- လက်နက်ကြီးကျ၍ ဂွဒေသခံအမျိုးသမီး တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ
- ကမ္ဘာတွင် မြေမြှုပ်မိုင်းအန္တရာယ် အဆိုးဆုံးဖြစ်လာသော မြန်မာနိုင်ငံ
- နပခဌာနချုပ်ထဲတွင် အကျဉ်းသားနှင့် အရပ်သား ၄၀၀ ခန့် ချုပ်နှောင်ခံထားရ
- မြန်မာ၏အပြုအမူသည် အာဆီယံ၏ အချက်အချာကျမှုကို ထိခိုက်စေနိုင်ကြောင်း စင်ကာပူကာကွယ်ရေးဝန်ကြီး ပြော
- ကုလလုံခြုံရေးကောင်စီ၏ ဂါဇာအပစ်အခတ်ရပ်ရေး အဆို အမေရိကန်က ဗီတိုအာဏာသုံး ပယ်ချ
အမေရိကန် နျူကလီးယားဗုံးကြဲလေယာဉ်နှင့် ရေငုပ်သင်္ဘောများ ပြန်လည်နေရာချထားရန် တောင်ကိုရီးယားသမ္မတသစ် လိုလား
ဝါရှင်တန်ကို လာရောက်လည်ပတ်သည့် ဆွေးနွေးပွဲအတွင်း တောင်ကိုရီးယားရွေးကောက်ခံသမ္မတ၏ အကြံပေးပုဂ္ဂိုလ်များသည် နျူကလီးယားဗုံးကြဲလေယာဉ်များနှင့် ရေငုပ်သင်္ဘောများကဲ့သို့သော အမေရိကန်၏ မဟာဗျူဟာမြောက်ပိုင်ဆိုင်မှုများကို ကိုးရီးယားကျွန်းဆွယ်တွင် ပြန်လည်နေရာချထားပေးရန် တောင်းဆိုခဲ့ကြောင်း အကြံပေးတစ်ဦးက ဧပြီ ၆ ရက်နေ့က ပြောကြားသည်။
19 Apr 2022
DMG ၊ ဧပြီ ၁၉
ဝါရှင်တန်ကို လာရောက်လည်ပတ်သည့် ဆွေးနွေးပွဲအတွင်း တောင်ကိုရီးယားရွေးကောက်ခံသမ္မတ၏ အကြံပေးပုဂ္ဂိုလ်များသည် နျူကလီးယားဗုံးကြဲလေယာဉ်များနှင့် ရေငုပ်သင်္ဘောများကဲ့သို့သော အမေရိကန်၏ မဟာဗျူဟာမြောက်ပိုင်ဆိုင်မှုများကို ကိုးရီးယားကျွန်းဆွယ်တွင် ပြန်လည်နေရာချထားပေးရန် တောင်းဆိုခဲ့ကြောင်း အကြံပေးတစ်ဦးက ဧပြီ ၆ ရက်နေ့က ပြောကြားသည်။
လက်နက်စမ်းသပ်မှုများကို အရှိန်မြှင့်နေသော မြောက်ကိုရီးယား၏ ခြိမ်းခြောက်မှုများကို တားဆီးနိုင်ရန်အတွက် ရွေးကောက်ခံသမ္မတ ယွန်ဆွတ်ယုံက ပိုမိုခိုင်မာသော လုံခြုံသည့်အခြေအနေ ရရှိရန် ကြိုးပမ်းနေသောကြောင့် ရွေးကောက်ခံသမ္မတ၏ နိုင်ငံခြားရေးမူဝါဒနှင့် လုံခြုံရေးဆိုင်ရာ အကူအညီပေးရေးအဖွဲ့သည် အမေရိကန်အမျိုးသားလုံခြုံရေး အကြံပေး ဂျိတ်ဆူလီဗန်နှင့် တွေ့ဆုံခဲ့ကြသည်။
"မဟာဗျူဟာမြောက် ပိုင်ဆိုင်မှုများကို ဖြန့်ကျက်ခြင်းက ဟန့်တားမှုတိုးချဲ့ခြင်းကို အားဖြည့်ရန်အရေးကြီးသော အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ဆွေးနွေးမှုများပြုလုပ်နေချိန်မှာပဲ ဒီကိစ္စရပ် အလိုအလျောက် ပေါ်ပေါက်လာခဲ့တယ်" ဟု သံတမန် ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ခဲ့သူ လွှတ်တော်အမတ် ပက်ခ်ဂျင်က သတင်းထောက်များကို ပြောကြားသည်။
