- စစ်ဘေးရှောင်သည့် တောင်ကုတ်မြို့ခံ ၄၀ ခန့်ကို စစ်ကောင်စီ ဖမ်းဆီးထား
- ကြက်ဥ ဈေးကောင်းရနေသော်လည်း ကြက်မွေးမြူရေးလုပ်ငန်း ရပ်တည်ရခက်ခဲလာ
- စစ်တွေမြို့တွင် 92 တစ်လီတာ ငွေကျပ်ငါးသောင်းထိ ဈေးမြင့်တက်နေ
- ရမ်းဗြဲရောက် စစ်ဘေးရှောင် တစ်သောင်းကျော် အရေးပေါ်အကူအညီ လိုအပ်နေ
- လက်နက်ကြီးကျ၍ ဂွဒေသခံအမျိုးသမီး တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ
အရှေ့ဘက်ကမ်းခြေသို့ ပဲ့ထိန်းဒုံးကျည်နှစ်စင်း မြောက်ကိုးရီးယား ပစ်လွှတ်
မြောက်ကိုးရီးယားသည် ခြောက်လအတွင်း ပထမဆုံးလက်နက်စမ်းသပ်မှုတွင် ဒုံးကျည်သစ်ကို စတင်စမ်းသပ်ခဲ့သည်ဟု ကြေညာပြီး နောက် ၂ ရက်အကြာတွင် ၎င်း၏အရှေ့ဘက်ကမ်းရိုးတန်းသို့ ပဲ့ထိန်းဒုံးကျည် ၂ စင်းကို ဗုဒ္ဓဟူးနေ့က ပစ်လွှတ်ခဲ့ကြောင်း တောင်ကိုးရီးယားစစ်တပ်က ပြောကြားလိုက်သည်။
16 Sep 2021
DMG ၊ စက်တင်ဘာ ၁၆
မြောက်ကိုးရီးယားသည် ခြောက်လအတွင်း ပထမဆုံးလက်နက်စမ်းသပ်မှုတွင် ဒုံးကျည်သစ်ကို စတင်စမ်းသပ်ခဲ့သည်ဟု ကြေညာပြီး နောက် ၂ ရက်အကြာတွင် ၎င်း၏အရှေ့ဘက်ကမ်းရိုးတန်းသို့ ပဲ့ထိန်းဒုံးကျည် ၂ စင်းကို ဗုဒ္ဓဟူးနေ့က ပစ်လွှတ်ခဲ့ကြောင်း တောင်ကိုးရီးယားစစ်တပ်က ပြောကြားလိုက်သည်။
မြောက်ကိုးရီးယားအလယ်ပိုင်းရှိ နေရာတစ်ခုမှ ပစ်လွှတ်လိုက်သော ပဲ့ထိန်းဒုံးကျည် ၂ စင်းသည် ဗုဒ္ဓဟူးနေ့ မွန်းလွဲပိုင်းတွင် ကိုရီးယားကျွန်းဆွယ်၏ အရှေ့ဘက်ကမ်းရိုးတန်းရှိ ရေပြင်သို့ ဦးတည်၍ပျံသန်းခဲ့သည်ဟု တောင်ကိုးရီးယား ပူးတွဲစစ်ဦးစီးချုပ်ရုံးမှ ထုတ်ပြန်ကြေညာခဲ့သည်။
တောင်ကိုရီးယားနှင့် အမေရိကန် ထောက်လှမ်းရေး အာဏာပိုင်များသည် မြောက်ကိုရီးယားဒုံးကျည် ပစ်လွှတ်မှုနှင့် ပတ်သက်၍ ပိုပြီး အသေးစိတ် စစ်ဆေးလျက်ရှိသည်ဟု ကြေငြာချက်တွင်ဖော်ပြထားသည်။ တောင်ကိုးရီးယားသည် ၎င်း၏ မြောက်ကိုးရီးယားနိုင်ငံအပေါ် စောင့်ကြည့်ရေးလုပ်ငန်းစဉ်များကိုလည်း အရှိန်မြှင့် ဆောင်ရွက်ထားသည်ဟု ကြေငြာချက်တွင် ဖော်ပြသည်။
ဒုံးကျည်နှစ်စင်းသည် ဂျပန်နှင့်ကိုးရီးယားကျွန်းဆွယ် အကြား ရေပြင်အတွင်း ဂျပန်သီးသန့်စီးပွားရေးဇုန် အပြင်ဘက်သို့ ကျရောက်ခဲ့သည်ဟု ဂျပန်ကမ်းခြေစောင့်တပ်ဖွဲ့မှ အတည်ပြုပြောကြားသည်။
သင်္ဘောများ(သို့မဟုတ်) လေယာဉ်များ ထိခိုက်ပျက်စီးမှုမရှိဟုလည်း ကမ်းခြေစောင့်တပ်ဖွဲ့က ပြောကြားသည်။
ပြုံယမ်းနှင့်ဝါရှင်တန်တို့အကြား နျူကလီးယားသံတမန်ရေး တင်းမာနေချိန်တွင် မြောက်ကိုးရီးယားသည် ၎င်း၏လက်နက်အင်အား တောင့်တင်းလာအောင် ကြိုးစားနေကြောင်း ယခုစမ်းသပ်မှုက ဖော်ပြနေသည်ဟု ကျွမ်းကျင်သူများက ပြောဆိုကြသည်။