- စစ်ဘေးရှောင်များကို ငွေပေးပြီး စစ်သင်တန်းတက်ရန် ALP စည်းရုံးနေ
- ICC ဒဏ်ခတ်အရေးယူခဲ့သည် Trump အစိုးရအဖွဲ့ကို Fortify Rights တရားစွဲ
- ပုသိမ်က ပြည်သူ့စစ်သင်တန်းဆင်းများကို စစ်တွေသို့ ပို့နေ
- ဘင်္ဂလားဒေ့ရှ် ပြုပြင်ပြောင်းလဲရေးကြောင့် အစ္စလာမစ်အမာခံတွေ အတွက် လမ်းစပွင့်လာ
- "ဖေဖေ ဘယ်တော့ပြန်လာမလဲ သားသမီးတွေကမေးနေတော့ ကျမမှာ ဒီမေးခွန်းအတွက် အဖြေမရှိဘူး"
ဂျပန်သတင်းထောက်အား မြန်မာအာဏာပိုင်များ ပြန်လွှတ်ပေးမည်
သတင်းထောက် ယုကိကိတဇုမိသည် တရားဥပဒေကို ချိုးဖောက်ထားသူ ဖြစ်သော်လည်း မြန်မာနိုင်ငံနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး ဆိုင်ရာ ဂျပန်အစိုးရ၏ အထူးကိုယ်စားလှယ်၏ မေတ္တာရပ်ခံချက်၊ မြန်မာနှင့် ဂျပန်နိုင်ငံအကြား ရင်းနှီးသည့် ဆက်ဆံရေးတို့ကို ထောက်ရှုပြီး အမှုကို ရုတ်သိမ်းခြင်း ဖြစ်ကြောင်း သတင်းကြေညာသူက ပြောကြားခဲ့သည်။
14 May 2021

DMG ၊ မေ ၁၄
ဖမ်းဆီးထားသော ဂျပန်သတင်းထောက်အား ပြန်လွှတ်ပေးမည်ဟု မြန်မာအစိုးရပိုင် MRTV သတင်းဌာနက ကြာသပတေးနေ့ ညပိုင်းက ကြေညာခဲ့သည်။
သတင်းထောက် ယုကိကိတဇုမိသည် တရားဥပဒေကို ချိုးဖောက်ထားသူ ဖြစ်သော်လည်း မြန်မာနိုင်ငံနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး ဆိုင်ရာ ဂျပန်အစိုးရ၏ အထူးကိုယ်စားလှယ်၏ မေတ္တာရပ်ခံချက်၊ မြန်မာနှင့် ဂျပန်နိုင်ငံအကြား ရင်းနှီးသည့် ဆက်ဆံရေးတို့ကို ထောက်ရှုပြီး အမှုကို ရုတ်သိမ်းခြင်း ဖြစ်ကြောင်း သတင်းကြေညာသူက ပြောကြားခဲ့သည်။
မြန်မာနိုင်ငံတွင် လက်ရှိအချိန်အထိ စစ်တပ်က ဖမ်းဆီးထားသော သတင်းသမား စုစုပေါင်း ၈၀ ခန့်ရှိသည်။
မီဒီယာထုတ်လုပ်ရေး ကုမ္ပဏီတစ်ခု ထူထောင်ထားပြီး အလွတ်တန်း သတင်းထောက်လည်း ဖြစ်သူ ကိတဇုမိသည် ရန်ကုန်တွင် ဧပြီလ ၁၉ ရက်နေ့က ဖမ်းဆီးခံခဲ့ရသည်။
သူ့ကို “သတင်းမှားဖြန့်ချိမှု” ဖြင့် တရားစွဲဆိုခဲ့ကာ မြန်မာနိုင်ငံတွင် ပထမဆုံး တရားစွဲဆိုခံရသည့် နိုင်ငံခြားသတင်းထောက်လည်း ဖြစ်သည်။
ကိတဇုမိသည် ဖေဖော်ဝါရီလတွင်လည်း တစ်ကြိမ် ဖမ်းဆီးခံရဖူးပြီး ပြန်လွတ်လာသူ ဖြစ်သည်။
ဂျပန်သည် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု အမြောက်အများ ရှိသလို ပြီးခဲ့သည့် ဆယ်စုနှစ် တစ်ခုအတွင်း မြန်မာအစိုးရအား နည်းပညာနှင့် ဖွံ့ဖြိုးရေး အကူအညီများ ပေးအပ်နေသည့် နိုင်ငံ ဖြစ်သည်။
ဂျပန်အစိုးရသည် အရပ်သားများကို အင်အားသုံးနှိမ်နင်းနေသော မြန်မာစစ်တပ်အား ဖေဝန်မှုများ ထုတ်ဖော်ပြောကြားသော်လည်း ပြင်းပြင်းထန်ထန် အရေးယူဒဏ်ခတ်မှုများ မပြုလုပ်ဘဲ မြန်မာနှင့်ပြေလည်သည့် ဆက်ဆံရေး ရှိထားသည်။