- အာဏာသိမ်း ၄ နှစ်အတွင်း ဆက်သွယ်ရေးလိုင်း ပြတ်တောက်မှု အကြိမ်ရေ ၄၀၀ ကျော် ဖြစ်ပွားခဲ့
- ပါကစ္စတန်မှာ လက်နက်ကိုင်များ ရထားတစ်စင်းလုံးကို ပြန်ပေးဆွဲပြီး ခရီးသည်များကို ဓားစာခံဖမ်းဆီး
- ကျောက်ဖြူစီမံကိန်းအား ၂ လအတွင်း အကောင်ထည်ဖော်နိုင်ရန် ဒုစစ်ခေါင်းဆောင် ညွှန်ကြား
- တိုက်ပွဲကာလ နေအိမ်ပျက်စီးသွားသည့် တောင်ကုတ်မြို့ခံ ၁,၀၀၀ ခန့် အခက်အခဲကြုံနေ
- အမေရိကန်မှ ထောက်ပံ့ငွေ ရပ်တန့်မှုကြောင့် ရခိုင်က ကျန်းမာရေး ပရောဂျက်များ ရပ်နား
ယာဉ်တိမ်းမှောက်မှုတွင် ပါဝင်သွားသည့် စမ်းသပ်ခန်းသုံး မျောက်ကောင်ရေ ၁၀၀ လုံးပြန်ရပြီဟု အာဏာပိုင်များပြော
အမေရိကန်နိုင်ငံ ပင်ဆယ်ဗေးနီးယားပြည်နယ်ရှိ အဝေးပြေးလမ်းမတစ်ခု ပေါ်၌ တိမ်းမှောက်ခဲ့သော ထရပ်ကားမှ လွတ်မြောက်သွားသည့် မျောက်များအားလုံးကို ပြန်တွေ့ပြီဟု အာဏာပိုင်များက ပြောကြားလိုက်သည်။
25 Jan 2022

အမေရိကန်နိုင်ငံ ပင်ဆယ်ဗေးနီးယားပြည်နယ်ရှိ အဝေးပြေးလမ်းမတစ်ခု ပေါ်၌ တိမ်းမှောက်ခဲ့သော ထရပ်ကားမှ လွတ်မြောက်သွားသည့် မျောက်များအားလုံးကို ပြန်တွေ့ပြီဟု အာဏာပိုင်များက ပြောကြားလိုက်သည်။
စမ်းသပ်ခန်းသုံး မျောက်ကောင်ရေ ၁၀၀ အား သယ်ဆောင်လာသော ထရပ်ကားသည် သောကြာနေ့က အဝေးပြေးလမ်းမပေါ်၌ အမှိုက်ကားတစ်စီးနှင့် တိုက်မိပြီး တိမ်းမှောက်ခဲ့သည်။ အဆိုပါကားပေါ်၌ လိုက်ပါလာသော မျောက်ကောင်ရေ ၁၀၀ အနက် အများအပြားမှာ လွတ်မြောက်သွားခဲ့သည်။
၎င်းမျောက်များအား လိုက်လံရှာဖွေရာ၌ နောက်ဆုံးလက်ကျန် တစ်ကောင်အား စနေနေ့ နှောင်းပိုင်းတွင် တွေ့ရှိခဲ့သဖြင့် ကောင်ရေအားလုံးကို ပြန်လည် ထိန်းသိမ်းပြီးဖြစ်ကြောင်း ပင်ဆယ်ဗေးနီးယား ပြည်နယ်ရဲတပ်ဖွဲ့၏ ပြောကြားချက်အရ သိရသည်။
ပြန်လည်တွေ့ရှိပြီးသော မျောက်များအနက် သုံးကောင်ကို ညင်သာစွာအဆုံးစီရင်ခဲ့ရသည်ဟု ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေး (CDC) ဗဟို ပြောခွင့်ရ ခရစ္စတင်းနော့လန်းက အေပီသတင်းဌာနသို့ ပေးပို့သည့် အီးမေးတွင် ဖြေကြားထားသည်။ အဆုံးစီရင်ရသည့် အကြောင်းရင်းကိုမူ ထည့်သွင်းပြောကြားခြင်း မရှိပေ။
အိန္ဒိယသမုဒ္ဒရာရှိ မောရှိသျှကျွန်းဆွယ်မှ သယ်ဆောင်လာခဲ့သည့် အဆိုပါမျောက်များသည် သောကြာနေ့နံနက်ပိုင်းက အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ရှိ ကနေဒီလေဆိပ်သို့ ရောက်ရှိခဲ့သည်။ ထိုမှတစ်ဆင့် CDC က ခွင့်ပြုချက်ပေးထားသည့် ကွာရန်တင်းစင်တာသို့ သယ်ဆောင်လာစဉ် လမ်းတွင် ထရပ်ကား တိမ်းမှောက်ခဲ့ခြင်း ဖြစ်သည်။
ပြည်သူများအနေဖြင့် လွတ်မြောက်သွားသော မျောက်များကို လိုက်မရှာကြရန်၊ တွေ့ရှိပါက မဖမ်းဆီးရန်နှင့် အနီးကပ်ထိတွေ့မှု မပြုလုပ်ဘဲ အရေးပေါ်ဖုန်းနံပါတ် ၉၁၁ ကို ခေါ်ဆိုအသိပေးရန် ပင်ဆယ်ဗေးနီးယား ရဲတပ်ဖွဲ့က အစောပိုင်း၌ ထုတ်ပြန်ခဲ့သည်။
မျောက်များကို ထားရှိမည့် ကွာရန်တင်းစင်တာ၏ တည်နေရာနှင့် ၎င်းတို့အား မည်သည့်သုတေသနတွင် စမ်းသပ်အသုံးပြုမည် ဆိုသည်ကို ရှင်းရှင်းလင်းလင်း မသိရပေ။ သယ်ဆောင်လာသည့် မျောက်မြီးရှည် (Cynomolgusa) အမျိုးအစားကို ဆေးဝါးသုတေသနပိုင်းတွင် အသုံးများကြောင်း အေပီသတင်းတွင် ဖော်ပြထားသည်။