- လက်နက်ကြီးကျ၍ ဂွဒေသခံအမျိုးသမီး တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ
- ကမ္ဘာတွင် မြေမြှုပ်မိုင်းအန္တရာယ် အဆိုးဆုံးဖြစ်လာသော မြန်မာနိုင်ငံ
- နပခဌာနချုပ်ထဲတွင် အကျဉ်းသားနှင့် အရပ်သား ၄၀၀ ခန့် ချုပ်နှောင်ခံထားရ
- မြန်မာ၏အပြုအမူသည် အာဆီယံ၏ အချက်အချာကျမှုကို ထိခိုက်စေနိုင်ကြောင်း စင်ကာပူကာကွယ်ရေးဝန်ကြီး ပြော
- ကုလလုံခြုံရေးကောင်စီ၏ ဂါဇာအပစ်အခတ်ရပ်ရေး အဆို အမေရိကန်က ဗီတိုအာဏာသုံး ပယ်ချ
မြောက်ကိုရီးယား၏ နျူကလီးယားအင်အားကို တိုးမြှင့်သွားမည်ဟု စစ်ရေးပြပွဲတွင် ကင်ဂျုံအန်းပြော
မြောက်ကိုရီးယားအနေဖြင့် နျူကလီးယားအင်အားကို ပိုမိုတိုးတက်အောင် စဉ်ဆက်မပြတ် အရှိန်မြှင့် ဆောင်ရွက်သွားမည်ဟု ခေါင်းဆောင်ကင်ဂျုံအန်းက ပြောကြားကြောင်း မြောက်ကိုရီးယားအစိုးရပိုင် ရုပ်သံက ဧပြီလ ၂၆ ရက်နေ့တွင် ဖော်ပြလိုက်သည်။
27 Apr 2022
DMG ၊ ဧပြီ ၂၇
မြောက်ကိုရီးယားအနေဖြင့် နျူကလီးယားအင်အားကို ပိုမိုတိုးတက်အောင် စဉ်ဆက်မပြတ် အရှိန်မြှင့် ဆောင်ရွက်သွားမည်ဟု ခေါင်းဆောင်ကင်ဂျုံအန်းက ပြောကြားကြောင်း မြောက်ကိုရီးယားအစိုးရပိုင် ရုပ်သံက ဧပြီလ ၂၆ ရက်နေ့တွင် ဖော်ပြလိုက်သည်။
အင်အားကြီး တိုက်ချင်းပစ်ဒုံးကျည်များအား ဖော်ထုတ်ပြသသည့် မြောက်ကိုရီးယားစစ်တပ်၏ ဧရာမ စစ်ရေးပြပွဲကြီးတွင် ကင်ဂျုံအန်းက ယခုကဲ့သို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။
ပြင်းထန်သည့် အရေးယူပိတ်ဆို့မှုများနှင့် ရင်ဆိုင်နေရသော်လည်း မြောက်ကိုရီးယားသည် ခေါင်းဆောင်ကင်ဂျုံအန်း၏ စစ်တပ်ကို ခေတ်မီအောင် အသွင်ပြောင်းရေး ဆန္ဒကို နှစ်ဆတိုး ဆောင်ရွက်လျက်ရှိသည်။ ယခုနှစ်တွင်လည်း မြောက်ကိုရီးယားသည် အမေရိကန်၏ ဆွေးနွေးပွဲဖိတ်ခေါ်မှုများကို မျက်ကွယ်ပြုကာ တားမြစ်ထားသည့် လက်နက်များကို ပစ်ခတ်စမ်းသပ်မှုများ အများအပြား ဆောင်ရွက်လျက်ရှိသည်။
တနင်္လာနေ့ကကျင်းပသည့် စစ်ရေးပြပွဲ၌ ပြုံယမ်းမြို့တစ်လျှောက် လှည့်လည်လာသော တင့်ကား၊ ဒုံးလွှတ်ယာဉ်များနှင့် တိုက်ချင်းပစ်ဒုံးကျည် ယာဉ်တန်းကြီးအား ဖောင်းကြွရွှေတံဆိပ်များ တပ်ဆင်ထားသည့် အဖြူရောင် စစ်ယူနီဖောင်း ဝတ်ဆင်ထားသော ကင်ဂျုံအန်းသည် ကြည့်ရှုခဲ့သည်။
မြောက်ကိုရီးယား စစ်တပ်တည်ထောင်ခြင်း အထိမ်းအမှတ်အဖြစ် ယခုကဲ့သို့ စစ်ရေးပြပွဲ ကျင်းပခဲ့ခြင်း ဖြစ်ကြောင်း နိုင်ငံပိုင်ရုပ်သံ၏ ဖော်ပြချက်အရ သိရသည်။
မိမိတို့နိုင်ငံ၏နျူကလီးယားစွမ်းရည်ကို အမြန်ဆုံးနှုန်းဖြင့် အင်အားဖြည့်တင်းသွားရန် ကင်ဂျုံအန်းက ပြောကြားခဲ့ကြောင်း အစိုးရပိုင် KCNA ရုပ်သံက ဖော်ပြသည်။
မိမိတို့၏ နျူကလီးယားအင်အား၏ အခြေခံ ရည်မှန်းချက်သည် စစ်ပွဲကို တားမြစ်ရန် ဖြစ်သော်လည်း ထိုနျူကလီးယား လက်နက်များကို ရည်ရွယ်ချက်တစ်ခုတည်းအတွက် ကန့်သတ်ထားမည်မဟုတ်ဟု ကင်ဂျုံအန်းက ပြောကြားသည်။
ပြီးခဲ့သောလက ပြုံယမ်းတွင် ၂၀၁၇ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် တိုက်ချင်းပစ်ဒုံးလက်နက် စမ်းသပ်မှုတစ်ခုကို အပြည့်အဝ ပစ်ခတ်စမ်းသပ်ခဲ့သည်။ မြောက်ကိုရီးယားသည် အမေရိကန်သမ္မတဟောင်း ထရမ့်နှင့် ကင်ဂျုံအန်း တွေ့ဆုံမှု မပြုလုပ်မီ ၂၀၁၈ ခုနှစ်က ရုပ်သိမ်းခဲ့သည့် နျူကလီးယား စမ်းသပ်ဧရိယာတွင်လည်း တစ်ကျော့ပြန် လှုပ်ရှားမှုများ ရှိလာနေကြောင်း ဂြိုဟ်တုရုပ်ပုံများအရ သိရသည်။