- စစ်ဘေးရှောင်သည့် တောင်ကုတ်မြို့ခံ ၄၀ ခန့်ကို စစ်ကောင်စီ ဖမ်းဆီးထား
- ကြက်ဥ ဈေးကောင်းရနေသော်လည်း ကြက်မွေးမြူရေးလုပ်ငန်း ရပ်တည်ရခက်ခဲလာ
- စစ်တွေမြို့တွင် 92 တစ်လီတာ ငွေကျပ်ငါးသောင်းထိ ဈေးမြင့်တက်နေ
- ရမ်းဗြဲရောက် စစ်ဘေးရှောင် တစ်သောင်းကျော် အရေးပေါ်အကူအညီ လိုအပ်နေ
- လက်နက်ကြီးကျ၍ ဂွဒေသခံအမျိုးသမီး တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ
နိုင်ငံတကာအနေဖြင့် မြန်မာစစ်တပ်ကို လက်မခံကြရန် သမ္မတဟောင်းအိုဘားမား ပြော
မြန်မာနိုင်ငံတွင် ဖြစ်ပျက်နေသည့် “စိတ်မချမ်းမြေ့ဖွယ်ရာ အကြမ်းဖက်မှုကြောင့် တုန်လှုပ်ချောက်ချားမိ” ပြီး စစ်တပ်၏ လုပ်ရပ်ကို နိုင်ငံတကာက လက်မခံသင့်ကြောင်း အမေရိကန်သမ္မတဟောင်း ဘားရက်အိုဘားမားက ဧပြီလ ၂၆ ရက်နေ့တွင် ပြောကြားလိုက်သည်။
27 Apr 2021
DMG ၊ ဧပြီ ၂၇
မြန်မာနိုင်ငံတွင် ဖြစ်ပျက်နေသည့် “စိတ်မချမ်းမြေ့ဖွယ်ရာ အကြမ်းဖက်မှုကြောင့် တုန်လှုပ်ချောက်ချားမိ” ပြီး စစ်တပ်၏ လုပ်ရပ်ကို နိုင်ငံတကာက လက်မခံသင့်ကြောင်း အမေရိကန်သမ္မတဟောင်း ဘားရက်အိုဘားမားက ဧပြီလ ၂၆ ရက်နေ့တွင် ပြောကြားလိုက်သည်။
သမ္မတဟောင်း အိုဘားမားသည် မြန်မာ့ဒီမိုကရေစီ အပြောင်းအလဲကာလတွင် မြန်မာနှင့် ကောင်းမွန်သောဆက်ဆံရေး ရှိခဲ့ဖူးသူဖြစ်ပြီး သမ္မတဦးသိန်းစိန်လက်ထက် ၂၀၁၂ ခုနှစ် နိုဝင်ဘာလအတွင်းက မြန်မာနိုင်ငံသို့ အလည်အပတ် လာရောက်ခဲ့ဖူးသူ ဖြစ်သည်။
မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ပြန်လည်ဖော်ဆောင်ရေး ကြိုးပမ်းမှုအဖြစ် သမ္မတဘိုင်ဒန်အစိုးရနှင့် စိတ်တူကိုယ်တူနိုင်ငံများက ဗိုလ်ချုပ်ကြီးများအပေါ် အရေးယူမှုများ ဆောင်ရွက်နေသည်ကို မိမိအနေဖြင့် အားပေးထောက်ခံကြောင်း သမ္မတဟောင်းအိုဘားမား၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဆယ်စုနှစ်တစ်ခုစာ လွတ်လပ်မှုရှိခဲ့ပြီးနောက် တရားမဝင် အာဏာသိမ်းခဲ့သည့် စစ်တပ်၏ လုပ်ရပ်ကို မြန်မာလူထုက ဘယ်တော့မှ လက်ခံမည်မဟုတ်သလို နိုင်ငံတကာကလည်း လက်မခံသင့်ကြောင်း အိုဘားမားက ပြောသည်။
အကြမ်းဖက်သတ်ဖြတ်မှုများ ကျူးလွန်နေပြီး ပြည်သူကလည်း လက်မခံသည့် အစိုးရကြောင့် မတည်ငြိမ်မှုများနှင့် လူသားချင်းစာနာထောက်ထားရေး ပြဿနာများသာ ပိုမိုကြီးထွားလာမည် ဖြစ်သလို ကျရှုံးနိုင်ငံ ဖြစ်သွားမည့်အန္တရာယ် ရှိနေသည်ကို မြန်မာ့အိမ်နီးချင်း နိုင်ငံများက အသိအမှတ်ပြုသင့်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာတွင် စနေနေ့က အာဆီယံခေါင်းဆောင်များ တွေ့ဆုံပြီး မြန်မာ့အရေး ဆွေးနွေးပွဲ ကျင်းပခဲ့ပြီး ရက်ပိုင်းအတွက် အိုဘားမား၏ ထုတ်ပြန်ချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။
သမ္မတဟောင်းအိုဘားမား လက်ထက်၌ မြန်မာနိုင်ငံနှင့် လက်နက်ကုန်သွယ်မှု အပါအဝင် အရေးယူပိတ်ဆို့မှု အများစုကို ပြန်လည် ဖယ်ရှားပေးခဲ့သည်။ ထိုစဉ်က အိုဘားမား၏ လုပ်ရပ်အား အမေရိကန် အရာရှိ အချို့က အလျင်စလိုနိုင်သည်ဟု ဝေဖန်ခဲ့ကြသည်။ အိုဘားမား ဖယ်ရှားပေးခဲ့သည့် ဒဏ်ခတ်ပိတ်ဆို့မှု အများစုကို လက်ရှိတွင် ပြန်လည် ချမှတ်ထားပြီဖြစ်သည်။