- စစ်ဘေးရှောင်သည့် တောင်ကုတ်မြို့ခံ ၄၀ ခန့်ကို စစ်ကောင်စီ ဖမ်းဆီးထား
- ကြက်ဥ ဈေးကောင်းရနေသော်လည်း ကြက်မွေးမြူရေးလုပ်ငန်း ရပ်တည်ရခက်ခဲလာ
- စစ်တွေမြို့တွင် 92 တစ်လီတာ ငွေကျပ်ငါးသောင်းထိ ဈေးမြင့်တက်နေ
- ရမ်းဗြဲရောက် စစ်ဘေးရှောင် တစ်သောင်းကျော် အရေးပေါ်အကူအညီ လိုအပ်နေ
- လက်နက်ကြီးကျ၍ ဂွဒေသခံအမျိုးသမီး တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ
မြောက်ကိုရီးယားတွင် နိုင်ငံခြားရေးဝန်ကြီး အပြောင်းအလဲလုပ်
မြောက်ကိုရီးယားသည် လက်ရှိနိုင်ငံခြားရေးဝန်ကြီး ရီယောင်ဟို၏ နေရာတွင်လူသစ်တစ်ဦး အစားထိုးခန့်အပ်လိုက်ကြောင်း Reuters သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
21 Jan 2020
မြောက်ကိုရီးယားသည် လက်ရှိနိုင်ငံခြားရေးဝန်ကြီး ရီယောင်ဟို၏ နေရာတွင်လူသစ်တစ်ဦး အစားထိုးခန့်အပ်လိုက်ကြောင်း Reuters သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ရီယောင်ဟို၏နေရာတွင် အစားထိုးခန့်အပ်လိုက်သူ၏ အမည်ကိုလက်ရှိအချိန်တွင် မြောက်ကိုရီးယားအစိုးရကထုတ်ဖော် ကြေညာခြင်း မရှိသေးဘဲ လာမည့် ကြာသပတေးနေ့လောက်မှသာ ကြေညာသွားမည်ဟု တောင်ကိုရီးယားအခြေစိုက် NK သတင်းဌာနက အမည်မဖော်သူ သတင်းရင်းမြစ်တစ်ဦးကိုကိုးကားပြီး ရေးသားထားသည်ကို တွေ့ရသည်။
မြောက်ကိုရီးအရေးစောင့်ကြည့်ကြီးကြပ်သည့် တောင်ကိုရီးယားဝန်ကြီးဌာနဖြစ်သော ပေါင်းစည်းညီညွတ်ရေးဝန်ကြီးဌာနကမူ ရီ၏ ရာထူးအပြောင်းအလဲနှင့်ပတ်သက်ပြီး သတိထားစောင့်ကြည့်သွားရမည်ဟု ပြောကြားထားသည်။
၁၉၅၆ ခုနှစ်ဖွား ရီ သည် အာဏာရပါတီဖြစ်သော အလုပ်သမားပါတီ၏ မြောက်ကိုရီးယားနိုင်ငံအတွင်း စီမံအုပ်ချုပ်မှု အဆင့်ရာထူးများခန့်အပ်မှုကို စောင့်ကြည့်သော Organization and Guidance Department (OGD)၏ လက်ထောက်ဒါရိုက်တာဟောင်းလည်း ဖြစ်သည်။
သူ၏ဖခင်မှာ မြောက်ကိုရီးယားနိုင်ငံပိုင် သတင်းဌာနဖြစ်သော Korean Central News Agency (KCNA) မှ အယ်ဒီတာတစ်ဦးဖြစ်သည်။
အင်္ဂလိပ်စကားပြောကျွမ်းကျင်သော ရီသည် ၂၀၀၃ ခုနှစ်မှ ၂၀၀၇ ခုနှစ်အထိ လန်ဒန်တွင် မြောက်ကိုရီးယားသံတမန် အဖြစ်တာဝန်ထမ်းဆောင်ခဲ့ကာ ဒုနိုင်ငံခြားရေးဝန်ကြီးအဖြစ်နှင့် မြောက်ကိုရီးယားနျူကလီးယားအရေး ၆ နိုင်ငံဆွေးနွေးပွဲ တွင် နိုင်ငံကိုယ်စားပြု ပါဝင်ဆွေးနွေးခဲ့သူလည်း ဖြစ်သည်။
ရီ သည် စက်တင်ဘာလအတွင်းကပြုလုပ်ခဲ့သော ကုလသမဂ္ဂကမ္ဘာ့ခေါင်းဆောင်များ နှစ်စဉ်တွေ့ဆုံပွဲကို တက်ရောက်ခဲ့ခြင်း မရှိပေ။