- လက်နက်ကြီးကျ၍ ဂွဒေသခံအမျိုးသမီး တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ
- ကမ္ဘာတွင် မြေမြှုပ်မိုင်းအန္တရာယ် အဆိုးဆုံးဖြစ်လာသော မြန်မာနိုင်ငံ
- နပခဌာနချုပ်ထဲတွင် အကျဉ်းသားနှင့် အရပ်သား ၄၀၀ ခန့် ချုပ်နှောင်ခံထားရ
- မြန်မာ၏အပြုအမူသည် အာဆီယံ၏ အချက်အချာကျမှုကို ထိခိုက်စေနိုင်ကြောင်း စင်ကာပူကာကွယ်ရေးဝန်ကြီး ပြော
- ကုလလုံခြုံရေးကောင်စီ၏ ဂါဇာအပစ်အခတ်ရပ်ရေး အဆို အမေရိကန်က ဗီတိုအာဏာသုံး ပယ်ချ
မြောက်ကိုရီးယားမှာ ကိုဗစ်ကူးစက်မှု အခြေအနေပိုဆိုးလာဟု WHO ပြော
မိမိတို့အနေဖြင့် မြောက်ကိုရီးယားနိုင်ငံ၏ ကိုဗစ်ကူးစက်မှု အချက်အလက်များကို မရရှိသော်လည်း ကပ်ဘေးအခြေအနေသည် ပြုံယမ်းက ထုတ်ပြန်သည့် ‘တိုးတက်ကောင်းမွန်သော’ အခြေအနေနှင့် ဆန့်ကျင်စွာ ပိုမိုဆိုးဝါးလာနေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ဇွန်လ ၁ ရက်နေ့တွင် ပြောကြားလိုက်သည်။
03 Jun 2022
DMG ၊ ဇွန် ၃
မိမိတို့အနေဖြင့် မြောက်ကိုရီးယားနိုင်ငံ၏ ကိုဗစ်ကူးစက်မှု အချက်အလက်များကို မရရှိသော်လည်း ကပ်ဘေးအခြေအနေသည် ပြုံယမ်းက ထုတ်ပြန်သည့် ‘တိုးတက်ကောင်းမွန်သော’ အခြေအနေနှင့် ဆန့်ကျင်စွာ ပိုမိုဆိုးဝါးလာနေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ဇွန်လ ၁ ရက်နေ့တွင် ပြောကြားလိုက်သည်။
မြောက်ကိုရီးယားသည် ပြည်တွင်းကူးစက်မှု ပထမဆုံးတွေ့ရှိကြောင်း ပြီးခဲ့သော မေလ ၁၂ ရက်နေ့က အတည်ပြုထုတ်ပြန်ခဲ့သည်။ ထို့နောက်တွင် ကိုဗစ်ကူးစက်မှုကို ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း ပြီးခဲ့သည့် သီတင်းပတ်က ထုတ်ပြန်သလို အစိုးရပိုင်ရုပ်သံကလည်း ကူးစက်မှုများ ကျဆင်းလာနေပြီဖြစ်ကြောင်း ကြေညာခဲ့သည်။
သို့သော်လည်း WHO ၏ အရေးပေါ်ကူညီကယ်ဆယ်ရေး ညွှန်ကြားရေးမှူး မိုက်ကယ်ရိုင်ယန်ကမူ အစိုးရ၏ ထုတ်ပြန်ချက်အပေါ် မေးခွန်းထုတ်သည်။
“အခြေအနေက ကောင်းမလာဘဲ ပိုဆိုးလာတယ်လို့တယ် ကျွန်တော်တို့ ယူဆပါတယ်” ဟု သူက သတင်းထောက်များကို ပြောကြားသည်။
ကိုဗစ်-၁၉ ဆိုင်ရာ WHO အကြီးအကဲ မာရီယာဗင်ခါကို့ဗ်ကလည်း မြောက်ကိုရီးယားသည် ကိုဗစ်ကူးစက်မှုဟု ယူဆရသည့် ဝေဒနာရှင် သုံးသန်းကျော် မှတ်တမ်းတင်ထားသော်လည်း ၎င်းတို့ကို ‘အဖျားရောဂါ’ ဟုသာ ခေါ်ဝေါ်သုံးနှုန်းထားသည်ဟု ပြောသည်။
မြောက်ကိုရီးယားအစိုးရပိုင် KCNA သတင်းဌာနက အစောပိုင်း ၂၄ နာရီအတွင်း အဖျားရောဂါကူးစက်မှု ၉၆၆၀၀ ဦးတွေ့ရှိရကြောင်း ယနေ့ (ကြာသပတေး) အစောပိုင်းက ကြေညာခဲ့သည်။ သို့သော်လည်း သေဆုံးသူ အရေအတွက်ကိုမူ ထည့်သွင်းကြေညာခြင်းမရှိပေ။
ကူးစက်မှုများအနက် ၉၅ ရာခိုင်နှုန်းကျော်သည် ပြန်လည်သက်သာ ကောင်းမွန်လာကြောင်းလည်း KCNA က ကြေညာသည်။
မြောက်ကိုရီးယားသည် ပြည်သူ ၂၅ သန်းဝန်းခန့်ရှိမည်ဟု ခန့်မှန်းရသည့် ၎င်း၏နိုင်ငံသားများကိုလည်း ကိုဗစ်ကာကွယ်ဆေး မထိုးနှံရသေးပေ။ WHO က ကာကွယ်ဆေး အကူအညီပေးရန် ကမ်းလှမ်းချက်ကိုလည်း ပြင်းပယ်ထားသည်။