- စစ်ဘေးရှောင်သည့် တောင်ကုတ်မြို့ခံ ၄၀ ခန့်ကို စစ်ကောင်စီ ဖမ်းဆီးထား
- ကြက်ဥ ဈေးကောင်းရနေသော်လည်း ကြက်မွေးမြူရေးလုပ်ငန်း ရပ်တည်ရခက်ခဲလာ
- စစ်တွေမြို့တွင် 92 တစ်လီတာ ငွေကျပ်ငါးသောင်းထိ ဈေးမြင့်တက်နေ
- ရမ်းဗြဲရောက် စစ်ဘေးရှောင် တစ်သောင်းကျော် အရေးပေါ်အကူအညီ လိုအပ်နေ
- လက်နက်ကြီးကျ၍ ဂွဒေသခံအမျိုးသမီး တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ
Pornhub နှင့် စီးပွားရေးဆက်နွယ်မှုကို ဗီဇာနှင့် မာစတာကတ်တို့ စုံစမ်းစစ်ဆေး
အကြွေးဝယ်ကတ် ထိပ်သီးကုမ္ပဏီကြီးများဖြစ်ကြသည့် ဗီဇာနှင့် မာစတာကတ်တို့သည် လူကြီးကြည့် အင်တာနက်ဝက်ဘ်ဆိုက် Pornhub နှင့် ၎င်းတို့အကြား စီးပွားရေးဆိုင်ရာ ဆက်နွယ်မှုကို စုံစမ်းစစ်ဆေးနေပြီဖြစ်ကြောင်း တနင်္ဂနွေနေ့က ပြောကြားခဲ့သည်။
09 Dec 2020
အကြွေးဝယ်ကတ် ထိပ်သီးကုမ္ပဏီကြီးများဖြစ်ကြသည့် ဗီဇာနှင့် မာစတာကတ်တို့သည် လူကြီးကြည့် အင်တာနက်ဝက်ဘ်ဆိုက် Pornhub နှင့် ၎င်းတို့အကြား စီးပွားရေးဆိုင်ရာ ဆက်နွယ်မှုကို စုံစမ်းစစ်ဆေးနေပြီဖြစ်ကြောင်း တနင်္ဂနွေနေ့က ပြောကြားခဲ့သည်။
နာမည်ကျော် သတင်းစာ ပင်တိုင်ဆောင်းပါးရှင်က ထိုညစ်ညမ်းဝက်ဘ်ဆိုဒ်တွင် အဓမ္မပြုကျင့်မှုနှင့် အသက်မပြည့်ဘဲ လိင်ဆက်ဆံသည့် ဗီဒီယိုများပြသထားသည်ဟု စွပ်စွဲခဲ့ပြီးနောက်ပိုင်း ထိုသို့ကြေညာခဲ့ခြင်း ဖြစ်သည်။
နယူးယောက်တိုင်းမ်သတင်းစာ အတွေးအမြင်ကဏ္ဍ ပင်တိုင်ဆောင်းပါးရှင် နီကိုးလပ် ခရစ္စတော့ဖ် က Pornhub သည် အဓမ္မပြုကျင့်မှုမြင်ကွင်းများ၊ လိင်ပိုင်းဆိုင်ရာကြမ်းတမ်းသော ပြကွက်များ ပါဝင်သည့် ဗီဒီယိုများနှင့် အခြားသော ကာယကံရှင်သဘောဆန္ဒ မပါဘဲ အသေးစိတ်ရိုက်ကူးထားသည့် ဗီဒီယိုများစွာ လွှင့်တင်ထားကြောင်း သောကြာနေ့က ရေးသားခဲ့ခြင်းဖြစ်သည်။
Pornhub သည် ကလေးများကို လိင်ပိုင်းအနိုင်ကျင့်သည့်ပုံများကို ဝက်ဘ်ဆိုဒ်တွင် တင်ခွင့်ပြု သည်ဟူသောအချက်သည် “တာဝန်မဲ့ပြီး မမှန်ကန်သည်မှာ ပေါ်လွင်နေကြောင်း” ပြောကြားခဲ့ကြောင်း တနင်္ဂနွေနေ့က အေပီသတင်းဌာနသို့ ပေးပို့လာသည့် Pornhub ၏ ကြေညာချက်တွင် ဖော်ပြထားသည်။
၎င်းအနေဖြင့် ဝက်ဘ်ဆိုဒ်တွင် တင်သည့်ဗီဒီယိုတိုင်းကို စစ်ဆေးကြည့်ရှုဖို့ စောင့်ကြည့်သူများ သီးခြား ခန့်ထားကြောင်းနှင့် တရားမဝင်သည့်အရာများကိုလည်း ဖြုတ်ချကြောင်း ထပ်မံပြောကြားခဲ့သည်။
အွန်လိုင်းမှငွေပေးချေသည့် ဝန်ဆောင်မှုလုပ်ငန်းဖြစ်သည့် PayPal သည် လိင်ပိုင်းဆိုင်ရာ ညစ်ညမ်း ဗီဒီယိုများလွှင့်တင်ထုတ်လုပ်သည့် ကော်ပိုရေးရှင်းကြီးဖြစ်သည့် MindGeek မှ ပိုင်ဆိုင်သည့် Pornhub ကို သုံးစွဲခွင့်အတွက် ငွေပေးချေသည့်ဝန်ဆောင်မှုများကို ပြီးခဲ့သည့်နှစ်တွင် ရပ်ဆိုင်းခဲ့သည်။ ဆောင်းပါးရှင်သည် အဆိုပါအင်တာနက်စာမျက်နှာနှင့် လက်တွဲနေဆဲဖြစ်သည့် ဈေးဝယ်ကတ် ထုတ်သူများကိုလည်း သတင်းစာမှတစ်ဆင့် အများသိအောင် ထုတ်ဖော်ခဲ့သည်။
ဗီဇာနှင့်မာစတာကတ်တို့ကမူ ခရစ္စတော့ဖ်၏ ဆောင်းပါးနှင့်စပ်လျဉ်း၍ ယခုဖြစ်ရပ် မှန်ကန်ခြင်း ရှိ/မရှိ စုံစမ်းစစ်ဆေးနေကြောင်း တုန့်ပြန်ပြောကြားခဲ့သည်။
“စွပ်စွဲခံရမှုတွေကို ကျွန်တော်တို့ သတိပြုမိပါတယ်၊ ဒီအတွက်ကြောင့်လည်း ဝက်ဘ်ဆိုဒ်ရဲ့ မိခင် ကုမ္ပဏီဖြစ်တဲ့ MindGeek နဲ့ တိုက်ရိုက်ချိတ်ဆက် ညှိနှိုင်းနေတဲ့အပြင် စုံစမ်းစစ်ဆေးဖို့ကိုလည်း သက်ဆိုင်တဲ့ ဘဏ္ဍာရေးအဖွဲ့အစည်းတွေနဲ့ သေချာညှိနှိုင်းဆောင်ရွက်နေပါတယ်” ဟု ဗီဇာကုမ္ပဏီက တနင်္ဂနွေနေ့တွင် ဖြေရှင်းခဲ့သည်။
Pornhub သည် ဥပဒေ သို့မဟုတ် ဘဏ်မူဝါဒများကို ချိုးဖောက်ကြောင်း တွေ့ရှိရပါက ထိုက်ဝက်ဘ်ဆိုက်ပေါ်တွင် ဗီဇာကတ်ဖြင့် ငွေပေးချေမှုများကို တားမြစ်သွားမည်ဟု ဗီဇာကုမ္ပဏီက ဖြည့်စွက်ပြောကြားခဲ့သည်။