- ညောင်ကျိုးစခန်းက အရာရှိအပါအဝင် စစ်ကောင်စီတပ်သားများ တပ်ဆုတ်
- တရုတ်၊ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်တို့အပေါ် ရိုက်ခတ်လာသည့် အာရက္ခတပ်တော်အောင်ပွဲ
- တရုတ် လုံခြုံရေးကုမ္ပဏီများကြောင့် လူ့အခွင့်အရေးချိုးဖောက်မှုများ ပိုဆိုးစေကြောင်း Human Rights Myanmar ပြော
- ညောင်ကျိုးသို့ စစ်ကူလာမည့် လမ်းကြောင်းကို AA ဖြတ်တောက်ထား
- မွတ်ဆလင်လူမျိုးတုံး သတ်ဖြတ်မှု စစ်ဆေးနိုင်ရေးအတွက် ဘင်္ဂလားဒေ့ရှ်ထံမှ အကူအညီ ရရှိရေး ဂမ်ဘီယာနိုင်ငံ ကြိုးပမ်း
နယူးဇီလန်ဝန်ကြီးချုပ် ရာထူးမှနုတ်ထွက်တော့မည်ဟု ကြေညာ
အသက် ၄၂ နှစ်အရွယ် ဝန်ကြီးချုပ်က ဇန်နဝါရီလ ၁၉ ရက်နေ့တွင် ယခုကဲ့သို့ ကြေညာလိုက်ခြင်းဖြစ်သည်။
20 Jan 2023
ရာထူးမှ နုတ်ထွက်တော့မည့် နယူးဇီလန်ဝန်ကြီးချုပ် ဂျာဆင်ဒါအာဒန်။/ ဓာတ်ပုံ - AFP
နယူးဇီလန်ဝန်ကြီးချုပ် ဂျာဆင်ဒါအာဒန်က ဖေဖော်ဝါရီလ ၇ ရက်နေ့ကို နောက်ဆုံးထား၍ နုတ်ထွက်တော့မည်ဟု ကြေညာလိုက်ကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
အသက် ၄၂ နှစ်အရွယ် ဝန်ကြီးချုပ်က ဇန်နဝါရီလ ၁၉ ရက်နေ့တွင် ယခုကဲ့သို့ ကြေညာလိုက်ခြင်းဖြစ်သည်။
“ကျွန်မဟာ လူသားတစ်ယောက် ဖြစ်ပါတယ်။ ကျွန်မတို့အနေနဲ့ ပေးနိုင်သမျှကို ကြာနိုင်သမျှကြာကြာ ပေးပြီးနောက်မှာ အချိန်ကျလာပါပြီ။ ကျွန်မအတွက်တော့ ဒီအချိန်ကို ရောက်ပါပြီ” ဟု လေဘာပါတီဝင်များနှင့် အစည်းအဝေးတစ်ရပ်တွင် သူမက ပြောကြားသည်။
“နောက်ထပ်လေးနှစ် ဒီနယ်ပယ်ထဲမှာ ဆက်နေဖို့ ကျွန်မမှာ လုံလောက်တဲ့ခွန်အားမရှိတော့ပါဘူး” ဟု သူမက ပြောကြားသည်။
နယူးဇီလန်အတွက် ဝန်ကြီးချုပ်အသစ် ရွေးချယ်ရန် အထွေထွေရွေးကောက်ပွဲကို အောက်တိုဘာလ ၁၄ ရက်နေ့တွင် ကျင်းပမည်ဖြစ်သည်။ ထိုအချိန်မတိုင်မီအထိ လွှတ်တော်အမတ်တစ်ဦးအဖြစ် ရှိနေမည်ဟု ဂျာဆင်ဒါအာဒန်က ပြောကြားသည်။
အာဒန်သည် နယူးဇီလန်ဝန်ကြီးချုပ်အဖြစ် ၂၀၁၇ ခုနှစ်တွင် စတင်တာဝန်ထမ်းဆောင်ခဲ့သည်။ သူမတာဝန်ထမ်းဆောင်စဉ် သက်တမ်းအတွင်း သဘာဝဘေးအန္တရာယ်များ၊ ကိုဗစ်-၁၉ ကပ်ဘေး၊ အကြမ်းဖက် တိုက်ခိုက်မှုများကို တာဝန်ယူ ကိုင်တွယ်ဆောင်ရွက်ခဲ့မှုများအတွက် ကမ္ဘာ့မျက်နှာစာတွင် ချီးမွမ်းခံခဲ့ရသူလည်း ဖြစ်သည်။
သို့သော်လည်း အခြားတစ်ဘက်တွင်မူ သူမ၏အစိုးရအဖွဲ့သည် ပြီးခဲ့သောနှစ်မှစ၍ ပြည်တွင်း ထောက်ခံမှု ကျဆင်းလာလျက်ရှိသည်။ နိုင်ငံစီးပွားရေး ယိုယွင်းလာမှု၊ အတိုက်အခံ ကွန်ဆာဗေးတစ်တို့ တစ်ကျော့ပြန် အားကောင်းလာမှုတို့နှင့်အတူ သူမ၏ပါတီအပေါ် လူထု၏ ယုံကြည်မှု ကျဆင်းလျက်ရှိသည်။
ပြီးခဲ့သောလက အတိုက်အခံ နိုင်ငံရေးခေါင်းဆောင်တစ်ဦးအား အာဒန်က “အထက်စီးဆန်တဲ့ ရွံစရာကောင်” ဟု အမှတ်တမဲ့ ပြောကြားလိုက်မိသည့် ကိစ္စကလည်း သူမအပေါ် ဖိအားများ တိုးသွားစေသည်ဟု အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။