အမေရိကန်သမ္မတဂျိုးဘိုင်ဒန်နှင့် အစောပိုင်းထိပ်သီးဆွေးနွေးပွဲကို ရယူနိုင်ရန်ရည်ရွယ်သည့် ခရီးစဉ်တွင် ကျင်းပခဲ့သည့် မြောက်ကိုရီးယား၏ ခြိမ်းခြောက်မှုကို ဆန့်ကျင်ရေးညှိနှိုင်းဆောင်ရွက်မှုဆိုင်ရာ ဆွေးနွေးပွဲတွင် နှစ်ဖက်စလုံးက အမေရိကန်၏ နျူကလီးယားအဟန့်အတားများကို မြှင့်တင်ရန် နည်းလမ်းများကို ရှာဖွေခဲ့ကြောင်း လွှတ်တော်အမတ်ကထည့်သွင်းပြောကြားခဲ့သည်။
အဆိုပါ ဆွေးနွေးပွဲများနှင့်ပတ်သက်၍ တောင်ကိုရီးယားသို့ တပ်ဖြန့်ချထားရန်ကို အမေရိကန်ကထောက်ခံခြင်းရှိမရှိကို မေးမြန်းခဲ့ရာတွင် နှစ်ဖက်စလုံးက အမေရိကန်ကာကွယ်ရေး ကတိကဝတ်များကို “ယေဘုယျအားဖြင့် ဆွေးနွေးခဲ့ကြသည်” ဟုအိမ်ဖြူတော် အရာရှိတစ်ဦးက တုံ့ပြန်ခဲ့သော်လည်း အသေးစိတ်ကို မဖော်ပြခဲ့ပေ။
အိမ်နီးချင်း မြောက်ကိုရီးယားနိုင်ငံက ပြီးခဲ့သောလတွင် တိုက်ချင်းပစ်ဒုံးကျည် (ICBM) ကို ပစ်လွှတ်ခဲ့ပြီးနောက် တင်းမာမှုများ မြင့်တက်လာနေသောကြောင့် မတ်လ ၉ ရက်နေ့ ရွေးကောက်ပွဲတွင် အနိုင်ရပြီးနောက် မေလ ၁၀ ရက်နေ့တွင်ကျမ်းသစ္စာကျိန်ဆိုရန် စီစဉ်ထားသော ယွန်ဆွတ်ယုံသည် ၎င်း၏ နိုင်ငံခြားရေးမူဝါဒလမ်းစဉ်ကို ရေးဆွဲလျက်ရှိသည်။
အမေရိကန် ဗုံးကြဲလေယာဉ်များ၊ လေယာဉ်တင်သင်္ဘောများနှင့် နျူကလီးယား ရေငုပ်သင်္ဘောများ ဖြန့်ကျက်ချထားခြင်းသည် မြောက်ကိုရီးယား၏ ခြိမ်းခြောက်မှုများကို “အခိုင်အမာ တုံ့ပြန်မည်” ဟု ယွန်ဆွတ်ယုံက ကတိပြုထားခဲ့သော ရွေးကောက်ပွဲအစီအစဉ်၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။
လစ်ဘရယ်သမ္မတ မွန်ဂျေအင်းလက်ထက်တွင် မြောက်ကိုရီးယားကို ပြေလျော့စေပြီး ရပ်တန့်နေသော နျူကလီးယားလက်နက် ဖျက်သိမ်းရေး ဆွေးနွေးပွဲများပြန်စရန် အတွက် လျှော့ချထားခဲ့သော အမေရိကန်နှင့် ပူးတွဲစစ်ရေးလေ့ကျင့်မှုများကို ပုံမှန်ပြန်လုပ်မည်ဟုလည်း ယွန်ဆွတ်ယုံက ကတိပြုထားသည်။
မြောက်ကိုရီးယားသည် အဆိုပါလေ့ကျင့်မှုကို စစ်ပွဲအတွက် အစမ်းလေ့ကျင့်မှုအဖြစ် ကာလရှည်ကြာ ရှုတ်ချခဲ့သလို တောင်ကိုရီးယားနှင့် မဟာမိတ်များသည် လက်တွေ့လေ့ကျင့်မှုကို လျှော့ချကာ ဗုံးကြဲလေယာဉ်များနှင့် လေယာဉ်တင်သင်္ဘောများ ကဲ့သို့သော အဓိကလက်နက်များ အသုံးပြုမှုကို ရှောင်လွှဲခဲ့ပြီး ကွန်ပျူတာဖြင့် ပုံစံတူလေ့ကျင့်မှုများတွင်သာ အာရုံစိုက်ခဲ့သည်။