- စစ်ဘေးရှောင်သည့် တောင်ကုတ်မြို့ခံ ၄၀ ခန့်ကို စစ်ကောင်စီ ဖမ်းဆီးထား
- ကြက်ဥ ဈေးကောင်းရနေသော်လည်း ကြက်မွေးမြူရေးလုပ်ငန်း ရပ်တည်ရခက်ခဲလာ
- စစ်တွေမြို့တွင် 92 တစ်လီတာ ငွေကျပ်ငါးသောင်းထိ ဈေးမြင့်တက်နေ
- ရမ်းဗြဲရောက် စစ်ဘေးရှောင် တစ်သောင်းကျော် အရေးပေါ်အကူအညီ လိုအပ်နေ
- လက်နက်ကြီးကျ၍ ဂွဒေသခံအမျိုးသမီး တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ
ပါရီ ရာသီဥတုသဘောတူညီချက်မှ အမေရိကန် နုတ်ထွက်ရန်ပြင်ဆင်
သမ္မတထရမ့် အာဏာရလာသည့် ၂၀၁၇ ခုနှစ် ဇွန်လတည်းက နုတ်ထွက်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သော်လည်း သဘောတူညီချက်စာချုပ်အရ လက်မှတ်ရေးထိုးပြီး သုံးနှစ်အတွက် နုတ်ထွက်ခွင့်မရှိသဖြင့် ၂၀၁၉ ရောက်မှ နုတ်ထွက်ရန်ဆောင်ရွက်ချက်များ စတင်ရခြင်းဖြစ်သည်။
06 Nov 2019
ပါရီရာသီဥတုသဘောတူညီချက်မှ နုတ်ထွက်ရန် လိုအပ်သည့်လုပ်ဆောင်ချက်များ စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း တနင်္လာနေ့တွင် ထရမ့်အစိုးရက ပြောကြားလိုက်သည်။ ယခုလုပ်ဆောင်ချက်သည် ကမ္ဘာ့ရာသီဥတု ပြောင်းလဲလာမှုကို တိုက်ဖျက်ရန် ကမ္ဘာလုံးဆိုင်ရာ သဘောတူညီချက်မှ နုတ်ထွက်ရန်အတွက် အမေရိကန်၏ ပထမခြေလှမ်းဖြစ်သည်။
အမေရိကန်၏ ယခုကဲ့သို့ ဆောင်ရွက်ချက်အပေါ် တခြားနိုင်ငံများက စိတ်ပျက်မှုများ ဖော်ပြခဲ့ကြသည်။
ဒီမိုကရက်များနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး သမားများကလည်း ယခုဆုံးဖြတ်ချက်အား ရှုတ်ချခဲ့ကြသည်။ သမ္မတထရမ့်အား ဖြုတ်ချရန် ကြိုးပမ်းနေကြသည့် ပြိုင်ဘက် ဒီမိုကရက်တစ်ခေါင်းဆောင်များက မိမိတို့အနိုင်ရလျှင် ပါရီသဘောတူညီချက်ကို ပါဝင်ဆောင်ရွက်မည်ဟု ကတိပြုထားသည်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ပွမ်ပီယိုကမူ အဆိုပါသဘောတူညီချက်သည် အမေရိကန်နိုင်ငံသားများအား စီးပွားရေး ဝန်ထုတ်ဝန်ပိုးသာ ဖြစ်စေကြောင်း ပြောကြားသည်။
ပါရီသဘောတူညီချက်ကြောင့် အမေရိကန်သည် တရုတ်ကဲ့သို့ လေထုညစ်ညမ်းမှု ကြီးမားသည့် နိုင်ငံများထံတွင် အမြတ်ထုတ်ခံနေရကြောင်း သမ္မတထရမ့်က ပြောသည်။
သမ္မတထရမ့်အာဏာရလာသည့် ၂၀၁၇ ခုနှစ် ဇွန်လတည်းက နုတ်ထွက်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သော်လည်း သဘောတူညီချက်စာချုပ်အရ လက်မှတ်ရေးထိုးပြီး သုံးနှစ်အတွက် နုတ်ထွက်ခွင့်မရှိသဖြင့် ၂၀၁၉ ရောက်မှ နုတ်ထွက်ရန်ဆောင်ရွက်ချက်များ စတင်ရခြင်းဖြစ်သည်။ နုတ်ထွက်ရန် ကြေညာချိန်ကလည်း အမေရိကန်အတွက် အကျိုးမရှိသည့် မည်သည့်သဘောတူညီချက်မဆို မိမိအနေဖြင့် ပြန်လည်ညှိနိုင်းခြင်း နုတ်ထွက်ခြင်းများ လုပ်ဆောင်သွားမည်ဟု သမ္မတထရမ့်က ပြောကြားခဲ့သည်။
ပါရီသဘောတူညီချက်ကို ၂၀၁၆ ခုနှစ်က ပြင်သစ်နိုင်ငံတွင် နိုင်ငံပေါင်း ၂၀၀ နီးပါး လက်မှတ်ရေးထိုးခဲ့ကြသည်။ အဆိုပါ သဘောတူညီချက်အရ လက်မှတ်ရေးထိုးထားသော နိုင်ငံများသည် ဖန်လုံအိမ်ဓာတ်ငွေ့လျှော့ချရေးနှင့် ဘဏ္ဍာရေးထောက်ပံ့မှုများ အဓိက ဆောင်ရွက်ရမည်ဖြစ်သည်။