- စစ်ဘေးရှောင်သည့် တောင်ကုတ်မြို့ခံ ၄၀ ခန့်ကို စစ်ကောင်စီ ဖမ်းဆီးထား
- ကြက်ဥ ဈေးကောင်းရနေသော်လည်း ကြက်မွေးမြူရေးလုပ်ငန်း ရပ်တည်ရခက်ခဲလာ
- စစ်တွေမြို့တွင် 92 တစ်လီတာ ငွေကျပ်ငါးသောင်းထိ ဈေးမြင့်တက်နေ
- ရမ်းဗြဲရောက် စစ်ဘေးရှောင် တစ်သောင်းကျော် အရေးပေါ်အကူအညီ လိုအပ်နေ
- လက်နက်ကြီးကျ၍ ဂွဒေသခံအမျိုးသမီး တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ
ဒေါ်လာ ၁.၃ ဘီလျံ ခိုးယူရန် ကြံစည်မှုဖြင့် မြောက်ကိုးရီးယားဟက်ကာများကို အမေရိကန် တရားစွဲ
ဒီဂျစ်တယ်ငွေကြေးနှင့် ဘဏ်နှင့် အခြားနေရာများမှ သမားရိုးကျငွေကြေး စုစုပေါင်း အမေရိကန်ဒေါ်လာ ၁.၃ ဘီလျံတန်ဖိုး ခိုးယူရန်ကြံစည်မှုဖြင့် မြောက်ကိုးရီးယား စစ်ထောက်လှမ်းရေး အရာရှိသုံးဦးအား အမေရိကန်တရားရေးဌာနက ဗုဒ္ဓဟူးနေ့တွင် တရားစွဲဆိုလိုက်သည်။
19 Feb 2021
ဒီဂျစ်တယ်ငွေကြေးနှင့် ဘဏ်နှင့် အခြားနေရာများမှ သမားရိုးကျငွေကြေး စုစုပေါင်း အမေရိကန်ဒေါ်လာ ၁.၃ ဘီလျံတန်ဖိုး ခိုးယူရန်ကြံစည်မှုဖြင့် မြောက်ကိုးရီးယား စစ်ထောက်လှမ်းရေး အရာရှိသုံးဦးအား အမေရိကန်တရားရေးဌာနက ဗုဒ္ဓဟူးနေ့တွင် တရားစွဲဆိုလိုက်သည်။
ယခုလုပ်ဆောင်ချက်သည် သမ္မတဂျိုးဘိုင်ဒန်အစိုးရအဖွဲ့က သူ့အခေါ် မြောက်ကိုးရီးယားက ကျူးလွန်နေသည့် “ကမ္ဘာလုံးဆိုင်ရာ ရာဇဝတ်မှု” ကို ပစ်မှတ်ထားကိုင်တွယ်လိုက်သည့် ပထမဆုံးလုပ်ရပ်လည်း ဖြစ်သည်။
မြောက်ကိုးရီးယား၏ အဓိကဝင်ငွေ လမ်းကြောင်းများကို ကုလသမဂ္ဂ၏ အရေးယူပိတ်ဆို့မှုများ ရှိနေချိန်၌ အစိုးရအတွက် ရန်ပုံငွေရှာဖွေပေးနိုင်ရန် ကွန်ပျူတာစနစ်များအတွင်း ထိုးဖောက်ဝင်ရောက်ခြင်းများ ပြုလုပ်မှုဖြင့် အဆိုပါအရာရှိသုံးဦးက အမေရိကန်တရားရေးဌာနက တရားစွဲဆိုလိုက်ခြင်း ဖြစ်သည်။
တရားစွဲဆိုခံရသော အရာရှိသုံးဦးမှာ ပတ်ဂျင်ဟုတ်၊ ဂျွန်ချန်ဟုတ်နှင့် ကင်အီတို့ဖြစ်သည်။ ပတ်ဂျင်ဟုတ်အား ၂၀၁၈ ခုနှစ်တွင် ဆိုနီကုမ္ပဏီအား ကွန်ပျူတာဖြင့် ဖောက်ထွင်းဝင်ရောက်မှု၊ ၂၀၁၆ ခုနှစ်တွင် ဘင်္ဂလားဒေ့ရှ် ဗဟိုဘဏ်မှ ကန်ဒေါ်လာ ၈၁ သန်း ခိုးယူမှုတို့ဖြင့် တရားစွဲထားသည်။
မြောက်ကိုးရီးယား ဟက်ကာများသည် ဆလိုဗေးနီးယားနှင့် အင်ဒိုနီးရှားနိုင်ငံများမှ ဒစ်ဂျစ်တယ်ငွေကြေးများ ခိုးယူကာ နယူးယောက်အိတ်ချိန်းသို့ တင်ပို့ခဲ့သော တန်ဖိုးစုစုပေါင်း ၁၁.၈ သန်းရှိကြောင်း အေအက်ဖ်ပီသတင်းတွင် ဖော်ပြထားသည်။ ၂၀၁၈ ခုနှစ်တွင်လည်း ပါကစ္စတန်ရှိ အေတီအမ်စက်များမှ ကန်ဒေါ်လာ ၆.၁ သန်း ခိုးယူခဲ့သည်။
မြောက်ကိုးရီးယားသည် သေနတ်အစား ကီးဘုတ်များ အသုံးပြုကာ ငွေသားအစား ဒီဂျစ်တယ်ငွေကြေးများကို ခိုးယူနေသည့် ကမ္ဘာ့ဦးဆောင် ဘဏ်ဓားပြများ ဖြစ်သည်ဟု လက်ထောက်ရှေ့နေချုပ် ဂျွန်ဒီမာက ကြေညာချက်တစ်စောင်တွင် ထည့်သွင်းပြောကြားထားသည်။
“ကျွန်တော်တို့က မြောက်ကိုးရီးယားဆိုရင် ပဲ့ထိန်းဒုံးတွေ နျူကလီးယားလက်နက်တွေ အကြောင်းပဲ ပြောနေကြတယ်။ ဒါပေမဲ့ ဆိုင်ဘာတိုက်ခိုက်မှုတွေဟာလည်း ဂရုစိုက်စောင့်ကြည့် ရမည့် အချက်ဖြစ်ပါတယ်” ဟု အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာ ပြောရေးဆိုခွင့်ရှိသူ နက်ဒ်ပရိုက်က ပြောကြားသည်။
ပြီးခဲ့သည့် ခုနစ်နှစ်ကျော် ကာလအတွင်း မြောက်ကိုးရီးယားအရာရှိများသည် ဘစ်ကွိုင်ကဲ့သို့ ခရစ်တိုငွေကြေး ရောင်းဝယ်ဖောက်ကားသူများကို ပစ်မှတ်ထားသည့် အက်ပလီကေးရှင်းများ ဖန်တီးကာ အသုံးပြုသူများ၏ ကွန်ပျူတာမျာအား ထိုးဖောက်ဝင်ရောက်နိုင်အောင် ကြိုးစားခဲ့ကြပြီး ဘလော့ချိန်း ပလက်ဖောင်းတစ်ခု ဖန်တီးကာ ရန်ပုံငွေများ လျှို့ဝှက်ရှာဖွေခဲ့ကြသည်ဟု အမေရိကန်တရားရေးဌာနက ပြောကြားသည်။