- ရမ်းဗြဲရောက် စစ်ဘေးရှောင် တစ်သောင်းကျော် အရေးပေါ်အကူအညီ လိုအပ်နေ
- လက်နက်ကြီးကျ၍ ဂွဒေသခံအမျိုးသမီး တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ
- ကမ္ဘာတွင် မြေမြှုပ်မိုင်းအန္တရာယ် အဆိုးဆုံးဖြစ်လာသော မြန်မာနိုင်ငံ
- နပခဌာနချုပ်ထဲတွင် အကျဉ်းသားနှင့် အရပ်သား ၄၀၀ ခန့် ချုပ်နှောင်ခံထားရ
- မြန်မာ၏အပြုအမူသည် အာဆီယံ၏ အချက်အချာကျမှုကို ထိခိုက်စေနိုင်ကြောင်း စင်ကာပူကာကွယ်ရေးဝန်ကြီး ပြော
ခေါင်းဆောင်ကိုယ်တိုင် ကြီးကြပ်ပြီး ဟိုက်ပါဆိုးနစ်ပဲ့ထိန်းဒုံး စမ်းသပ်ပစ်လွှတ်ခဲ့ကြောင်း မြောက်ကိုရီးယားပြော
ဟိုက်ပါဆိုးနစ်ဒုံးကျည် အောင်မြင်စွာ စမ်းသပ်ပစ်လွှတ်မှုအား ခေါင်းဆောင်ကင်ဂျုံအန်းကိုယ်တိုင် ကြီးကြပ်ခဲ့ကြောင်း မြောက်ကိုရီယားနိုင်ငံပိုင် ရုပ်သံက ဗုဒ္ဓဟူးနေ့တွင် ကြေညာသွားကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
17 Jan 2022
DMG ၊ ဇန်နဝါရီ ၁၇
ဟိုက်ပါဆိုးနစ်ဒုံးကျည် အောင်မြင်စွာ စမ်းသပ်ပစ်လွှတ်မှုအား ခေါင်းဆောင်ကင်ဂျုံအန်းကိုယ်တိုင် ကြီးကြပ်ခဲ့ကြောင်း မြောက်ကိုရီယားနိုင်ငံပိုင် ရုပ်သံက ဗုဒ္ဓဟူးနေ့တွင် ကြေညာသွားကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ဟိုက်ပါဆိုးနစ် ဂလိုက်ဒါကို သယ်ဆောင်သွားသည့် ပဲ့ထိန်းဒုံးကျည်သည် ၁၀၀၀ ကီလိုမီတာအကွာရှိ ရေပြင်ပေါ်မှ ပစ်မှတ်အား ထိမှန်ခဲ့ကြောင်း ကိုရီယားဗဟိုသတင်းဌာန (KCNA) က ဖော်ပြသည်။
အာဏာရလုပ်သားပါတီ၏ တရားဝင်သတင်းစာ ရိုဒုန်းဆင်မွန်၏ ဝက်ဘ်ဆိုက်၌ သားရေကုတ်အင်္ကျီရှည်ဝတ်ဆင်ထားပြီး ဒုံးကျည်ပစ်လွှတ်မှုကို အဝေးကြည့်မှန်ပြောင်းဖြင့် ကြည့်ရှုနေသည့် ကင်ဂျုံအန်းဓာတ်ပုံများကို ဖော်ပြထားသည်။
ယခုပစ်လွှတ်မှုသည် တစ်ပတ်မကြာသေးသည့် အချိန်အတွင်း မြောက်ကိုရီးယား၏ ဒုတိယအကြိမ် ပစ်လွှတ်ခြင်းလည်း ဖြစ်သည်။
အင်္ဂါနေ့က မြောက်ကိုရီးယား၏ စမ်းသပ်ပစ်ခတ်မှုသည် ဟိုက်ပါဆိုးနစ်အမြန်နှုန်းအဆင့်မီပြီး ပြီးခဲ့သည့်တစ်ခေါက် စမ်းသပ်မှုထက် ပိုမိုတိုးတက်လာသည်ကို ထင်ထင်ရှားရှား ပြသနေသည်ဟု တောင်ကိုရီးယား စစ်ဘက်က ပြောကြားသည်။
“ဒုံးကျည်စမ်းသပ်ပစ်ခတ်မှုကို ကင်ဂျုံအန်းကိုယ်တိုင် တက်ရောက်တယ်ဆိုတာ ဟိုက်ပါဆိုးနစ်စမ်းသပ်မှုဟာ စိတ်ကျေနပ်စရာအဆင့်ကို ရောက်နေပြီဆိုတာကို ပြသတာဖြစ်ပါတယ်” ဟု ဆိုးလ်ရှိ ကျုံနန်းတက္ကသိုလ် မြောက်ကိုရီးယားလေ့လာရေးဌာနမှ ပါမောကခ လင်းအယ်ချူးက ပြောကြားသည်။
ဟိုက်ပါဆိုးနစ်ဒုံးကျည်များသည့် အသံထက်ငါးဆအထိ ပိုမြန်ပြီး အနိမ့်ပျံဖြစ်သဖြင့် ၎င်းတို့ကို ခြေရာခံဖျက်ဆီးရန် အထူးခက်ခဲသည်။
အဆင့်မြင့်လက်နက်များ အားဖြည့်တပ်ဆင်နေသည့် မြောက်ကိုရီးယားသည် ၂၀၂၁ ခုနှစ် စက်တင်ဘာလကလည်း ဟိုက်ပါဆိုးနစ်ဂလိုက်ဒါ တပ်ဆင်ထားသည့် ပဲ့ထိန်းဒုံးကျည်တစ်စင်း စမ်းသပ်ပစ်လွှတ်ခဲ့ပြီး ယခုအကြိမ်သည် တတိယမြောက်ဖြစ်သည်။