- စစ်ဘေးရှောင်များကို ငွေပေးပြီး စစ်သင်တန်းတက်ရန် ALP စည်းရုံးနေ
- ICC ဒဏ်ခတ်အရေးယူခဲ့သည် Trump အစိုးရအဖွဲ့ကို Fortify Rights တရားစွဲ
- ပုသိမ်က ပြည်သူ့စစ်သင်တန်းဆင်းများကို စစ်တွေသို့ ပို့နေ
- ဘင်္ဂလားဒေ့ရှ် ပြုပြင်ပြောင်းလဲရေးကြောင့် အစ္စလာမစ်အမာခံတွေ အတွက် လမ်းစပွင့်လာ
- "ဖေဖေ ဘယ်တော့ပြန်လာမလဲ သားသမီးတွေကမေးနေတော့ ကျမမှာ ဒီမေးခွန်းအတွက် အဖြေမရှိဘူး"
အမေရိကန်တွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၁ သိန်းကျော်ပြီ
အမေရိကန်ပြည်ထောင်စုတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကြောင့် သေဆုံးသူစုစုပေါင်းသည် မေလ ၂၇ ရက်နေ့တွင် တစ်သိန်းပြည့်သွားပြီဖြစ်ကြောင်း အချက်အလက်များကို အချိန်နှင့်တစ်ပြေးညီ တင်ပြပေးနေသည့် Worldometer ဝက်ဘ်ဆိုက်တွင်ဖော်ပြချက်အရ သိရသည်။
27 May 2020

အမေရိကန်ပြည်ထောင်စုတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကြောင့် သေဆုံးသူစုစုပေါင်းသည် မေလ ၂၇ ရက်နေ့တွင် တစ်သိန်းပြည့်သွားပြီဖြစ်ကြောင်း အချက်အလက်များကို အချိန်နှင့်တစ်ပြေးညီ တင်ပြပေးနေသည့် Worldometer ဝက်ဘ်ဆိုက်တွင်ဖော်ပြချက်အရ သိရသည်။
အမေရိကန်နိုင်ငံတစ်ဝန်း တရားဝင်အတည်ပြုထားသော ကူးစက်မှုစုစုပေါင်းမှာ ၁၆ သိန်းခွဲခန့် ရှိနေပြီဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။
ဇန်နဝါရီလအမီ ကာကွယ်ဆေး သန်း ၃၀၀ ထုတ်လုပ်မည်ဟူသည့် သမ္မတထရမ့်၏ ကြုံးဝါးချက် ရေစုန်မျောသွားသည့်အပေါ်လည်း ကျန်းမာရေးပညာရှင်များက စိုးရိမ်မကင်းဖြစ်လျက် ရှိကြသည်။
အခြားတစ်ဘက်တွင်မူ နိုင်ငံတွင်း စစ်တမ်းတစ်ရပ် ဆောင်ရွက်ခဲ့ရာ၌ ပါဝင်ဖြေဆိုသူများအနက် ၃၁ ရာခိုင်နှုန်းက ၎င်းတို့အနေဖြင့် ကုသဆေးရရှိမည်ဟု တိတိကျကျယုံကြည်ထားခြင်း မရှိကြသလို ၅ ပုံ ၁ ပုံခန့်ကလည်း ကုသဆေးကို ငြင်းပယ်မည်ဟု ပြောကြားခဲ့ကြကြောင်း အေပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
“ကျွန်မက ထိုးဆေးတွေဘာတွေ ဆန့်ကျင်တဲ့သူတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ တစ်နှစ် ၂ နှစ်လောက်နဲ့ COVID-19 ကုသဆေး ထွက်လာမယ်ဆိုရင်တော့ ဒီဆေးရဲ့ ဘေးထွက်ဆိုးကျိုးတွေကို ကျယ်ကျယ်ပြန့်ပြန့် သုတေသနလုပ်ခဲ့ရဲ့လားဆိုတာ ကျွန်မစိတ်ပူမိမယ်။” ဟု ကော်လိုရာဒိုမှ အသက် ၅၆ နှစ်အရွယ် အမျိုးသမီးတစ်ဦးက အေပီသတင်းဌာနသို့ ဖြေကြားသည်။
ကမ္ဘာတစ်ဝန်းရှိ နိုင်ငံများတွင် ဗိုင်းရပ်စ်ထိန်းချုပ်ရေး လော့ဒေါင်းစည်းကမ်းများအား ပြန်လည်ဖြေလျော့မှုများ နှင့်အတူ အချို့သောနိုင်ငံများတွင် ကူးစက်မှုများ ပြန်လည်မြင့်တက်လာသည်များလည်း ရှိသည်။
တောင်ကိုရီးယားတွင် တစ်ကျော့ပြန် ဗိုင်းရပ်စ်ကူးစက်မှုသည် ဗုဒ္ဓဟူးနေ့တွင် အမြင့်ဆုံးသို့ ရောက်ရှိခဲ့သည်။ အိန္ဒိယနိုင်ငံတွင်လည်း တစ်ရက်တည်းနှင့် ကူးစက်မှု ၆၀၀၀ အထိ စစ်ဆေးတွေ့ရှိခဲ့ရကြောင်း အေပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ကမ္ဘာတစ်ဝန်းတွင် မေလ ၂၇ ရက်နေ့အထိ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု စုစုပေါင်း ၅၇ သိန်းဝန်းကျင်၊ သေဆုံးသူ ၃ သိန်းခွဲဝန်းကျင် ရှိနေပြီဖြစ်ကြောင်း Worldometers ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသော အချက်အလက်များအရ သိရသည်။