- စစ်ဘေးရှောင်များကို ငွေပေးပြီး စစ်သင်တန်းတက်ရန် ALP စည်းရုံးနေ
- ICC ဒဏ်ခတ်အရေးယူခဲ့သည် Trump အစိုးရအဖွဲ့ကို Fortify Rights တရားစွဲ
- ပုသိမ်က ပြည်သူ့စစ်သင်တန်းဆင်းများကို စစ်တွေသို့ ပို့နေ
- ဘင်္ဂလားဒေ့ရှ် ပြုပြင်ပြောင်းလဲရေးကြောင့် အစ္စလာမစ်အမာခံတွေ အတွက် လမ်းစပွင့်လာ
- "ဖေဖေ ဘယ်တော့ပြန်လာမလဲ သားသမီးတွေကမေးနေတော့ ကျမမှာ ဒီမေးခွန်းအတွက် အဖြေမရှိဘူး"
ဗိုင်းရပ်စ်ကူးစက်မှု မြင့်တက်နေချိန် မြောက်ကိုရီးယားတွင် ဒုံးကျည်စမ်းသပ်ပစ်ခတ်
မြောက်ကိုရီးယားသည် မတ်လ ၂၉ ရက် တနင်္ဂနွေနေ့တွင် ပဲ့ထိန်းဒုံးဟု ယူဆရသော ဒုံးကျည်နှစ်စင်း ပင်လယ်ထဲသို့ ပစ်ခတ်ခဲ့ကြောင်း တောင်ကိုရီးယားနှင့် ဂျပန်နိုင်ငံများက ပြောကြားလိုက်သည်။
29 Mar 2020

မြောက်ကိုရီးယားသည် မတ်လ ၂၉ ရက် တနင်္ဂနွေနေ့တွင် ပဲ့ထိန်းဒုံးဟု ယူဆရသော ဒုံးကျည်နှစ်စင်း ပင်လယ်ထဲသို့ ပစ်ခတ်ခဲ့ကြောင်း တောင်ကိုရီးယားနှင့် ဂျပန်နိုင်ငံများက ပြောကြားလိုက်သည်။
နိုင်ငံတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုများ ရှိနေသည်ဟု ယူဆရပြီး စိုးရိမ်မှုများ မြင့်တက်နေချိန်၌ ခေါင်းဆောင် ကင်ဂျုံအန်းသည် ပြည်တွင်းထောက်ခံမှု အားကောင်းလာစေရန် ရည်ရွယ်ပြီး လက်နက်များပစ်ခတ်ခဲ့ခြင်း ဖြစ်နိုင်ကြောင်းလည်း အေပီသတင်းတွင် ဖော်ပြထားသည်။
မြောက်ကိုရီးယားနိုင်ငံ၏ အရှေ့ဘက်ကမ်းခြေရှိ ဝန်ဆန်းမြို့မှနေ၍ ကိုးရီးယားကျွန်းဆွယ်နှင့် ဂျပန်နိုင်ငံကြား ရေပြင်ထဲသို့ တနင်္ဂနွေနေ့နံနက်ပိုင်းက လက်နက်များပစ်ခတ်ခဲ့သည်ကို စစ်ဆေးတွေ့ရှိရကြောင်း တောင်ကိုရီးယားက သတင်းထုတ်ပြန်ခဲ့သည်။
လက်နက်များသည် ၁၄၃ မိုင်အကွာအဝေးထိ ရောက်ရှိခဲ့ပြီး ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ ၁၉ မိုင်အထိ ရောက်ရှိခဲ့ကြောင်းလည်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ကမ္ဘာကြီးတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုအား တိုက်ပွဲဝင်နေရချိန်၌ ယခုပစ်ခတ်မှုသည် လွန်စွာမသင့်လျော်သောလုပ်ရပ် ဖြစ်ကြောင်း တောင်ကိုရီးယားစစ်တပ်က ဖော်ပြထားသည်။
ယခုကဲ့သို့ စစ်ဘက်ဆိုင်ရာ လုပ်ဆောင်ချက်များအား ရပ်တန့်ရန်လည်း တိုက်တွန်းထားသည်။
ပဲ့ထိန်းဒုံးကျည်ဟု ယူဆရသော လက်နက်များသည် ဂျပန်နိုင်ငံ၏ အထူးစီးပွားရေးဇုန် ပြင်ပရှိ ရေပြင်ထဲသို့ ကျရောက်ခဲ့သည်ဟု ယုံကြည်ရကြောင်း ဂျပန်ကာကွယ်ရေး ဝန်ကြီးဌာနက ပြောကြားသည်။
မြောက်ကိုရီးယားက ဒုံးကျည်များ ဆက်တိုက်ပစ်ခတ်နေခြင်းသည် ဂျပန်အပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းအတွက် အရေးကြီးသောပြဿနာတစ်ရပ် ဖြစ်နေကြောင်း ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွက် ဖော်ပြထားသည်။
ကမ္ဘာတစ်ဝန်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုများ ဖြစ်ပေါ်နေချိန်၌ မြောက်ကိုရီးယားသည် တစ်လအတွင်းလေးကြိမ်မြောက် ဒုံးကျည်ပစ်လွှတ်ခဲ့ခြင်း ဖြစ်သည်။
ဆက်စပ်ဖတ်ရှုရန် -
■ အသံထက်မြန်သော ဟိုက်ပါဆိုးနစ်ဒုံးကျည် အမေရိကန် အောင်မြင်စွာစမ်းသပ်