက် အဖြေမရှိဘူး"
သတင်းထောက် ယုကိ ကိတဇုမိအား ပြန်လွှတ်ပေးရန် ဂျပန်သတင်းထောက်များ တောင်းဆို
ရန်ကုန်တွင် ဖမ်းဆီးခံရသည့် ဂျပန်သတင်းထောက် ယုကိ ကိတဇုမိကို ပြန်လွှတ်ပေးရန် ဂျပန်သတင်းထောက်များက မြန်မာအာဏာပိုင်များအား ဧပြီလ ၂၀ ရက်နေ့တွင် စုပေါင်းတောင်းဆိုလိုက်သည်။
21 Apr 2021

DMG ၊ ဧပြီ ၂၁
ရန်ကုန်တွင် ဖမ်းဆီးခံရသည့် ဂျပန်သတင်းထောက် ယုကိ ကိတဇုမိကို ပြန်လွှတ်ပေးရန် ဂျပန်သတင်းထောက်များက မြန်မာအာဏာပိုင်များအား ဧပြီလ ၂၀ ရက်နေ့တွင် စုပေါင်းတောင်းဆိုလိုက်သည်။
ဂျပန်သတင်းထောက် အချို့ စုပေါင်း၍ တနင်္လာနေ့တွင် အွန်လိုင်းလက်မှတ်ရေးထိုး တောင်းဆိုချက်တစ်ရပ်ကို စတင်ခဲ့ကြပြီး လက်ရှိအချိန်ထိ ဝင်ရောက်လက်မှတ်ထိုးသူ စုစုပေါင်း ၂ ထောင်ခန့် ရှိနေပြီဖြစ်သည်။
မြန်မာအာဏာပိုင်များအနေဖြင့် နိုင်ငံသားများအား ဖိနှိပ်မှုများကို ရပ်တန့်စေလိုပြီး ကိတဇုမိအပါအဝင် ဖမ်းဆီးခံသတင်းထောက်များအား ပြန်လွှတ်ပေးစေလိုကြောင်း ကိတဇုမိ၏ မိတ်ဆွေ သတင်းထောက် အိဆိုကို မိုချိဇုကိက သတင်းစာရှင်းလင်းပွဲ တစ်ရပ်တွင် ပြောကြားခဲ့သည်။
မီဒီယာထုတ်လုပ်ရေး ကုမ္ပဏီတစ်ခု ဦးဆောင်လည်ပတ်နေသူ ဂျပန်သတင်းထောက် ကိတဇုမိသည် ဧပြီလ ၁၈ ရက်နေ့ညပိုင်းက ရန်ကုန်တွင် ဖမ်းဆီးခံလိုက်ရခြင်း ဖြစ်သည်။ ကိတဇုမိသည် ဖေဖော်ဝါရီလ အတွင်းကလည်း လုံခြုံရေးတပ်များ၏ ဖမ်းဆီးမှုကို ခံခဲ့ရပြီး ပြန်လွှတ်လာသူ ဖြစ်သည်။
ကိတဇုမိအား ဖမ်းဆီးပြီး ညတွင်းချင်း အင်းစိန်ထောင်သို့ ပို့ဆောင်ခဲ့သည်။ ဂျပန်သံတမန်များသည် ကိတဇုမိနှင့် တွေ့ဆုံခွင့်ရရန် တောင်းဆိုထားသော်လည်း တနင်္လာနေ့အထိ အာဏာပိုင်များဘက်မှ အကြောင်း မပြန်သေးပေ။
မြန်မာနိုင်ငံတွင် လက်ရှိအချိန်အထိ ဖမ်းဆီးခံထားရသော သတင်းသမားစုစုပေါင်း ၆၅ ဦးထက်မနည်းရှိနေပြီ ဖြစ်သည်။