- စစ်ဘေးရှောင်များကို ငွေပေးပြီး စစ်သင်တန်းတက်ရန် ALP စည်းရုံးနေ
- ICC ဒဏ်ခတ်အရေးယူခဲ့သည် Trump အစိုးရအဖွဲ့ကို Fortify Rights တရားစွဲ
- ပုသိမ်က ပြည်သူ့စစ်သင်တန်းဆင်းများကို စစ်တွေသို့ ပို့နေ
- ဘင်္ဂလားဒေ့ရှ် ပြုပြင်ပြောင်းလဲရေးကြောင့် အစ္စလာမစ်အမာခံတွေ အတွက် လမ်းစပွင့်လာ
- "ဖေဖေ ဘယ်တော့ပြန်လာမလဲ သားသမီးတွေကမေးနေတော့ ကျမမှာ ဒီမေးခွန်းအတွက် အဖြေမရှိဘူး"
တယ်လီနောလုပ်ငန်းများအား လက်ဘနွန်ကုမ္ပဏီသို့ ရောင်းမည့်အစီအစဉ် မအောင်မြင်ဘဲကြန့်ကြာနေ
မြန်မာနိုင်ငံတွင် လည်ပတ်နေသည့် လုပ်ငန်းများအား လက်ဘနွန်ကုမ္ပဏီသို့ ရောင်းချမည့် တယ်လီနော၏ အစီအစဉ်သည် မြန်မာစစ်အုပ်စုက လိုလားသည့် လုပ်ငန်းပုံစံကြောင့် အကောင်မထည်မပေါ်ဘဲ ကြန့်ကြာနေကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
09 Nov 2021

မြန်မာနိုင်ငံတွင် လည်ပတ်နေသည့် လုပ်ငန်းများအား လက်ဘနွန်ကုမ္ပဏီသို့ ရောင်းချမည့် တယ်လီနော၏ အစီအစဉ်သည် မြန်မာစစ်အုပ်စုက လိုလားသည့် လုပ်ငန်းပုံစံကြောင့် အကောင်မထည်မပေါ်ဘဲ ကြန့်ကြာနေကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
တယ်လီနောလုပ်ငန်းစုများအား ဝယ်ယူရာတွင် မြန်မာစစ်အုပ်စုသည် ပြည်တွင်းကုမ္ပဏီတစ်ခုကို အနည်းဆုံးအားဖြင့် တစ်စိတ်တစ်ပိုင်း ပါဝင်ဝယ်ယူစေလိုသည့် သဘောထားရှိနေသည့်အတွက် ယခုကဲ့သို့ ကြန့်ကြာနေရခြင်း ဖြစ်ကြောင်း အဆိုပါဖြစ်စဉ်နှင့် နီးစပ်သူများထံမှ သိရသည်ဟု ရိုက်တာသတင်းက ရေးသားသည်။
တယ်လီနောသည် မြန်မာပြည်တွင်းရှိ လုပ်ငန်းအားလုံးကို လက်ဘနွန်ကုမ္ပဏီ M1 Group ထံသို့ အမေရိကန်ဒေါ်လာ ၁၀၅ သန်းဖြင့် ရောင်းချကာ နိုင်ငံမှ ထွက်ခွာတော့မည် ဖြစ်ကြောင်း ဇူလိုင်လတွင် ကြေညာခဲ့သည်။
သို့သော်လည်း မြန်မာစစ်တပ်က စောင့်ကြည့်ရေးနည်းပညာများ တပ်ဆင်ပေးရန် ဆက်သွယ်ရေးနှင့် အင်တာနက်ကုမ္ပဏီများအား ဖိအားပေးမှုနှင့်အတူ ကုမ္ပဏီအရာရှိကြီးများအား နိုင်ငံမှထွက်ခွာခွင့် ထားမြစ်သဖြင့် တယ်လီနော၏ အစီအစဉ်သည် အကောင်အထည်မပေါ်ဘဲ ရှိနေသည်။
တယ်လီနောလုပ်ငန်းများကို ဝယ်ယူမည့် M1 Group သည် လက်ဘနွန်ဝန်ကြီးချုပ် နာဂျစ်မီကာတီမိသားစု ပိုင်ဆိုင်သည့် ကုမ္ပဏီဖြစ်သည်။ M1 Group သည် တယ်လီနောလုပ်ငန်းများကို ဖက်စပ်ဝယ်ယူရန်အတွက် မြန်မာမှ ‘ရွှေဗျိုင်းဖြူ’ လုပ်ငန်းစုနှင့် ဆွေးနွေးမှုများ ရှိနေကြောင်း အမည်မဖော်လိုသည့် သတင်းရင်းမြစ် သုံးခုထံမှ သိရသည်ဟု ရိုက်တာသတင်းတွင် ဖော်ပြထားသည်။
ရိုက်တာသတင်းဌာနက ဆက်သွယ်မေးမြန်းရာတွင် တယ်လီနောက မိမိတို့၏ လုပ်ငန်းများအား M1 သို့ ရောင့်ချမည့် အစီအစဉ်အား မြန်မာအာဏာပိုင်များထံမှ တရားဝင်ပြန်ကြားချက်ကို စောင့်ဆိုင်းနေကြောင်း အကြောင်းပြန်ကာ မှတ်ချက်ပြုရန် ငြင်းဆိုကြောင်း သတင်းက ဆိုသည်။
ရွှေဗျိုင်းဖြူကုမ္ပဏီသည် လောင်စာဆီနှင့် ကျောက်မျက်လုပ်ငန်းများ ဆောင်ရွက်နေသည့်ကုမ္ပဏီ ဖြစ်ကြောင်း သတင်းက ဖော်ပြသည်။
ရွှေဗျိုင်းဖြူလုပ်ငန်းစုဥက္ကဌ ဦးသိန်းဝင်းဇော်သည် မဟာရိုးမ အများပိုင်ကုမ္ပဏီ၏ ဒါရိုက်တာတစ်ဦး ဖြစ်သည်။ မဟာရိုးမသည် Mytel ကုမ္ပဏီတွင် အစုရှယ်ယာပိုင်ဆိုင်ထားသည့် လုပ်ငန်းစုတစ်ခု၏ အဖွဲ့ဝင်ဖြစ်ကြောင်း ရိုက်တာသတင်းတွင် ဖော်ပြထားသည်။
တယ်လီနောသည် ၂၀၁၄ ခုနှစ်တွင် မြန်မာနိုင်ငံ၌ လုပ်ငန်းများ စတင်ခဲ့ခြင်းဖြစ်ကာ မြန်မာနိုင်ငံ၌ တယ်လီနောသုံးစွဲသူ စုစုပေါင်း ၁၈ သန်းခန့်ရှိကြောင်း သတင်းများတွင် ဖော်ပြချက်များအရ သိရသည်။