- စစ်ဘေးရှောင်သည့် တောင်ကုတ်မြို့ခံ ၄၀ ခန့်ကို စစ်ကောင်စီ ဖမ်းဆီးထား
- ကြက်ဥ ဈေးကောင်းရနေသော်လည်း ကြက်မွေးမြူရေးလုပ်ငန်း ရပ်တည်ရခက်ခဲလာ
- စစ်တွေမြို့တွင် 92 တစ်လီတာ ငွေကျပ်ငါးသောင်းထိ ဈေးမြင့်တက်နေ
- ရမ်းဗြဲရောက် စစ်ဘေးရှောင် တစ်သောင်းကျော် အရေးပေါ်အကူအညီ လိုအပ်နေ
- လက်နက်ကြီးကျ၍ ဂွဒေသခံအမျိုးသမီး တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ
ကုလသမဂ္ဂတွင် ဝန်ထမ်းလစာပေးချေရန် ငွေမလုံလောက်ခြင်းမျိုးကြုံရနိုင်
ကုလသမဂ္ဂအဖွဲ့ကြီးသည် ၎င်း၏ဝန်ထမ်းများအား ရှေ့လအတွက် ဝန်ထမ်းလစာပေးချေရန်ပင် ငွေအလုံအလောက်မရှိသည့် အခြေအနေမျိုးရောက်ဖွယ်ရှိနေကြောင်း လက်ရှိ ကုလအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ် က သတိပေးပြောကြားလိုက်ကြောင်း Reuters သတင်းတစ်ရပ်တွင် ...
09 Oct 2019
ကုလသမဂ္ဂအဖွဲ့ကြီးသည် ၎င်း၏ဝန်ထမ်းများအား ရှေ့လအတွက် ဝန်ထမ်းလစာပေးချေရန်ပင် ငွေအလုံအလောက်မရှိသည့် အခြေအနေမျိုးရောက်ဖွယ်ရှိနေကြောင်း လက်ရှိ ကုလအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ် က သတိပေးပြောကြားလိုက်ကြောင်း Reuters သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ဂူတာရက်စ်က ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများအနေဖြင့် ကုလသမဂ္ဂသို့ ၎င်းတို့ပေးရန်ရှိနေသည်များကို မပေးပါက အဖွဲ့ကြီးအနေဖြင့် လာမည့်လတွင် ဝန်ထမ်းလစာပေးရန် ငွေအလုံအလောက်မရှိသည့် အခြေအနေ ဆိုက်ရောက်ဖွယ်ရှိနေကြောင်း ပြောကြားလိုက်ခြင်းဖြစ်သည်။
ကုလသမဂ္ဂ၏ လုပ်ငန်းများနှင့် ပြုပြင်ပြောင်းလဲရေးများသည် အကျပ်အတည်းထဲကျရောက်နေပြီဖြစ်ကြောင်း ဂူတာရက်စ်က ပြီးခဲ့သောလက ကျင်းပခဲ့သော ကမ္ဘာ့နိုင်ငံခေါင်းဆောင်များတွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။
ကုလသမဂ္ဂသည် ကမ္ဘာ့အကြီးဆုံး လှူဒါန်းသည့်အဖွဲ့အစည်းဖြစ်ပြီး ၂၀၁၉ ခုနှစ်အတွက် ပုံမှန်ဘက်ဂျက် အမေရိကန်ဒေါ်လာ ၃.၃ ဘီလျံကျော်၏ ၂၂ ရာခိုင်နှုန်းကို တာဝန်ယူကာ နိုင်ငံရေး၊ လူသားချင်းစာနာထောက်ထားမှု၊ လက်နက်ဖြုတ်သိမ်းမှု၊ စီးပွားရေး နှင့် လူမှုရေးရာနှင့် လူမှုအသိုင်းအဝိုင်း တို့အပါအဝင် အကူအညီပေးရေးလုပ်ငန်းများအတွက် ငွေကြေးစိုက်ထုတ်လှူဒါန်းလျက်ရှိသည်။
အမေရိကန်ပြည်ထောင်စုသည် ကုလသမဂ္ဂသို့ ယခင်ဘက်ဂျက်အတွက် အမေရိကန်ဒေါ်လာ ၃၈၁ သန်း နှင့် ၂၀၁၉ ပုံမှန်ဘက်ဂျက်အတွက် အမေရိကန်ဒေါ်လာ ၆၇၄ သန်းပေးချေရန်အကြွေးကျန်ရှိနေကာ ထိုပမာဏကို အမေရိကန်ဘက်မှ ကုလသမဂ္ဂဆိုင်ရာတာဝန်ရှိသူများက အတည်ပြုထားသည်။
ပုံမှန်ဘက်ဂျက်အတွက်ပေးရန်ရှိသည်များထဲမှ ပမာဏအများအပြားကို ယခင်နှစ်များကအတိုင်းပင် လာမည့်ဆောင်းဦးတွင် ပေးချေသွားမည်ဟုလည်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က အမေရိကန်ပြည်ထောင်စုသည် ကုလသမဂ္ဂ၏ ကုန်ကျစရိတ်ဝန်ထုပ်ဝန်ပိုးကို မမျှမတ ကျခံပေးနေရပြီး ကုလအနေဖြင့် ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်သင့်သည်ဟု ပြောကြားထားဖူးသည်။ ဂူတာရက်စ်သည် ကုလလုပ်ငန်းများတိုးတက်စေရေးနှင့် ကုန်ကျစရိတ်များလျှော့ချရေးအတွက် လုပ်ဆောင်လျက်ရှိသည်။
နိုင်ငံပေါင်း ၁၂၉ နိုင်ငံက ကုလသို့ ၎င်းတို့ပေးရန်ရှိသည်များကို ပေးထားပြီးပြီဖြစ်ကာ ပမဏအနေဖြင့် အမေရိကန်ဒေါ်လာ ၂ ဘီလျံခန့်ရရှိပြီဖြစ်ကြာင်း ကုလပြောရေးဆိုခွင့်ရပုဂ္ဂိုလ် စတက်ဖနီဒူဂျာရစ် ကပြောကြားသည်။
၎င်းအနေဖြင့် အသုံးစရိတ်လျှော့ချရေးအတွက် အလွန်တင်းကျပ်သောအစီအမံများကို ပြီးခဲ့သောလမှစတင်ကာ လုပ်ဆောင်ရလျက်ရှိပြီး ရာထူးနေရာလွတ်များကို မခန့်အပ်နိုင်ခြင်း၊ ဝန်ထမ်းများအား မဖြစ်မနေလိုအပ်သော ခရီးများကိုသာ သွားရောက်ရန်စေလွှတ်ခြင်း၊ အချို့အစည်းအဝေးများကိုဖျက်သိမ်းခြင်း၊ သို့မဟုတ် ရွှေ့ဆိုင်းခြင်းများ လုပ်ဆောင်ခဲ့ရကြောင်း ဂူတာရက်စ်က ပြောကြားထားသည်။